International News

“ေဒၚစုကိုလႊတ္ေပး၊ အာဏာသိမ္းျမန္မာစစ္တပ္မွ ျပည္သူေတြအေပၚျပဳမူေနတဲ့ လုပ္ရပ္ေတြကို လက္မခံနိုင္ဘူးလို့ စကၤာပူဝန္ႀကီးခ်ဳပ္ေျပာ”

“ေဒၚစုကိုလႊတ္ေပး၊ အာဏာသိမ္းျမန္မာစစ္တပ္မွ ျပည္သူေတြအေပၚျပဳမူေနတဲ့ လုပ္ရပ္ေတြကို လက္မခံနိုင္ဘူးလို့ စကၤာပူဝန္ႀကီးခ်ဳပ္ေျပာ”

အာဏာသိမ္းျမန္မာစစ္တပ္အေနနဲ႔ ဖမ္းဆ ီးထားတဲ့ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အစိုးရအဖြဲ႕ဝင္ေတြအားလုံးကို လႊတ္ေပးဖို့နဲ႔ လက္နက္မဲ့ျပည္သူေတြကို က်ည္အစစ ္ေတြနဲ႔ ပ စ ္သတ ္ ေနတာေတြ ခ်က္ခ်င္းရပ္ဖို့ စကၤာပူဝန္ႀကီးခ်ဳပ္က ေျပာလိုက္ပါတယ္။

ဘီဘီစီနဲ႔သီးသန႔္ျပဳလုပ္တဲ့ ဒီကေန႔အင္တာဗ်ဴးမွာ စကၤာပူဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက အာဏာသိမ္းတာဟာ ျပႆနာကို ေျဖရွင္းတာမဟုတ္ဘူးလို့ ေျပာလိုက္ၿပီး “(စစ္တပ္အေနနဲ႔) ေနာက္ျပန္ဆုတ္ရမယ္။ ေဒၚေအာင္ဆန္းစုၾကည္ကို လႊတ္ၿပီး ေစ့စပ္ညႇိႏွိုင္းရမယ္။ ျမန္မာျပည္အတြက္ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ေရွ႕ဆက္ရမယ္”လို့ ဆိုပါတယ္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ဒီမိုကေရစီေရးေတာင္းဆိုေနတဲ့ လက္နက္မဲ့ျပည္သူေတြကို က်ည္အစစ္ေတြနဲ႔ပစ. ္သတ. ္ေနတဲ့ စစ္တပ္ရဲ့လုပ္ရပ္ဟာ အလြန္အႏၲရာယ္မ်ားလြန္းတဲ့၊ လက္မခံနိုင္စရာလုပ္ရပ္လို့ ေျပာဆိုလိုက္ပါတယ္။“လက္နက္မဲ့ အရပ္သားဆႏၵျပတဲ့သူေတြကို က်ည္အစစ္သုံးၿပီးပစ. ္သတ. ္တာ ေတာ္ေတာ္ကို လက္မခံနိုင္စရာပဲ။ ဒါဟာ ျပည္တြင္းမွာတင္မက နိုင္ငံတကာကိုပါ အႏၲရာယ္ႀကီးျဖစ္ေစတယ္ဆိုတာ လူတိုင္းသိေနတာပဲ။

ခင္ဗ်ားအင္တာနက္ကို ပိတ္ခ်လိုက္ေပမယ့္ သတင္းေတြကရေနတာပဲ။ ျမန္မာျပည္သူေတြကလည္း သူတို့ဘက္မွာ ဘယ္သူေတြရွိတယ္ဆိုတာ သိတာပဲေလ။ ဒီအစိုးရဟာ သူတို့ဘက္မွာမရွိဘူးလို့ ဆုံးျဖတ္လိုက္ရင္ အဲဒီအစိုးရက တကယ့္ကိုျပႆနာႀကီးျဖစ္သြားၿပီလို့ က်ေနာ္ထင္တယ္”လို့ ဝန္ႀကီးခ်ဳပ္ လီရွန္လြန္းက ဆိုပါတယ္။ျမန္မာကိစၥနဲ႔ပတ္သက္လာရင္ လက္ေတြ႕က်တဲ့သေဘာထားရွိတဲ့အေၾကာင္းနဲ႔ ျမန္မာစစ္တပ္လုပ္ခဲ့တာကို သေဘာမတူတဲ့အေၾကာင္း ထုတ္ေျပာမယ္လို့ ဆိုပါတယ္။

“က်ေနာ္တို့မွာ ဒီကိစၥနဲ႔ပတ္သက္ရင္ လက္ေတြ႕က်ဖို့ျဖစ္ပါတယ္။ အျခားေသာနိုင္ငံေတြအမ်ားႀကီးမွာ တန္ဖိုးထားၾကတဲ့ လူသားဆန္မွုကို ဆန႔္က်င္တဲ့ ျဖစ္ခဲ့တဲ့ကိစၥကို သေဘာမတူဘူးဆိုတာ ထုတ္ေျပာရမယ္။ ဒါေပမယ့္ က်ေနာ္က ဒီလူေတြကိုဆန႔္က်င္တဲ့ကိုင္တြယ္မွုလုပ္မယ္ဆိုရင္ ဘယ္ကိုဦးတည္မလဲဆိုတာပါ ေျပာရမယ္”လို့ ဘီဘီစီနဲ႔ေတြ႕ဆုံခန္းမွာေျေျပာခဲ့ပါတယ္။

unicode

“ဒေါ်စုကိုလွှတ်ပေး၊ အာဏာသိမ်းမြန်မာစစ်တပ်မှ ပြည်သူတွေအပေါ်ပြုမူနေတဲ့ လုပ်ရပ်တွေကို လက်မခံနိုင်ဘူးလို့ စင်္ကာပူဝန်ကြီးချုပ်ပြော”

အာဏာသိမ်းမြန်မာစစ်တပ်အနေနဲ့ ဖမ်းဆ ီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေအားလုံးကို လွှတ်ပေးဖို့နဲ့ လက်နက်မဲ့ပြည်သူတွေကို ကျည်အစစ ်တွေနဲ့ ပ စ ်သတ ် နေတာတွေ ချက်ချင်းရပ်ဖို့ စင်္ကာပူဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ဘီဘီစီနဲ့သီးသန့်ပြုလုပ်တဲ့ ဒီကနေ့အင်တာဗျူးမှာ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက အာဏာသိမ်းတာဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘူးလို့ ပြောလိုက်ပြီး “(စစ်တပ်အနေနဲ့) နောက်ပြန်ဆုတ်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး စေ့စပ်ညှိနှိုင်းရမယ်။ မြန်မာပြည်အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ရှေ့ဆက်ရမယ်”လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီရေးတောင်းဆိုနေတဲ့ လက်နက်မဲ့ပြည်သူတွေကို ကျည်အစစ်တွေနဲ့ပစ. ်သတ. ်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်ဟာ အလွန်အန္တရာယ်များလွန်းတဲ့၊ လက်မခံနိုင်စရာလုပ်ရပ်လို့ ပြောဆိုလိုက်ပါတယ်။“လက်နက်မဲ့ အရပ်သားဆန္ဒပြတဲ့သူတွေကို ကျည်အစစ်သုံးပြီးပစ. ်သတ. ်တာ တော်တော်ကို လက်မခံနိုင်စရာပဲ။ ဒါဟာ ပြည်တွင်းမှာတင်မက နိုင်ငံတကာကိုပါ အန္တရာယ်ကြီးဖြစ်စေတယ်ဆိုတာ လူတိုင်းသိနေတာပဲ။

ခင်ဗျားအင်တာနက်ကို ပိတ်ချလိုက်ပေမယ့် သတင်းတွေကရနေတာပဲ။ မြန်မာပြည်သူတွေကလည်း သူတို့ဘက်မှာ ဘယ်သူတွေရှိတယ်ဆိုတာ သိတာပဲလေ။ ဒီအစိုးရဟာ သူတို့ဘက်မှာမရှိဘူးလို့ ဆုံးဖြတ်လိုက်ရင် အဲဒီအစိုးရက တကယ့်ကိုပြဿနာကြီးဖြစ်သွားပြီလို့ ကျနော်ထင်တယ်”လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ဆိုပါတယ်။မြန်မာကိစ္စနဲ့ပတ်သက်လာရင် လက်တွေ့ကျတဲ့သဘောထားရှိတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်လုပ်ခဲ့တာကို သဘောမတူတဲ့အကြောင်း ထုတ်ပြောမယ်လို့ ဆိုပါတယ်။

“ကျနော်တို့မှာ ဒီကိစ္စနဲ့ပတ်သက်ရင် လက်တွေ့ကျဖို့ဖြစ်ပါတယ်။ အခြားသောနိုင်ငံတွေအများကြီးမှာ တန်ဖိုးထားကြတဲ့ လူသားဆန်မှုကို ဆန့်ကျင်တဲ့ ဖြစ်ခဲ့တဲ့ကိစ္စကို သဘောမတူဘူးဆိုတာ ထုတ်ပြောရမယ်။ ဒါပေမယ့် ကျနော်က ဒီလူတွေကိုဆန့်ကျင်တဲ့ကိုင်တွယ်မှုလုပ်မယ်ဆိုရင် ဘယ်ကိုဦးတည်မလဲဆိုတာပါ ပြောရမယ်”လို့ ဘီဘီစီနဲ့တွေ့ဆုံခန်းမှာေြပြောခဲ့ပါတယ်