News

“႐ုံးျပန္တက္ရန္ ညႊန္ၾကားခ်က္မ်ားလိုက္နာရန္မလိုဟု ဆရာမ်ားအဖြဲ႕ခ်ဳပ္ႏွင့္ ဆရာအဖြဲ႕အစည္းမ်ား ေၾကညာ”

“႐ုံးျပန္တက္ရန္ ညႊန္ၾကားခ်က္မ်ားလိုက္နာရန္မလိုဟု ဆရာမ်ားအဖြဲ႕ခ်ဳပ္ႏွင့္ ဆရာအဖြဲ႕အစည္းမ်ား ေၾကညာ”

ေဖေဖာ္ဝါရီ ၂၃ ရက္က စတင္ကာ ပညာေရးဝန္ထမ္းမ်ား လုပ္ငန္းခြင္ျပန္ဝင္ရန္ ပညာေရး ဝန္ႀကီးဌာနေအာက္ရွိ

ဦးစီးဌာန မ်ားက ေဖေဖာ္ဝါရီ ၂၂ ရက္က ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ၿပီး ေနာက္ ထိုသို႔ ႐ုံးျပန္တက္ရန္ အမိန႔္၊

ၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္မလိုေၾကာင္း MTF က ေဖေဖာ္ဝါရီ ၂၂ ရက္စြဲျဖင့္ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ျခင္း ျဖစ္သည္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ အခန္း(၁) ႏိုင္ငံေတာ္အ ေျခခံမူမ်ား ပုဒ္မ(၄)တြင္ ‘ႏိုင္ငံ ေတာ္၏

အခ်ဳပ္အျခာအာဏာ သည္ ႏိုင္ငံသားမ်ားထံမွဆင္း သက္ၿပီး ႏိုင္ငံေတာ္တစ္ဝန္း လုံး၌တည္သည္’ဟု ေဖာ္ျပထား

ရာ ႏိုင္ငံသားမ်ားသည္ အခ်ဳပ္အ ျခာအာဏာ၏ မူလပိုင္ရွင္ျဖစ္ ေၾကာင္း၊ အခန္း(၄) ပုဒ္မ(၁၀)တြင္

‘ဝန္ထမ္းသည္ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ အက်ိဳးစီးပြားကို အေလးထားေဆာင္႐ြက္ျခင္း၊ ျပည္သူကို

႐ိုေသေလးစားျခင္းတို႔ ကို လိုက္နာရန္ တာဝန္ရွိသည္’ဟု ေဖာ္ျပထားေၾကာင္း MTF ၏ ေၾကညာခ်က္တြင္ ေရးသားထား သည္။

ႏိုင္ငံေတာ္အာဏာကို သိမ္း ယူထားေသာ စစ္ေကာင္စီကို အၾကမ္းမဖက္ေသာနည္း Civil Disobedience Movement

ျဖင့္ ဆန႔္က်င္ျခင္းသည္ ျပည္သူလူထု ႏွင့္ ပူးေပါင္းေဆာင္႐ြက္ျခင္းျဖစ္ သည့္အတြက္ ျပည္သူလူထုကို

႐ိုေသေလးစားျခင္းျဖစ္ၿပီး ဖြဲ႕ စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံ့ ဝန္ထမ္းမ်ား၏

တရားဝင္ေဆာင္ ႐ြက္ခ်က္ျဖစ္ေၾကာင္း MTF ၏ ေၾကညာခ်က္တြင္ ေဖာ္ျပသည္။

ထို႔ေၾကာင့္ အာဏာသိမ္း ေကာင္စီ၏ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာကာ ဦးစီးဌာန၊ ေက်ာင္း၊ ႐ုံးမ်ားက

ဝန္ထမ္းမ်ားကို ႐ုံးျပန္ တက္ရန္ ထုတ္ျပန္ေသာ အမိန႔္၊ ၫႊန္ၾကားခ်က္မ်ားသည္ ဥပေဒ အရပ်က္ျပယ္ေၾကာင္း

MTF က ေၾကညာသည္။ထိုၫႊန္ၾကားခ်က္မ်ားကို လိုက္နာရန္ မလိုအပ္ေၾကာင္းႏွင့္ ဝန္ထမ္းမ်ားအေပၚ

