News

“ ရဲတပ္ဖြဲ႕မွူးအပါအဝင္အမွတ္ ၁၈ လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲက ရဲအရာရွိအခ်ိဳ့ CDMတြင္ပါဝင္လာ ”

“ ရဲတပ္ဖြဲ႕မွူးအပါအဝင္အမွတ္ ၁၈ လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲက ရဲအရာရွိအခ်ိဳ့ CDMတြင္ပါဝင္လာ ”

တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူးအပါအဝင္အမွတ္ ၁၈ လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲ

(ေနျပည္ေတာ္)က ရဲအရာရွိအခ်ိဳ့ CDMတြင္ပါဝင္လာၿပီဟုသိရသည္။

တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူး CDMတြင္ပါဝင္လာျခင္းႏွင့္ပတ္သက္ၿပီး ဦးတင္ရွိန္(အမွတ္(၁)

တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္၊တိုက္ႀကီးၿမိဳ့နယ္)က

“တိုက္ႀကီးၿမိဳ့နယ္ ရဲတပ္ဖြဲ႕မွူးဝင္းကို​သည္ ေနျပည္ေတာ္သို့ေျပာင္းေရြ႕ခံရၿပီး

အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္တြင္ တာဝန္မထမ္းေဆာင္လိုပါသျဖင့္ ၂၀၂၁ခုႏွစ္ ေဖေဖာ္ဝါရီ

၂၂ရက္ေန႔တြင္CDM တြင္ ပါဝင္ေၾကာင္းႏွင့္ျပည္သူ႔အစိုးရ လက္ထက္တြင္

တာဝန္ထမ္းေဆာင္မည္ျဖစ္ေၾကာင္း သတင္းပို့ပါသည္”ဟုေျပာသည္။

အလားတူ အမွတ္ ၁၈ လုံျခဳံေရးရဲတပ္ဖြဲ႕ခြဲ (ေနျပည္ေတာ္)ကဒုရဲအုပ္ တစ္ဦးႏွင့္ ရဲတပ္သား

သုံးဦးတို့သည္ CDMကို ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔ကစၿပီး ျပဳလုပ္လိုက္ၿပီဟု သိရသည္။

နိုင္ငံဝန္ထမ္းမ်ား CDMျပဳလုပ္မွုသည္ ယခုတြင္ ပိုအရွိန္ျမင့္လာကာ

ရဲတပ္ဖြဲ႕၊ဥပေဒေရးရာနင့္တရားေရးမွ အရာရွိရာထူးႀကီးပိုင္းမ်ားပါပါဝင္လာသည္။

unicode

“ ရဲတပ်ဖွဲ့မှူးအပါအဝင်အမှတ် ၁၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ရဲအရာရှိအချို့ CDMတွင်ပါဝင်လာ ”

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင်အမှတ် ၁၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ

(နေပြည်တော်)က ရဲအရာရှိအချို့ CDMတွင်ပါဝင်လာပြီဟုသိရသည်။

တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး CDMတွင်ပါဝင်လာခြင်းနှင့်ပတ်သက်ပြီး ဦးတင်ရှိန်(အမှတ်(၁)

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊တိုက်ကြီးမြို့နယ်)က

“တိုက်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးဝင်းကိုသည် နေပြည်တော်သို့ပြောင်းရွေ့ခံရပြီး

အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လိုပါသဖြင့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ

၂၂ရက်နေ့တွင်CDM တွင် ပါဝင်ကြောင်းနှင့်ပြည်သူ့အစိုးရ လက်ထက်တွင်

တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သတင်းပို့ပါသည်”ဟုပြောသည်။

အလားတူ အမှတ် ၁၈ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (နေပြည်တော်)ကဒုရဲအုပ် တစ်ဦးနှင့် ရဲတပ်သား

သုံးဦးတို့သည် CDMကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစပြီး ပြုလုပ်လိုက်ပြီဟု သိရသည်။

နိုင်ငံဝန်ထမ်းများ CDMပြုလုပ်မှုသည် ယခုတွင် ပိုအရှိန်မြင့်လာကာ

ရဲတပ်ဖွဲ့၊ဥပဒေရေးရာနင့်တရားရေးမှ အရာရှိရာထူးကြီးပိုင်းများပါပါဝင်လာသည်။