News
unicode
“ မခံစားနိုင်ဘူး သားရယ် … မေမေ မဖြေနိုင်သေးဘူး သား ဆိုတဲ့
ကိုညီညီအောင်ထက်နိုင်အကြောင်း ပြောပြလာတဲ့ မိခင် ”
မခ ံစားနိုင်ဘူးသားရယ် မေမေမဖြေနိုင်သေးဘူးသား။ခေါင်းအုံးအောက်မှာသားပိုက်ဆံထားခဲ့တယ်လေငါးထောင်တန်တွေ
မေမေသုံးဖို့ဆို ၂၆ရက်နေ့က မေမေအခုမှတွေ့တယ်သားရဲ့ မေမေသွားမကြည့်နိုင်ဘူး
သားထားခဲ့တဲ့ပိုက်ဆံ။ဖုန်းကိုလည်းမေမေမကြည့်နိုင်ဘူး သားပုံတွေချည်းပဲတက်တက်နေလို့
မေမေဘယ်လောက်ချစ်တယ်သိလားသား။အခုမှချစ်ပြနေတာမဟုတ်ဘူး မွေးကတည်းကမေမေကချစ်တာလေသားတို့ကို
မေမေကသားကိုလည်းချစ်တယ် သားကြီးကိုလည်းမေမေအရမ်းချစ်တာ မေမေအမြဲဂုဏ်ယူတယ်လေ
မေမေ့သားလေးတွေပညာတော်တဲ့အကြောင်း စာတော်တဲ့အကြောင်းကြွားရတာအမော
သားက စာလုပ်ဖြစ်မှာမဟုတ်ဘူး ကိုကို့ကိုပဲကျောင်းထားလိုက်ပါဆိုပီးအရမ်းသိတတ်တဲ့သားလေး အမယ်လေး
စာတော်တဲ့ကလေးပညာတတ်တဲ့ကလေးမှရွေးပစ်တာလားဒီအမြွှာလေးပဲရှိတာလေမေမေ့မှာ အခုတော့ဘက်ပဲ့သွားပြီပေါ့။
ဒီပြင့်ကလေးတွေကိုလည်းမပစ. ်စေချင်ပါဘူး။ဒီမှာကြည့်ပါဦး သားလေး။ကိုညီညီအောင်ထက်နိုင်ရေ
မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ငါတို့တွေ တခွန်းတည်းပြိုင်တူအော်မယ်။“ကမ္ဘာမကြေဘူး”