News

“ ဖုန္းထဲမွာ ဆႏၵျပပြဲမွတ္တမ္းေတြ သိမ္းထားသူတခ်ိဳ့ ဖမ္းဆီးခံရ ”

“ ဖုန္းထဲမွာ ဆႏၵျပပြဲမွတ္တမ္းေတြ သိမ္းထားသူတခ်ိဳ့ ဖမ္းဆီးခံရ ”

မတ္လ ၂ ရက္ေန႔ ဒီကေန႔ ေန႔လည္ပိုင္းက စစ္တပ္နဲ႔ ရဲတပ္ အင္အား ၅၀ ေလာက္ဟာ

စားေသာက္ဆိုင္ေတြ လက္ဘက္ရည္ဆိုင္ေတြထဲထိ ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။

အဲ့ဒီလိုရွာေဖြခ်ိန္မွာ လက္ကိုင္ဖုန္းေတြစစ္ေဆးၿပီး ေႏြဦးေတာ္လွန္ေရး႐ုပ္ပုံေတြနဲ႔ ဆႏၵျပပြဲအေၾကာင္း

လူမွုကြန္ရက္စာမ်က္ႏွာ Facebook မွာတင္ထားသူေတြကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို့ ေဒသခံေတြကေျပာပါတယ္။

က်ိဳကၡမီၿမိဳ့ေဒသခံ သုံးဦးျဖစ္တဲ့ ခန႔္ဝင္းေအာင္၊ ထိန္လင္းသာနဲ႔ ဦးေအာင္ေအးတို့ ဖမ္းဆီးခံထားရၿပီး

သူတို့ကိုအခ်ဳပ္ကားနဲ႔ သံျဖဴဇရပ္ၿမိဳ့သို့ ေခၚေဆာင္သြားတယ္လို့ ၿမိဳ့ခံတစ္ဦးက ေျပာပါတယ္။

ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔က ေႏြဦးေတာ္လွန္ေရး ျပည္လုံးကၽြတ္သပိတ္အတြင္း ..

တျခားေဒသေတြနည္းတူ က်ိဳကၡမီၿမိဳ့မွာလည္း လူအေျမာက္အျမား ဆႏၵျပခဲ့ၾကပါတယ္။

ျပည္လုံးကၽြတ္သပိတ္အၿပီး ေနာက္တရက္ကစလို့ ၿမိဳ့တြင္းမွာ စစ္တပ္နဲ႔ ရဲေတြ အင္အားတိုးခ်ထားၿပီး

ၿမိဳ့အဝင္အထြက္ဂိတ္ေတြပိတ္ၿပီး ေဒသခံျပည္သူေတြကို စစ္ေဆးေမးျမန္းေနပါတယ္။

RFA #Photo – Generation Z Kyaikkhami

unicode

“ ဖုန်းထဲမှာ ဆန္ဒပြပွဲမှတ်တမ်းတွေ သိမ်းထားသူတချို့ ဖမ်းဆီးခံရ ”

မတ်လ ၂ ရက်နေ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်တပ်နဲ့ ရဲတပ် အင်အား ၅၀ လောက်ဟာ

စားသောက်ဆိုင်တွေ လက်ဘက်ရည်ဆိုင်တွေထဲထိ ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲ့ဒီလိုရှာဖွေချိန်မှာ လက်ကိုင်ဖုန်းတွေစစ်ဆေးပြီး နွေဦးတော်လှန်ရေးရုပ်ပုံတွေနဲ့ ဆန္ဒပြပွဲအကြောင်း

လူမှုကွန်ရက်စာမျက်နှာ Facebook မှာတင်ထားသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျိုက္ခမီမြို့ဒေသခံ သုံးဦးဖြစ်တဲ့ ခန့်ဝင်းအောင်၊ ထိန်လင်းသာနဲ့ ဦးအောင်အေးတို့ ဖမ်းဆီးခံထားရပြီး

သူတို့ကိုအချုပ်ကားနဲ့ သံဖြူဇရပ်မြို့သို့ ခေါ်ဆောင်သွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နွေဦးတော်လှန်ရေး ပြည်လုံးကျွတ်သပိတ်အတွင်း ..

တခြားဒေသတွေနည်းတူ ကျိုက္ခမီမြို့မှာလည်း လူအမြောက်အမြား ဆန္ဒပြခဲ့ကြပါတယ်။

ပြည်လုံးကျွတ်သပိတ်အပြီး နောက်တရက်ကစလို့ မြို့တွင်းမှာ စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချထားပြီး

မြို့အဝင်အထွက်ဂိတ်တွေပိတ်ပြီး ဒေသခံပြည်သူတွေကို စစ်ဆေးမေးမြန်းနေပါတယ်။

RFA #Photo – Generation Z Kyaikkhami