News

ျမန္မာ့တပ္မေတာ္အပါအဝင္ စီမံမႈေအာက္အဖြဲ႕အစည္းမ်ားကို Facebook ႏွင့္ Instagram က ပိတ္ပင္

ျမန္မာ့တပ္မေတာ္အပါအဝင္ စီမံမႈေအာက္အဖြဲ႕အစည္းမ်ားကို Facebook ႏွင့္ Instagram က ပိတ္ပင္

ျမန္မာ့ တပ္မေတာ္ နဲ႔ တိုက္႐ိုက္စီမံမႈေအာက္မွာရွိတဲ့ အစိုးရအဖြဲ႕အစည္း နဲ႔ သတင္းႏွင့္ျပန္ၾကားေရး

အဖြဲ႕အစည္းမ်ားကို Facebook နဲ႔ Instagram မွာ တားျမစ္ပိတ္ပင္လိုက္ၿပီျဖစ္ၿပီး တပ္မေတာ္

စီးပြားေရး လုပ္ငန္းမ်ားရဲ႕ ေၾကာ္ျငာခြင့္ကိုပါ ပိတ္ပင္လိုက္တယ္လို႔ Facebook က ဒီေန႔ ေၾကညာလိုက္ပါတယ္။

အာဏာသိမ္းမႈေနာက္ပိုင္း လူသ ဆ ံ ုးမႈေတြပါဝင္တဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ဒီတားျမစ္မႈေတြကို

လုပ္ေဆာင္ရန္ဖို႔လိုအပ္ၿပီး တပ္မေတာ္ကို Facebook နဲ႔ instagram မွာ ဆက္ထားဖို႔ဆိုတာ

အင္မတန္ အႏၲရာယ္မ်ားတဲ့ အေျခအေနတရပ္လို႔ ယုံၾကည္ေၾကာင္း ေဖ့စ္ဘြတ္ခ္ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ကုလမသမဂၢ ျမန္မာႏိုင္ငံဆိုင္ရာ အခ်က္အလက္ရွာေဖြေရးမစ္ရွင္ရဲ႕ ၂၀၁၉ အစီရင္ခံစာကိုအေျခခံၿပီး

တပ္မေတာ္ရဲ႕ စီးပြားေရးလုပ္ငန္းေတြကိုလည္း ဆိုရွယ္မီဒီယာပလက္ေဖာင္းမွာ ေၾကာ္ျငာခြင့္ကိုလည္း

ရက္အကန႔္အသတ္မရွိ တားျမစ္ပိတ္ပင္လိုက္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာပဲ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရး၊ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကား

MRTV နဲ႔ MRTV Live စာမ်က္ႏွာေတြကို မူဝါဒစံႏႈန္း

ထပ္ခါထပ္ခါေဖာက္ဖ်က္မႈေတြေၾကာင့္ ေဖ့စ္ဘြတ္ခ္ကေန ဖယ္ရွားခဲ့ပါေသးတယ္။

အခုတားျမစ္မႈေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာနတို႔လို က်န္းမာေရးနဲ႔

အားကစားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာနတို႔လို

အမ်ားျပည္သူဝန္ေဆာင္မႈေပးေနတဲ့ဌာနေတြနဲ႔ အဖြဲ႕အစည္းေတြ မပါဝင္ဘူးလို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီ ၄ ရက္ေန႔ကစလို႔ ေဖ့စ္ဘြတ္ခ္ကို

တိုက္႐ိုက္သုံးစြဲလို႔မရေအာင္ တားဆီးပိတ္ပင္ထားတဲ့အျပင္ ညစဥ္ ၈ နာရီၾကာ

အင္တာနက္ျဖတ္ေတာက္မႈေတြလည္း ျပဳလုပ္ေနတဲ့အေပၚ ေဝဖန္ကန႔္ကြက္မႈေတြ ရွိေနပါတယ္။

DVB

unicode

မြန်မာ့တပ်မတော်အပါအဝင် စီမံမှုအောက်အဖွဲ့အစည်းများကို Facebook နှင့် Instagram က ပိတ်ပင်

မြန်မာ့ တပ်မတော် နဲ့ တိုက်ရိုက်စီမံမှုအောက်မှာရှိတဲ့ အစိုးရအဖွဲ့အစည်း နဲ့ သတင်းနှင့်ပြန်ကြားရေး

အဖွဲ့အစည်းများကို Facebook နဲ့ Instagram မှာ တားမြစ်ပိတ်ပင်လိုက်ပြီဖြစ်ပြီး တပ်မတော်

စီးပွားရေး လုပ်ငန်းများရဲ့ ကြော်ငြာခွင့်ကိုပါ ပိတ်ပင်လိုက်တယ်လို့ Facebook က ဒီနေ့ ကြေညာလိုက်ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း လူသ ဆ ံ ုးမှုတွေပါဝင်တဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီတားမြစ်မှုတွေကို

လုပ်ဆောင်ရန်ဖို့လိုအပ်ပြီး တပ်မတော်ကို Facebook နဲ့ instagram မှာ ဆက်ထားဖို့ဆိုတာ

အင်မတန် အန္တရာယ်များတဲ့ အခြေအနေတရပ်လို့ ယုံကြည်ကြောင်း ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကုလမသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ ၂၀၁၉ အစီရင်ခံစာကိုအခြေခံပြီး

တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ကြော်ငြာခွင့်ကိုလည်း

ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ တပ်မတော်သတင်းမှန်ပြန်ကြားရေး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

MRTV နဲ့ MRTV Live စာမျက်နှာတွေကို မူဝါဒစံနှုန်း

ထပ်ခါထပ်ခါဖောက်ဖျက်မှုတွေကြောင့် ဖေ့စ်ဘွတ်ခ်ကနေ ဖယ်ရှားခဲ့ပါသေးတယ်။

အခုတားမြစ်မှုတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့လို ကျန်းမာရေးနဲ့

အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့လို

အများပြည်သူဝန်ဆောင်မှုပေးနေတဲ့ဌာနတွေနဲ့ အဖွဲ့အစည်းတွေ မပါဝင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၄ ရက်နေ့ကစလို့ ဖေ့စ်ဘွတ်ခ်ကို

တိုက်ရိုက်သုံးစွဲလို့မရအောင် တားဆီးပိတ်ပင်ထားတဲ့အပြင် ညစဉ် ၈ နာရီကြာ

အင်တာနက်ဖြတ်တောက်မှုတွေလည်း ပြုလုပ်နေတဲ့အပေါ် ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။

DVB