News

BREAKING NEWS:ဓာတ္ေငြ႕ပိုက္လိုင္းအတြက္ဟုဆိုကာ တ႐ုတ္နိုင္ငံသား ၆၄ ဦး ကူမင္းမွ ေရာက္လာ

BREAKING NEWS:ဓာတ္ေငြ႕ပိုက္လိုင္းအတြက္ဟုဆိုကာ တ႐ုတ္နိုင္ငံသား ၆၄ ဦး ကူမင္းမွ ေရာက္လာ

တ႐ုတ္နိုင္ငံ ကူမင္း (ေခြးမင္) ၿမိဳ့မွ တ႐ုတ္နိုင္ငံသားဟု ယုံၾကည္ရသူ ၆၄ ဦး ရန္ကုန္ၿမိဳ့

ပန္ ပစၥိဖိတ္ (Pan Pacific) ဟိုတယ္သို့ တည္းခိုရန္ ယမန္ေန႔ညက ေရာက္ရွိေနၾကသည္။

ယမန္ေန႔ညက အျဖဴေရာင္ အေဝးေျပးကားႀကီး ၃ စီးျဖင့္ လူ ၆၄ ဦး ပန္ပစၥိဖိတ္ဟိုတယ္သို့

ေရာက္လာခဲ့ၿပီး အားလုံးမွာ တ႐ုတ္နိုင္ငံသားမ်ား ျဖစ္သည္ကို က်ေနာ္ရရွိထားသည့္ စာရင္းမ်ားအရ ေတြ႕ရသည္။

၎တို့၏ ေျပာၾကားခ်က္အရ “ဓာတ္ေငြ႕ပိုက္လိုင္းအတြက္” ေရာက္ရွိလာခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ထို့ျပင္ ၎တို့မွာ စင္းလုံးငွားေလယဥ္ (Charter Flight) ျဖင့္ ေရာက္ရွိလာခဲ့သည္ဟု ကနဦး သိရွိထားသည္။

၎တို့မွာ ရန္ကုန္ၿမိဳ့ Wyndham Grand Hotel တြင္ အစပိုင္းတည္းခိုမည္ဟု သိရၿပီး ေနရာမလုံေလာက္သည့္အတြက္

ေရြတိဂုံဘုရာလမ္းႏွင့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေထာင့္ရွိ ပန္

ပစၥိဖိတ္ဟိုတယ္သို့ ေရာက္ရွိေနခဲ့ျခင္း ျဖစ္သည္ဟု သတင္းေပးလာသူက ဆိုသည္။

၎တို့မွာ ေခြးမင္ရွိ Soluxe Hotel တြင္ ကြာရန္တင္းဝင္ခဲ့ၿပီးၿပီဟုဆိုၿပီး

ယခု ပန္ ပစၥိဖိတ္ဟိုတယ္တြင္ ထပ္မံ၍ ကြာရန္တင္းဝင္ရန္ ေရာက္ရွိေနၾကျခင္း ျဖစ္သည္။

ျမန္မာနိုင္ငံရွိ နိုင္ငံတကာေလေၾကာင္းလိုင္းမ်ားကို ပိတ္ထားၿပီး တ႐ုတ္နိုင္ငံ ေခြးမင္ၿမိဳ့ႏွင့္သာ

ေန႔စဥ္ပ်ံသန္းလ်က္ရွိေနသည္ကို ေတြ႕ရသည္။ ထို့ျပင္ အာဏာသိမ္းၿပီးရက္ပိုင္းအတြင္း ေရာက္ရွိလာခဲ့သည့္

ေခြးမင္မွ ေလယဥ္မ်ားမွာ “ပင္လယ္စာ” သယ္ပို့ေသာ ေလယဥ္မ်ားသာ ျဖစ္သည္ဟု တ႐ုတ္သံ႐ုံးက ထုတ္ျပန္ထားသည္။

Mratt Kyaw Thu

unicode

BREAKING NEWS:ဓာတ်ငွေ့ပိုက်လိုင်းအတွက်ဟုဆိုကာ တရုတ်နိုင်ငံသား ၆၄ ဦး ကူမင်းမှ ရောက်လာ

တရုတ်နိုင်ငံ ကူမင်း (ခွေးမင်) မြို့မှ တရုတ်နိုင်ငံသားဟု ယုံကြည်ရသူ ၆၄ ဦး ရန်ကုန်မြို့

ပန် ပစ္စိဖိတ် (Pan Pacific) ဟိုတယ်သို့ တည်းခိုရန် ယမန်နေ့ညက ရောက်ရှိနေကြသည်။

ယမန်နေ့ညက အဖြူရောင် အဝေးပြေးကားကြီး ၃ စီးဖြင့် လူ ၆၄ ဦး ပန်ပစ္စိဖိတ်ဟိုတယ်သို့

ရောက်လာခဲ့ပြီး အားလုံးမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်ကို ကျနော်ရရှိထားသည့် စာရင်းများအရ တွေ့ရသည်။

၎င်းတို့၏ ပြောကြားချက်အရ “ဓာတ်ငွေ့ပိုက်လိုင်းအတွက်” ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထို့ပြင် ၎င်းတို့မှာ စင်းလုံးငှားလေယဉ် (Charter Flight) ဖြင့် ရောက်ရှိလာခဲ့သည်ဟု ကနဦး သိရှိထားသည်။

၎င်းတို့မှာ ရန်ကုန်မြို့ Wyndham Grand Hotel တွင် အစပိုင်းတည်းခိုမည်ဟု သိရပြီး နေရာမလုံလောက်သည့်အတွက်

ရွေတိဂုံဘုရာလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ ပန်

ပစ္စိဖိတ်ဟိုတယ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်ဟု သတင်းပေးလာသူက ဆိုသည်။

၎င်းတို့မှာ ခွေးမင်ရှိ Soluxe Hotel တွင် ကွာရန်တင်းဝင်ခဲ့ပြီးပြီဟုဆိုပြီး

ယခု ပန် ပစ္စိဖိတ်ဟိုတယ်တွင် ထပ်မံ၍ ကွာရန်တင်းဝင်ရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ နိုင်ငံတကာလေကြောင်းလိုင်းများကို ပိတ်ထားပြီး တရုတ်နိုင်ငံ ခွေးမင်မြို့နှင့်သာ

နေ့စဉ်ပျံသန်းလျက်ရှိနေသည်ကို တွေ့ရသည်။ ထို့ပြင် အာဏာသိမ်းပြီးရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့သည့်

ခွေးမင်မှ လေယဉ်များမှာ “ပင်လယ်စာ” သယ်ပို့သော လေယဉ်များသာ ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

Mratt Kyaw Thu