News

“ ကုလသမဂၢ အေထြေထြညီလာခံကို ကုလဆိုင္ရာျမန္မာသံအမတ္ ဦးေက်ာ္မိုးထြန္း မွ တရား၀င္ပို့လိုက္တဲ့စာတစ္ေစာင္ ”

“ ကုလသမဂၢ အေထြေထြညီလာခံကို ကုလဆိုင္ရာျမန္မာသံအမတ္ ဦးေက်ာ္မိုးထြန္း မွ တရား၀င္ပို့လိုက္တဲ့စာတစ္ေစာင္ ”

နယူးေယာက္ၿမိဳ့ အေျခစိုက္ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူဟာ ျမန္မာနိုင္ငံကို

တရား၀င္ ကိုယ္စားျပဳတဲ့ ကုလသမဂၢဆိုင္ရာ အျမဲတမ္းကိုယ္စားလွယ္ ျဖစ္ေၾကာင္း ကုလသမဂၢ

အေထြေထြညီလာခံ သဘာပတိ ေဗာ္လ္ကန္ ေဘာ့ဇ္ကဲ နဲ႔ အေမရိကန္ နိုင္ငံျခားေရး ၀န္ႀကီ

း အန္တိုနီ ဘလင္ကင္ တို့ထံ စာေရးသား ေပးပို့ခဲ့ပါတယ္။

အာဏာသိမ္း စစ္ေကာင္စီက ဦးေက်ာ္မိုးထြန္းကို နိုင္ငံေတာ္အေပၚ သစၥာေဖာက္ဖ်က္တယ္လို့ စြပ္စြဲၿပီး ရာထူးက

ထုတ္ပယ္ေၾကာင္း ေၾကညာခဲ့တဲ့ေနာက္၊ ဦးေက်ာ္မိုးထြန္းဘက္က အခုလို ထပ္ေလာင္း လုပ္ေဆာင္လာတာ

ျဖစ္ပါတယ္။သူ႔ကို ဒီရာထူးခန္႔အပ္ထားတဲ့ သမၼတႀကီး ဦး၀င္းျမင့္နဲ႔ နိုင္ငံျခားေရး ၀န္ႀကီး ေဒၚေအာင္ဆန္းစုၾကည္တို့ဟာ

တရား၀င္ ေရြးေကာက္ခံထားရတဲ့ တည္ဆဲ အစိုးရ အာဏာပိုင္ေတြ ျဖစ္တယ္လို့ ဦးေက်ာ္မိုးထြန္းက ဆိုပါတယ္။

ဒါ့ေၾကာင့္၊ တရားမ၀င္ အာဏာသိမ္းတဲ့ ရာဇ၀တ္မွုကို က်ဳးလြန္သူေတြက ဖ်က္လို့ တရား၀င္ သမၼတတစ္ေယာက္ရဲ့

အာဏာ ပ်က္ျပယ္မသြားဘူး ဆိုၿပီး သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက သူ႔စာထဲ ေရးသားထားပါတယ္။ၿပီးခဲ့တဲ့ေသာၾကာေန႔တုန္းက

ျမန္မာအေရးအတြက္ သီးသန္႔က်င္းပတဲ့ ကုလသမဂၢ အေထြေထြညီလာခံ အစည္းအ၀ေးမွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက

သူဟာ အာဏာသိမ္း စစ္ေကာင္စီကို ကိုယ္စားျပဳသူ မဟုတ္ဘူးဆိုၿပီး ေၾကညာခဲ့ပါတယ္။

ဒီေနာက္မွာေတာ့၊ အာဏာသိမ္း စစ္ေကာင္စီက နိုင္ငံတကာ သံ႐ုံးေတြမွာ ရွိတဲ့ ရာနဲ႔ခ်ီတဲ့ ျမန္မာ သံတမန္ေတြကို

ျမန္မာျပည္ထဲက ရာထူးေနရာေတြမွာ ေျပာင္းလဲ ခန္႔တာမ်ိဳးေတြ ျပဳလုပ္လာပါတယ္။ဦးေက်ာ္မိုးထြန္းရဲ့ေနရာ၊

