News

“အာဏာသိမ္းစစ္တပ္ တရားမဝင္တာေၾကာင့္ ကုလသံအမတ္အစားထိုးခြင့္မရွိ”

“အာဏာသိမ္းစစ္တပ္ တရားမဝင္တာေၾကာင့္ ကုလသံအမတ္အစားထိုးခြင့္မရွိ”

ကုလသမဂၢဆိုင္ရာ အျမဲတမ္းကိုယ္စားလွယ္ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို တရားမဝင္တဲ့အာဏာသိမ္

စစ္ေကာင္စီက ရာထူးကဖယ္ရွားနိုင္ခြင့္ရွိ၊ မရွိဆိုတာ ကုလသမဂၢအဖြဲ႕ခ်ဳပ္ႀကီးကပဲ ဆုံးျဖတ္ရမွာလို့

နိုင္ငံတကာသံအမတ္ႀကီးေတြက ေျပာဆိုေနခ်ိန္မွာပဲ ဦးေက်ာ္မိုးထြန္းက “သူ႔အေနနဲ႔ တတ္နိုင္သေလာက္အခ်ိန္ၾကၾကာ

တိုက္ပြဲဝင္သြားဖို့ ဆုံးျဖတ္ထားတယ္”လို့ ရိုက္တာသတင္းဌာနကို ေျပာလိုက္ပါတယ္။

နိုင္ငံေတာ္အာဏာကို ဥပေဒမဲ့လုယူသိမ္းပိုက္ထားတဲ့ ျမန္မာစစ္တပ္ရဲ့စစ္ေကာင္စီကို ကုလသမဂၢက

တရားဝင္အသိအမွတ္ျပဳထားတာမရွိတာမို့ အာဏာသိမ္းစစ္တပ္ရဲ့ ဦးေက်ာ္မိုးထြန္းကို ဥပေဒမဲ့ဖယ္ရွားတဲ့

အေၾကာင္းၾကားလည္း လက္ခံရရွိထားတာ မရွိဘူးလို့ ကုလသမဂၢအရာရွိတစ္ဦးကဆိုတာေၾကာင့္

ဦးေက်ာ္မိုးထြန္းဟာ တရားဝင္ သံအမတ္ႀကီးျဖစ္တယ္လို့ ေျပာပါတယ္။

“နယူးေယာက္က ကုလသမဂၢဆိုင္ရာ ျမန္မာနိုင္ငံကိုယ္စားလွယ္ ေျပာင္းလဲတဲ့ကိစၥနဲ႔ပတ္သက္တဲ့

ဘယ္လိုဆက္သြယ္အေၾကာင္းၾကား တင္ျပတာမ်ိဳးကို က်ေနာ္တို့ လက္ခံရရွိထားတာ

မရွိပါဘူး”လို့ ကုလသမဂၢ ေျပာခြင့္ရသူ စတီဖနီ ဒူဂ်ာရစ္က ဆိုပါတယ္။

အေထြေထြအတြင္းေရးမွူးခ်ဳပ္ရဲ့ အထူးသံတမန္ ခရစၥတင္း ဘာဂနာကလည္း နိုင္ငံ ၁၉၃နိုင္ငံပါဝင္တဲ့

အေထြေထြညီလာခံမွာ အာဏာသိမ္းစစ္ေကာင္စီကို ဘယ္နိုင္ငံကမွ အသိအမွတ္ျပဳတာ၊

တရားဝင္ခြင့္ေပးတာ မလုပ္ဖို့ တင္ျပထားပါတယ္။

အာဏာသိမ္းထားတဲ့ တရားမဝင္စစ္ေကာင္စီက ျမန္မာသံအမတ္ႀကီးအသစ္ေနာက္တစ္ေယာက္ကို

ခန႔္အပ္ဖို့ႀကိဳးစားမယ္ဆိုရင္လည္း ကုလသမဂၢအဖြဲ႕ႀကီးအေနနဲ႔ အေထြေထြညီလာခံမွာ

မဲခြဲဆုံးျဖတ္ရမယ့္သေဘာရွိတာမို့ ဒီလိုမ်ိဳးကိစၥေတြကို ၂၀၁၁ခုႏွစ္တုန္းက

လစ္ဗ်ားရဲ့ၾကားျဖတ္အစိုးရသံအမတ္ႀကီးကို လက္ခံလက္မခံ ဆုံးျဖတ္ခဲ့ဖူးပါတယ္။

ျမန္မာစစ္တပ္ရဲ့ ဥပေဒခ်ိဳးေဖာက္ၿပီး အာဏာသိမ္းပိုက္မွုဟာ ဖြဲ႕စည္းပုံနဲ႔မညီတာမို့ ျမန္မာျပည္သူေတြ

တရားဝင္ေရြးေကာက္တင္ေျမႇာက္ထားတဲ့ သမၼတဦးဝင္းျမင့္ရဲ့အစိုးရကိုသာ နိုင္ငံတကာအသိုင္းအဝိုင္းက

