News

“ CDM ျပဳလုပ္တဲ့ ေထြအုပ္ဝန္ထမ္း(၈)ဦးကို ေဒသခံျပည္သူလူထုမ်ားက ဂုဏ္ျပဳခ်ီးျမႇင့္ ”

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက CDM ျပဳလုပ္ေနတဲ့ ဝန္ထမ္း(၈)ဦးကို ျပည္သူလူထုက

ဒီေန႔ ေဖေဖာ္ဝါရီလ(၂၅)ရက္ မနက္ပိုင္းမွာ ဂုဏ္ျပဳ ခ်ီးျမႇင့္ခဲ့ၾကတယ္လို့ သိရပါတယ္။

ဒီေန႔ မနက္ပိုင္း(၉)နာရီအခ်ိန္က စုရပ္ျဖစ္တဲ့ မဟာေလးထပ္ေက်ာင္းဝန္းအတြင္းမွ

ာ စစ္အာဏာရွင္စနစ္က်ဆုံးေရး ဆႏၵထုတ္ေဖာ္ဖို့ လာေရာက္ၾကတဲ့ ျပည္သူလူထုေတြက

CDM လုပ္ေနတဲ့ ေထြအုပ္ဝန္ထမ္း(၈)ဦးကို ပန္းကုံးစြပ္ဂုဏ္ျပဳတာ၊

အေလးျပဳဂုဏ္ျပဳတာအပါအဝင္ ဂုဏ္ျပဳေငြပါ ေပးအပ္ခဲ့တာပဲ ျဖစ္ပါတယ္။

CDM မွာပါတဲ့ ေထြအုပ္ဝန္ထမ္းတဦးက “ဘယ္သူမွဦးေဆာင္ျခင္းမရွိဘဲ တစ္ေယာက္ခ်င္းစီရဲ့

ဦးေဆာင္မွုနဲ႔အတူ ျပည္သူမ်ားနဲ႔အတူ ကၽြန္ေတာ္တို့ရပ္တည္တာျဖစ္ပါတယ္။

ကၽြန္ေတာ္တို့က ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို လိုလားတယ္။

အဲဒီလမ္းေၾကာင္းကေနေသြဖယ္တဲ့ ကိစၥရပ္ေတြကို မႀကိဳက္ႏွစ္သက္ပါဘူး။ ဒါေၾကာင့္

ဒီေန႔မွာ ျပည္သူနဲ႔အတူရပ္တည္တာပါ။ ကၽြန္ေတာ္တို့ ေအာင္ပြဲရတဲ့အထိ သြားမွာပါ။

ကၽြန္ေတာ္တို့ အေရးေတာ္ပုံ ေအာင္ကိုေအာင္ရမယ္” လို့ ေျပာပါတယ္။

ကသာၿမိဳ့မွာ CDMျပဳလုပ္ေနတဲ့ ျမန္မာ့စီးပြားေရးဘဏ္ဝန္ထမ္း (၁၀)ဦးကိုလည္း ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၁၇)ရက္က

ဂုဏ္ျပဳခ်ီးျမႇင့္ေပးခဲ့ၾကတယ္လို့ သိရၿပီး ဆက္လက္ဂုဏ္ျပဳေပးနိုင္ဖို့ အတြက္ CDM လွုပ္ရွားမွု

ကူညီေထာက္ပံ့ေရးအဖြဲ႕ကို ဆက္သြယ္လွူဒါန္းနိုင္တယ္လို့ သိရပါတယ္။

#VoiceOfMyanmar #VOM #CDMေထြအုပ္ဝန္ထမ္း #ဂုဏ္ျပဳ #ကသာ

unicode

“ CDM ပြုလုပ်တဲ့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ဒေသခံပြည်သူလူထုများက ဂုဏ်ပြုချီးမြှင့် ”

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်နေတဲ့ ဝန်ထမ်း(၈)ဦးကို ပြည်သူလူထုက

ဒီနေ့ ဖေဖော်ဝါရီလ(၂၅)ရက် မနက်ပိုင်းမှာ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်း(၉)နာရီအချိန်က စုရပ်ဖြစ်တဲ့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှ

ာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒထုတ်ဖော်ဖို့ လာရောက်ကြတဲ့ ပြည်သူလူထုတွေက

CDM လုပ်နေတဲ့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ပန်းကုံးစွပ်ဂုဏ်ပြုတာ၊

အလေးပြုဂုဏ်ပြုတာအပါအဝင် ဂုဏ်ပြုငွေပါ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

CDM မှာပါတဲ့ ထွေအုပ်ဝန်ထမ်းတဦးက “ဘယ်သူမှဦးဆောင်ခြင်းမရှိဘဲ တစ်ယောက်ချင်းစီရဲ့

ဦးဆောင်မှုနဲ့အတူ ပြည်သူများနဲ့အတူ ကျွန်တော်တို့ရပ်တည်တာဖြစ်ပါတယ်။

ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတယ်။

အဲဒီလမ်းကြောင်းကနေသွေဖယ်တဲ့ ကိစ္စရပ်တွေကို မကြိုက်နှစ်သက်ပါဘူး။ ဒါကြောင့်

ဒီနေ့မှာ ပြည်သူနဲ့အတူရပ်တည်တာပါ။ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ သွားမှာပါ။

ကျွန်တော်တို့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်” လို့ ပြောပါတယ်။

ကသာမြို့မှာ CDMပြုလုပ်နေတဲ့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း (၁၀)ဦးကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၇)ရက်က

ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြတယ်လို့ သိရပြီး ဆက်လက်ဂုဏ်ပြုပေးနိုင်ဖို့ အတွက် CDM လှုပ်ရှားမှု

ကူညီထောက်ပံ့ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #CDMထွေအုပ်ဝန်ထမ်း #ဂုဏ်ပြု #ကသာ