News
ထီဖွင့်ပွဲ လ၀က်နောက်ဆုတ်”လိုက်ရပြီ
ဖေဖော်ဝါရီလအတွက် ၂၅ကြိမ်ထီဖွင့်ပွဲကို မတ်၁၅ရက်သို့ပြောင်းလဲပြုလုပ်မည်ဟု
အောင်ဘာလေသိန်းဆုဌာနကကြေညာသည်။
အောက်ဘာလေသိန်းဆုဌာနသည် ထီဖွင့်ပွဲများကိုလစဥ်လဆန်း၁ရက်တွင်ပြုလုပ်လေ့ရှိသော်လည်း
ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်နေသည့်အခြေအနေများကြောင့်ရက်ရွှ
ေ့လိုက်ခြင်းဖြစ်သည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။
ဖေဖော်ဝါရီလတွင် တိုင်းဒေကြီးနှင့်ပြည်နယ်အားလုံ၌ဖြစ်ပေါ်နေသည့်အခြေအနေကြောင့်
ထီလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသည့်လက်ပွေ့၊တွန်းလှည်းဖြင့်ထီရောင်းသူများထီလက်မှတ်
မရောင်းရခြင်း၊ထီကံစမ်းသူများထီလက်မှတ်ဝယ်ရန်အခက်ခဲရှိနေခြင်း
တို့ကြောင့်ထီဖွင့်ရက်ရွှေ့ဆိုင်းရခြင်းဖြစ်သည်ဟုထုတ်ပြန်ချက်ကဆိုသည်။
လက်ရှိအချိန်တွင် အစိုးရထီလက်မှတ်ဝယ်ယူခြင်းမပြုလုပ်ရန်လူပ်ဆော်မူများကြောင့်
ထီလက်မှတ်ရောင်းအားမှာစံချိန်တင်ကျဆင်းနေကြောင်းထီလုပ်ငန်းရှင်များကဆိုသည်။
သို့သော်ဖေဖော်ဝါရီလအတွက်ထီလက်မှတ်ဖိုးများကို ထီလုပ်ငန်းရှင်များကဇန်နဝါရီလကုန်ပိုင်းကတည်းက
အောင်ဘာလေသိန်းဆုဌာနသို့ပေးသွင်းထားပြီးဖြစ်၍ ယင်းဌာနထံငွေအပြည့်အဝဝင်ထားပြီးဖြစ်
ကာထီလက်မှတ်လက်ဝယ်ရှိနေသည့်ထီလုပ်ငန်းရှင်များသာငွေကြေးထိခိုက်မူရှိနေသည်ဟု ၎င်းတို့ကဆိုသည်။
“ထီလက်မှတ်ကမရောင်းရသလောက်အခြေအနေကိုဖြစ်နေတယ်။အစိုးရဆီပိုက်ဆံကကြိုရောက်
နေတော့ထီသည်တွေကကြားညှပ်နေတာ။၁၅ရက်နောက်ဆုတ်လည်းထိုးမယ့်သူမရှိရင်ထိရောက်
မှာမဟုတ်ဘူး။ထီလုပ်ငန်းရှင်တွေဆုံးရူံးမူပမာဏများဖို့ရှိတယ်”ဟု
အမည်မဖော်လိုသူထီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ထို့အပြင်ဖေဖော်ဝါရီလအတွင်ဆုံးရူံးမူများခြင်း၊ စစ်အာဏာရှင်ကိုဆန့်ကျင်သည့်အနေဖြင့်မတ်လ
အတွက်ထီလက်မှတ်များကို ဝယ်ယူရောင်းချခြင်းမပြုဘဲ
CDMပြုလုပ်ရန်ထီလုပ်ငန်းရှင်အချို့ကပြင်ဆင်နေကြောင်း၎င်းကဆက်ပြောသည်။
ဓါတ်ပုံ-မျိုးမင်းဦး
7 days
zawgyi
လေို့က်ခြင်းဖြစ်သည်ဟုကြေညာချက်တွင်ဖော်ပြထားသည်။
ဓါတ်ပုံ-မျိုးမင်းဦး
7 days