News

မြန်မာပြည်သူလူထု၏ ဆန္ဒကို ထောက်ခံရာတွင် တစ်သံတည်းရှိကြရန် ကမ္ဘာသို့ အမေရိကန်တိုက်တွန်း

မြန်မာပြည်သူလူထု အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စက်ဆုပ်ဖွယ် အကြမ်းဖက်မှုကို မိမိတို့ ရှုတ်ချကြောင်းနှင့်

တာဝန် ရှိသူများ တာဝန်ခံယူမှုရှိစေရး ဆက်လက်တွန်းအားပေး ဆောင် ရွက်မည်ဟု

အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန် က မတ်လ ၁ ရက်တွင် တွစ်တာ ၌ ဖော်ပြသည်။

ထို့အပြင် ရဲစွမ်းသတ္တိရှိသော မြန်မာပြည်သူလူထုဘက်မှ မိမိ တို့အခိုင်အမာရပ်တည်ကြောင်း နှင့် ၎င်းတို့၏

ဆန္ဒကို ထောက်ခံ ရာ၌ အာဘော်တစ်သံတည်းထွက် ကြရန် ကမ္ဘာသို့ ဘလင်ကန်က တိုက်တွန်းခဲ့သည်

ထိုအတောအတွင်း မြန်မာ့ လူ့အခွင့်အရေးအခြေအနေနှင့် စပ်လျဉ်း၍

ကုလသမဂ္ဂအထူး ကိုယ်စားလှယ် တွမ်အန်ဒရူးက ထုတ်ပြန်ချက်ထုတ်ခဲ့သည်။

မြန်မာတပ်မတော်၏ ရက် စက်မှုများကို ကမ္ဘာကြီးအနေဖြင့် အရေးယူဆောင်ရွက်ရမည်ဟု အန်ဒရူးက ပြောပြီး

ကုလသမဂ္ဂ အဖွဲ့ဝင်များအတွက် ရွေးချယ်ခွင့် များ ချပြခဲ့သည်။လက်နက်ရောင်းချမှု တား မြစ်ခြင်း၊

အာဏာသိမ်းခေါင်း ဆောင်များနှင့် ၎င်းတို့၏ အပေါင်း ပါများ ပိုင်ဆိုင် (သို့မဟုတ်) ထိန်း ချုပ်ထားသော

စီးပွားရေးလုပ်ငန်း များအပါအဝင် အခြားအကျိုး စီးပွားများအပေါ် ပိတ်ဆို့မှုများ ချမှတ်ခြင်း၊

ကုလသမဂ္ဂပဋိညာဉ် အရ Chapter VII ကျင့်သုံးရေး စဉ်းစားခြင်း၊ အခြေအနေကို အ ရေးတကြီးအကဲဖြတ်သုံးသပ်ရန်

ကုလလုံခြုံရေးကောင်စီအစည်း အဝေးခေါ်ယူခြင်း အစရှိသည့် အ ချက်များဖြင့် တုံ့ပြန်နိုင်ကြောင်း အန်ဒရူးက

တင်ပြခဲ့သည်။ထုတ်ပြန်ချက်များဖြင့် ရှုတ် ချခြင်းကို ကြိုဆိုသော်လည်း မလုံ လောက်ကြောင်းနှင့်

တစ်ကမ္ဘာ လုံး အရေးယူဆောင်ရွက်ရမည် ဟု အန်ဒရူးက ပြောကြားခဲ့သည်။

7Day

unicode