နယူးေယာက္ အေျခစိုက္ ကုလသံအမတ္ ရာထူးကို ေနာက္တစ္ေယာက္ ေျပာင္းခန္႔ထားတယ္ဆိုတဲ့ အသိေပးစာမ်ိဳး

ရရွိ မထားဘူးလို့ ကုလသမဂၢရဲ့ ေျပာခြင့္ရ စတယ္ဖန္ ဒူဂ်ာရစ္က ေျပာပါတယ္။

အာဏာသိမ္း စစ္ေကာင္စီကို တရား၀င္ အစိုးရ တစ္ရပ္သဖြယ္ လက္သင့္ခံ မဆက္ဆံၾကဖို့၊ လႊတ္ေတာ္ကိုယ္စားျပဳ

ေကာ္မတီ CRPH အပါအ၀င္၊ ဒီမိုကရက္စီ အင္အားစုေတြက ကုလသမဂၢ အပါအ၀င္ နိုင္ငံတကာ

အစိုးရကို ပန္ၾကား ေနပါတယ္။ #ဘီဘီစီျမန္မာပိုင္း…ဒီသတင္းအပါအ၀င္ စစ္အာဏာသိမ္း ေနာက္ဆုံးရသတင္းေတြကို

ဘီဘီစီျမန္မာပိုင္း လိုက္ဖ္ စာမ်က္ႏွာမွာ တိုက္ရိုက္တင္ဆက္ေေပးေနပါတယ္။

unicode

“ ကုလသမဂ္ဂ အထွေထွေညီလာခံကို ကုလဆိုင်ရာမြန်မာသံအမတ် ဦးကျော်မိုးထွန်း မှ တရားဝင်ပို့လိုက်တဲ့စာတစ်စောင် ”

နယူးယောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို

တရားဝင် ကိုယ်စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ

အထွေထွေညီလာခံ သဘာပတိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီ

း အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာထူးက

ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့နောက်၊ ဦးကျော်မိုးထွန်းဘက်က အခုလို ထပ်လောင်း လုပ်ဆောင်လာတာ

ဖြစ်ပါတယ်။သူ့ကို ဒီရာထူးခန့်အပ်ထားတဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ

တရားဝင် ရွေးကောက်ခံထားရတဲ့ တည်ဆဲ အစိုးရ အာဏာပိုင်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

ဒါ့ကြောင့်၊ တရားမဝင် အာဏာသိမ်းတဲ့ ရာဇဝတ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရားဝင် သမ္မတတစ်ယောက်ရဲ့

အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသားထားပါတယ်။ပြီးခဲ့တဲ့သောကြာနေ့တုန်းက

မြန်မာအရေးအတွက် သီးသန့်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက

သူဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုသူ မဟုတ်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

ဒီနောက်မှာတော့၊ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာ သံရုံးတွေမှာ ရှိတဲ့ ရာနဲ့ချီတဲ့ မြန်မာ သံတမန်တွေကို

မြန်မာပြည်ထဲက ရာထူးနေရာတွေမှာ ပြောင်းလဲ ခန့်တာမျိုးတွေ ပြုလုပ်လာပါတယ်။ဦးကျော်မိုးထွန်းရဲ့နေရာ၊

နယူးယောက် အခြေစိုက် ကုလသံအမတ် ရာထူးကို နောက်တစ်ယောက် ပြောင်းခန့်ထားတယ်ဆိုတဲ့ အသိပေးစာမျိုး

ရရှိ မထားဘူးလို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရ တစ်ရပ်သဖွယ် လက်သင့်ခံ မဆက်ဆံကြဖို့၊ လွှတ်တော်ကိုယ်စားပြု

ကော်မတီ CRPH အပါအဝင်၊ ဒီမိုကရက်စီ အင်အားစုတွေက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ

အစိုးရကို ပန်ကြား နေပါတယ်။ #ဘီဘီစီမြန်မာပိုင်း…ဒီသတင်းအပါအဝင် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို

ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ေပေးနေပါတယ်။