ဖုန္း၊ စာ၊ လူကိုယ္တိုင္ ၿခိမ္းေျခာက္မႈမ်ား ရွိပါက မွတ္တမ္းယူထားရန္ MTF က

ဆရာ၊ ဆရာမမ်ား၊ ပညာေရး ဝန္ထမ္းမ်ားအား အသိေပးထား သည္။

‘‘ျပည္သူ ေ႐ြးေကာက္တင္ ေျမႇာက္တဲ့ ျပည္သူ႔အစိုးရဆီက ေန အာဏာလုယူထားတဲ့ စစ္ ေကာင္စီဆီက

ၫႊန္ၾကားခ်က္ေတြ ဟာ အခုထိသက္ဝင္ဆဲျဖစ္တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အရ ပ်က္ျပယ္တယ္။

စစ္ေကာင္ စီဆီက အမိန႔္၊ ၫႊန္ၾကားခ်က္ေတြ ကို ျပည္သူ႔ဝန္ထမ္းေတြျဖစ္တဲ့ ဆရာ၊ ဆရာမေတြအေနနဲ႔

လက္ မခံဘဲ ျပည္သူ႔အစိုးရ ျပန္တက္ လာခ်ိန္အထိ ဖိအားေတြ၊ ၿခိမ္း ေျခာက္မႈေတြကို ႀကံ့ႀကံ့ခံၿပီး

CDM ဆက္လက္ေဆာင္႐ြက္ဖို႔ လိုပါတယ္’’ ဟု MTF အလုပ္အမႈ ေဆာင္ ဦးျမတ္သီဟထြန္းက ေျပာသည္။

CDM လႈပ္ရွားမႈတြင္ ပါဝင္ သည့္ ျပည္သူ႔ဝန္ထမ္းမ်ားကိုျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ

အပါအဝင္ ျပည္သူမ်ားက ေထာက္ပံ့ေပးရန္ စီစဥ္ေနၿပီး လက္ရွိတြင္ ေထာက္ ပံ့မႈမ်ားလည္း စတင္လုပ္ေဆာင္

ေနၿပီျဖစ္ေၾကာင္း ၎ကဆို သည္။အာဏာသိမ္းေကာင္စီ၏ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာၿပီး ပူးေပါင္းသည့္

ဌာနဆိုင္ရာအႀကီး အကဲမ်ားအေနျဖင့္ ျပည္သူ႔အစိုး ရျပန္တက္လာခ်ိန္တြင္

ယခုလုပ္ ရပ္မ်ားအေပၚ တာဝန္ခံရလိမ့္ မည္ဟုလည္း ၎က ဆိုသည္။

အလားတူ နည္းပညာဆိုင္ ရာ ဆရာ၊ ဆရာမမ်ားအဖြဲ႕ခ်ဳပ္က လည္း အာဏာသိမ္းေကာင္စီမွ

ၫႊန္ၾကားခ်က္မ်ားအတိုင္း ဦးစီး ဌာန၊ ႐ုံးဌာန၊ ေက်ာင္းမ်ားက ႐ုံးျပန္တက္ရန္ အမိန႔္၊ ၫႊန္ၾကား

ခ်က္မ်ားသည္ ဥပေဒအရ ပ်က္ ျပယ္ေၾကာင္းႏွင့္ လိုက္နာရန္ မလိုအပ္ေၾကာင္း ေဖေဖာ္ဝါရီ ၂၂ ရက္က

ေၾကညာသည္။ထို႔ျပင္ ရန္ကုန္တကၠသိုလ္ ဆရာ၊ ဆရာမမ်ားသမဂၢကလည္း ဝန္ထမ္းမ်ား လုပ္ငန္းခြင္ျပန္ဝင္

ရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္သည့္ အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ ၾကားေရးမႉးခ်ဳပ္အား ေလးစားမႈ

ကင္းမဲ့စြာ ရႈတ္ခ်ေၾကာင္းႏွင့္ ထို ၫႊန္ၾကားခ်က္ကို ကန႔္ကြက္ရႈတ္ ခ်ေၾကာင္း ေၾကညာသည္။

မႏၲေလးတကၠသိုလ္ ပါေမာကၡခ်ဳပ္တာဝန္ ပူးတြဲယူ ထားေသာ အဆင့္ျမင့္ပညာဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္အား