တရားဝင္အသိအမွတ္ျပဳရမယ္လို့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက ေသာၾကာေန႔တုန္းက ေတာင္းဆိုတင္ျပခဲ့ပါတယ္။

ကုလသမဂၢ အေထြေထြအတြင္းေရးမွူးခ်ဳပ္ အန္တိုနီယို ဂူတာရပ္စ္ကလည္း ျမန္မာစစ္တပ္ရဲ့အာဏာသိမ္းမွု

မေအာင္ျမင္ေစေရး ရွိသမၽွနည္းလမ္းေပါင္းစုံထုတ္သုံးသြားမယ္လို့ ၾကဳံးဝါးထားတာျဖစ္ပါတယ္။

Kamayut Media

unicode

“အာဏာသိမ်းစစ်တပ် တရားမဝင်တာကြောင့် ကုလသံအမတ်အစားထိုးခွင့်မရှိ”

ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို တရားမဝင်တဲ့အာဏာသိမ်

စစ်ကောင်စီက ရာထူးကဖယ်ရှားနိုင်ခွင့်ရှိ၊ မရှိဆိုတာ ကုလသမဂ္ဂအဖွဲ့ချုပ်ကြီးကပဲ ဆုံးဖြတ်ရမှာလို့

နိုင်ငံတကာသံအမတ်ကြီးတွေက ပြောဆိုနေချိန်မှာပဲ ဦးကျော်မိုးထွန်းက “သူ့အနေနဲ့ တတ်နိုင်သလောက်အချိန်ကြကြာ

တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ထားတယ်”လို့ ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

နိုင်ငံတော်အာဏာကို ဥပဒေမဲ့လုယူသိမ်းပိုက်ထားတဲ့ မြန်မာစစ်တပ်ရဲ့စစ်ကောင်စီကို ကုလသမဂ္ဂက

တရားဝင်အသိအမှတ်ပြုထားတာမရှိတာမို့ အာဏာသိမ်းစစ်တပ်ရဲ့ ဦးကျော်မိုးထွန်းကို ဥပဒေမဲ့ဖယ်ရှားတဲ့

အကြောင်းကြားလည်း လက်ခံရရှိထားတာ မရှိဘူးလို့ ကုလသမဂ္ဂအရာရှိတစ်ဦးကဆိုတာကြောင့်

ဦးကျော်မိုးထွန်းဟာ တရားဝင် သံအမတ်ကြီးဖြစ်တယ်လို့ ပြောပါတယ်။

“နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ် ပြောင်းလဲတဲ့ကိစ္စနဲ့ပတ်သက်တဲ့

ဘယ်လိုဆက်သွယ်အကြောင်းကြား တင်ပြတာမျိုးကို ကျနော်တို့ လက်ခံရရှိထားတာ

မရှိပါဘူး”လို့ ကုလသမဂ္ဂ ပြောခွင့်ရသူ စတီဖနီ ဒူဂျာရစ်က ဆိုပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် ခရစ္စတင်း ဘာဂနာကလည်း နိုင်ငံ ၁၉၃နိုင်ငံပါဝင်တဲ့

အထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ဘယ်နိုင်ငံကမှ အသိအမှတ်ပြုတာ၊

တရားဝင်ခွင့်ပေးတာ မလုပ်ဖို့ တင်ပြထားပါတယ်။

အာဏာသိမ်းထားတဲ့ တရားမဝင်စစ်ကောင်စီက မြန်မာသံအမတ်ကြီးအသစ်နောက်တစ်ယောက်ကို

ခန့်အပ်ဖို့ကြိုးစားမယ်ဆိုရင်လည်း ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ အထွေထွေညီလာခံမှာ

မဲခွဲဆုံးဖြတ်ရမယ့်သဘောရှိတာမို့ ဒီလိုမျိုးကိစ္စတွေကို ၂၀၁၁ခုနှစ်တုန်းက

လစ်ဗျားရဲ့ကြားဖြတ်အစိုးရသံအမတ်ကြီးကို လက်ခံလက်မခံ ဆုံးဖြတ်ခဲ့ဖူးပါတယ်။

မြန်မာစစ်တပ်ရဲ့ ဥပဒေချိုးဖောက်ပြီး အာဏာသိမ်းပိုက်မှုဟာ ဖွဲ့စည်းပုံနဲ့မညီတာမို့ မြန်မာပြည်သူတွေ

တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ သမ္မတဦးဝင်းမြင့်ရဲ့အစိုးရကိုသာ နိုင်ငံတကာအသိုင်းအဝိုင်းက

တရားဝင်အသိအမှတ်ပြုရမယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သောကြာနေ့တုန်းက တောင်းဆိုတင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်ကလည်း မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှု

မအောင်မြင်စေရေး ရှိသမျှနည်းလမ်းပေါင်းစုံထုတ်သုံးသွားမယ်လို့ ကြုံးဝါးထားတာဖြစ်ပါတယ်။

Kamayut Media