News

“ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြောလာတဲ့ NLD ဗဟိုပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုး ”

“ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကျန်းမာရေးနဲ့ ပတ်သက်ပြီးပြောလာတဲ့ NLD ဗဟိုပြန်ကြားရေး တာဝန်ခံ ဦးကြည်တိုး ”

ဖမ်းဆီးထိန်းသိမ်းခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်

အိမ်အမှတ် A33 တွင် ကျန်းမာစွာရှိနေကြောင်း NLD ဗဟိုပြန်ကြားရေး တာဝန်ခံ

ဦးကြည်တိုးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။

“ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အိမ်အမှတ် A33 တွင် ကျန်းမာစွာရှိပါတယ်”ဟု ၎င်းက ရေးသားထားသည်။

ထို့အပြင် အဆိုပါ သတင်းနှင့်ပတ်သက်ပြီး ဦးကြည်တိုးက “ခေါင်းဆောင်တွေရဲ့သတင်းတွေကို

ကျွန်တော်တင်တဲ့အခါတိုင်း ယုံကြည်ရတဲ့သတင်းရင်းမြစ်ဆီက နောက်ဆုံးသတင်းကိုတင်ပေးတာပါ။

သူတို့ရဲ့လုံခြုံရေးကအရေးကြီးပါတယ်။ အသက်စွန့်ကူညီနေကြသူတွေပါ”ဟုလည်း ရေးသားထားသည်။

နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ်အပါဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်

အချို့ကို တပ်မတော်မှ ဖေဖော်ဝါရီ ၁ ရက် နံနက်အစောပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

သတင်း၊ စံတော်ချိန် ဒစ်ဂျစ်တယ်