မႏၲေလးတကၠသိုလ္ ပါေမာကၡ ခ်ဳပ္အျဖစ္ ဆက္လက္အသိအ မွတ္ျပဳေတာ့မည္မဟုတ္ေၾကာင္း

မႏၲေလးတကၠသိုလ္ ေက်ာင္းသား မ်ားသမဂၢက ေဖေဖာ္ဝါရီ ၂၂ ရက္တြင္ သေဘာထားေၾကညာ သည္။

7Day News

unicode

“ရုံးပြန်တက်ရန် ညွှန်ကြားချက်များလိုက်နာရန်မလိုဟု ဆရာများအဖွဲ့ချုပ်နှင့် ဆရာအဖွဲ့အစည်းများ ကြေညာ”

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကာ ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်ရန် ပညာရေး ဝန်ကြီးဌာနအောက်ရှိ

ဦးစီးဌာန များက ဖေဖော်ဝါရီ ၂၂ ရက်က ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး နောက် ထိုသို့ ရုံးပြန်တက်ရန် အမိန့်၊

ညွှန်ကြားချက်များကို လိုက်နာရန်မလိုကြောင်း MTF က ဖေဖော်ဝါရီ ၂၂ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော်အ ခြေခံမူများ ပုဒ်မ(၄)တွင် ‘နိုင်ငံ တော်၏

အချုပ်အခြာအာဏာ သည် နိုင်ငံသားများထံမှဆင်း သက်ပြီး

နိုင်ငံတော်တစ်ဝန်း လုံး၌တည်သည်’ဟု ဖော်ပြထား

ရာ နိုင်ငံသားများသည် အချုပ်အ ခြာအာဏာ၏ မူလပိုင်ရှင်ဖြစ် ကြောင်း၊ အခန်း(၄) ပုဒ်မ(၁၀)တွင်

‘ဝန်ထမ်းသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ခြင်း၊ ပြည်သူကို

ရိုသေလေးစားခြင်းတို့ ကို လိုက်နာရန် တာဝန်ရှိသည်’ဟု

ဖော်ပြထားကြောင်း MTF ၏ ကြေညာချက်တွင် ရေးသားထား သည်။

နိုင်ငံတော်အာဏာကို သိမ်း ယူထားသော စစ်ကောင်စီကို အကြမ်းမဖက်သောနည်း Civil Disobedience Movement

ဖြင့် ဆန့်ကျင်ခြင်းသည် ပြည်သူလူထု နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ် သည့်အတွက် ပြည်သူလူထုကို

ရိုသေလေးစားခြင်းဖြစ်ပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေအရ နိုင်ငံ့ ဝန်ထမ်းများ၏

တရားဝင်ဆောင် ရွက်ချက်ဖြစ်ကြောင်း MTF ၏ ကြေညာချက်တွင် ဖော်ပြသည်။

ထို့ကြောင့် အာဏာသိမ်း ကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာကာ ဦးစီးဌာန၊ ကျောင်း၊ ရုံးများက

ဝန်ထမ်းများကို ရုံးပြန် တက်ရန် ထုတ်ပြန်သော အမိန့်၊ ညွှန်ကြားချက်များသည် ဥပဒေ အရပျက်ပြယ်ကြောင်း

MTF က ကြေညာသည်။ထိုညွှန်ကြားချက်များကို လိုက်နာရန် မလိုအပ်ကြောင်းနှင့် ဝန်ထမ်းများအပေါ်

ဖုန်း၊ စာ၊ လူကိုယ်တိုင် ခြိမ်းခြောက်မှုများ ရှိပါက မှတ်တမ်းယူထားရန် MTF က

ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများအား အသိပေးထား သည်။

‘‘ပြည်သူ ရွေးကောက်တင် မြှောက်တဲ့ ပြည်သူ့အစိုးရဆီက နေ အာဏာလုယူထားတဲ့ စစ် ကောင်စီဆီက

ညွှန်ကြားချက်တွေ ဟာ အခုထိသက်ဝင်ဆဲဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပျက်ပြယ်တယ်။

စစ်ကောင် စီဆီက အမိန့်၊ ညွှန်ကြားချက်တွေ ကို ပြည်သူ့ဝန်ထမ်းတွေဖြစ်တဲ့ ဆရာ၊ ဆရာမတွေအနေနