News

“အာဆီယံအစည်းအဝေး မအောင်မြင်ပါ”

“အာဆီယံအစည်းအဝေး မအောင်မြင်ပါ”

ဒီကနေ့ အွန်လိုင်းဗီဒီယိုကွန်ဖရင့်ကနေကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထိပ်သီးဆွေးနွေးပွဲဟာ

မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်လိုပြန်တင်ရမလဲဆိုတာ နည်းလမ်းရှာမှု မအောင်မမြင်ဖြစ်ခဲ့ရတယ်လို့

ဒီဆွေးနွေးပွဲအကြောင်းသိတဲ့ သတင်းရပ်ကွက်တွေကဆိုတဲ့အကြောင်း ရိုက်တာက ရေးလိုက်ပါတယ်။

ဒီအာဆီယံအစည်းအဝေးကျင်းပတဲ့ပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆုဒီကတော့

အာဆီယံအနေနဲ့ တင်းမာမှုတွေလျော့ကျသွားအောင် ဖြေရှင်းခွင့်ပေးဖို့

အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်ကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

“မြန်မာအနေနဲ့ တံခါးကိုမဖွင့်ဆိုရင်တော့ အာဆီယံရဲ့စေတနာနဲ့လုံ့လစိုက်မှုက အချည်းနှီးဖြစ်သွားမှာပါ။

ဒါက နှစ်ဖက်သဘောမျှမှဖြစ်မှာပါ”လို့ မာဆူဒီက ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံ၊ ကွန်မြူနစ်နိုင်ငံ၊ အာဏာရှင်နိုင်ငံနဲ

့ ပဒေသရာဇ်နိုင်ငံတွေစုပေါင်းထားတဲ့ အာဆီယံဟာ ဒီကနေ့ဆွေးနွေးပွဲမှာ

ဘုံသဘောတူညီချက်မရခဲ့ဘူးလို့ အာဆီယံထိပ်တန်းသံတမန် ၂ဦးက ဆိုပါတယ်။

အာဆီယံဥက္ကဌ ဘရူနိုင်းနိုင်ငံက ကြေညာချက်မှာလည်း အာဆီယံအနေနဲ့ မြန်မာပြည်ကအခြေအနေတွေကို

စိုးရိမ်ပူပန်ကြောင်းနဲ့ နောက်ထပ်အကြမ်းဖက်မှုတွေမဖြစ်အောင် ဘက်အသီးသီးက ရှောင်ကြဉ်ကြပါဆိုပြီး

ယေဘုလျဆန်ဆန်သာဖော်ပြထားပါတယ်။ “အာဆီယံအနေနဲ့ မြန်မာပြည်ကို ငြိမ်းချမ်းစွာ၊

အပြုသဘောဆောင်တဲ့ အပြုအမူနဲ့ ကူညီပေးရန်ပြောကြားလိုသည်”ဆိုတာမျိုးပဲ ပါပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ရဲ့ ဒီအစည်းအဝေးမှာတင်ပြထားချက်မှာလည်း အာဆီယံအနေနဲ့

မြန်မာကိစ္စမှာ ဘုံရပ်တည်ချက်ကိုရှာမတွေ့ရင် အာဆီယံအသင်းကြီးအနေနဲ့ ညီညွတ်မှုမဲ့ပြီး

ယုံကြည်အားကိုးခံထားရမှုမဲ့သွားမယ်ဆိုတာကို သတိပေးထားပါတယ်။

အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်

နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ “မြန်မာပြည်မှာ ဒီမိုကရေစီကိုပြန်အသက်ဝင်ဖို့လမ်းကြောင်းပေါ်

ရောက်ကိုရောက်ရမယ်”လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကဆိုပါတယ်။

အာဆီယံဥက္ကဌရဲ့ကြေညာချက်မှာတော့ အာဆီယံ-အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ထပ်သီးအစည်းအဝေးကို

မကြာခင်ကျင်းပဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။ မလေးရှားဝန်ကြီး ဟူစိန်ကတော့ ပြီးခဲ့တဲ့

နိုဝင်ဘာရွေးကောက်ပွဲ မဲစာရင်းမှားတာတွေကို အာဆီယံကအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးစစ်ဆေးဖို့ အဆိုပြုခဲ့ပါသေးတယ်။

Source ကမာရွတ်မီဒီယာ

unicode