အာဆီယံ နိုင္ငံျခားေရး ၀န္ႀကီးေတြရဲ့ ျမန္မာအေရး အထူးအစည္းအ၀ေး ဒီေန႔က်င္းပဖို့ရွိ
ျမန္မာအေရးနဲ႔ ပတ္သက္ၿပီး အာဆီယံ နိုင္ငံျခားေရး ၀န္ႀကီးေတြရဲ့ အထူး အစည္းအ၀ေး တစ္ရပ္ကို
အြန္လိုင္း ဗီဒီယို ကေနတဆင့္ ဒီေန႔ ေဆြးေႏြးဖို့ ရွိတယ္လို့ စကၤာပူ နိုင္ငံျခားေရး
၀န္ႀကီး ဗစ္ဗီယန္ ဘာလာခရစ္ရွ္နန္က စကၤာပူ ပါလီမန္ထဲ ေျပာခဲ့ပါတယ္။
ဒီ အထူး အစည္းအ၀ေးမွာ စစ္ေကာင္စီရဲ့ ကိုယ္စားလွယ္လည္း ပါ၀င္မွာ ျဖစ္တယ္လို့ နားလည္ရပါတယ္
။၀န္ႀကီး ဘာလာခရစ္ရွ္နန္ စကၤာပူ ပါလီမန္ထဲ ေျပာခဲ့တဲ့ စကားအရ အခု အစည္းအ၀ေးမွာ ျမန္မာ
စစ္အာဏာပိုင္ေတြရဲ့ ကိုယ္စားလွယ္ ဘာေတြ ေျပာမလဲ ဆိုတာကို နားေထာင္ၾကမယ္လို့ ဆိုပါတယ္။
သူေျပာတဲ့ ျမန္မာ စစ္အာဏာပိုင္ေတြရဲ့ ကိုယ္စားလွယ္ဆိုတာ စစ္ေကာင္စီက နိုင္ငံျခားေရး ၀န္ႀကီးဆိုၿပီး
ခန္႔ထားတဲ့ ဦး၀ဏၰေမာင္လြင္ ျဖစ္နိုင္ပါတယ္။ဦး၀ဏၰေမာင္လြင္ဟာ ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းကလည္း
ထိုင္းနိုင္ငံမွာ ထိုင္းနဲ႔ အင္ဒို နိုင္ငံျခားေရး ၀န္ႀကီးေတြနဲ႔ အလြတ္သေဘာ ေတြ႕ဆုံ ခဲ့ပါတယ္။
ျမန္မာနိုင္ငံမွာ ေရရွည္တည္တံ့မယ့္ နိုင္ငံေရး ေျပလည္မွု ရနိုင္ဖို့ သက္ဆိုင္တဲ့ အဖြဲ႕အားလုံး ေတြ႕ဆုံ ေဆြးေႏြး
အေျဖရွာၾကပါ ဆိုၿပီး၊ စကၤာပူ နိုင္ငံျခားေရး ၀န္ႀကီး မစၥတာ ဘာလာခရစ္ရွ္နန္ က တိုက္တြန္းပါတယ္။ဒီလို
ညႇိႏွိုင္းေဆြးေႏြးတာေတြ စတင္လုပ္လာနိုင္ဖို့ သမၼတႀကီး ဦး၀င္းျမင့္နဲ႔ နိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္လည္းျဖစ္၊
ျမန္မာ နိုင္ငံျခားေရး၀န္ႀကီးလည္း ျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္တို့ကို ခ်က္ျခင္းလႊတ္ေပးမွပဲ ျဖစ္မယ္လို့လည္း
၀န္ႀကီး ဘာလာခရစ္ရွ္နန္ က ျမန္မာစစ္ေကာင္စီကို ေတာင္းဆိုထားပါတယ္။
၂၀၂၀ ေရြးေကာက္ပြဲ အနိုင္ရ NLD ပါတီနဲ႔ စစ္ေကာင္စီၾကား လက္ရွိ နိုင္ငံေရး အက်ပ္အတည္းကေန
ဘယ္လို ေက်ာ္လႊားၾကမလဲ ဆိုတာ အေျဖရွာနိုင္မယ့္ ေနရာကို အဖြဲ႕ အတြင္း ဖန္တီးေပးနိုင္တာမ်ိဳးလို
အာဆီယံဟာ အေရးပါတဲ့ အခန္းက႑မွာ ရွိေနတယ္ ဆိုတဲ့ အျမင္မ်ိဳးေတြ ေတြ႕ေနရပါတယ္။
တစ္ဘက္မွာလည္း၊ “အာဆီယံမိသားစု” ဆိုတဲ့ ေခါင္းစဥ္ေအာက္မွာ နိုင္ငံေရး ဆိုင္ရာ အခြင့္အေရးေတြဘက္ကို
အေလးေပးတာထက္စာရင္၊ တည္ၿငိမ္ေရး၊ တိုးတက္ဖြံ့ၿဖိဳးေရး ဆိုတာေတြအေပၚမွာ အာဆီယံအဖြဲ႕က
ပိုၿပီး အာ႐ုံစိုက္တတ္တဲ့ အစဥ္အလာရွိတယ္ ဆိုတဲ့ သုံးသပ္ခ်က္ေတြလည္း ရွိေနပါတယ္။
#ဘီဘီစီျမန္မာပိုင္း
unicode
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ မြန်မာအရေး အထူးအစည်းအဝေး ဒီနေ့ကျင်းပဖို့ရှိ
မြန်မာအရေးနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အထူး အစည်းအဝေး တစ်ရပ်ကို
အွန်လိုင်း ဗီဒီယို ကနေတဆင့် ဒီနေ့ ဆွေးနွေးဖို့ ရှိတယ်လို့ စင်္ကာပူ နိုင်ငံခြားရေး
ဝန်ကြီး ဗစ်ဗီယန် ဘာလာခရစ်ရှ်နန်က စင်္ကာပူ ပါလီမန်ထဲ ပြောခဲ့ပါတယ်။
ဒီ အထူး အစည်းအဝေးမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်လည်း ပါဝင်မှာ ဖြစ်တယ်လို့ နားလည်ရပါတယ်
။ဝန်ကြီး ဘာလာခရစ်ရှ်နန် စင်္ကာပူ ပါလီမန်ထဲ ပြောခဲ့တဲ့ စကားအရ အခု အစည်းအဝေးမှာ မြန်မာ
စစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ် ဘာတွေ ပြောမလဲ ဆိုတာကို နားထောင်ကြမယ်လို့ ဆိုပါတယ်။
သူပြောတဲ့ မြန်မာ စစ်အာဏာပိုင်တွေရဲ့ ကိုယ်စားလှယ်ဆိုတာ စစ်ကောင်စီက နိုင်ငံခြားရေး ဝန်ကြီးဆိုပြီး
ခန့်ထားတဲ့ ဦးဝဏ္ဏမောင်လွင် ဖြစ်နိုင်ပါတယ်။ဦးဝဏ္ဏမောင်လွင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း
ထိုင်းနိုင်ငံမှာ ထိုင်းနဲ့ အင်ဒို နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံ ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့် နိုင်ငံရေး ပြေလည်မှု ရနိုင်ဖို့ သက်ဆိုင်တဲ့ အဖွဲ့အားလုံး တွေ့ဆုံ ဆွေးနွေး
အဖြေရှာကြပါ ဆိုပြီး၊ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဘာလာခရစ်ရှ်နန် က တိုက်တွန်းပါတယ်။ဒီလို
ညှိနှိုင်းဆွေးနွေးတာတွေ စတင်လုပ်လာနိုင်ဖို့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊
မြန်မာ နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ခြင်းလွှတ်ပေးမှပဲ ဖြစ်မယ်လို့လည်း
ဝန်ကြီး ဘာလာခရစ်ရှ်နန် က မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီနဲ့ စစ်ကောင်စီကြား လက်ရှိ နိုင်ငံရေး အကျပ်အတည်းကနေ
ဘယ်လို ကျော်လွှားကြမလဲ ဆိုတာ အဖြေရှာနိုင်မယ့် နေရာကို အဖွဲ့ အတွင်း ဖန်တီးပေးနိုင်တာမျိုးလို
အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ် ဆိုတဲ့ အမြင်မျိုးတွေ တွေ့နေရပါတယ်။
တစ်ဘက်မှာလည်း၊ “အာဆီယံမိသားစု” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နိုင်ငံရေး ဆိုင်ရာ အခွင့်အရေးတွေဘက်ကို
အလေးပေးတာထက်စာရင်၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေး ဆိုတာတွေအပေါ်မှာ အာဆီယံအဖွဲ့က
ပိုပြီး အာရုံစိုက်တတ်တဲ့ အစဉ်အလာရှိတယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။
#ဘီဘီစီမြန်မာပိုင်း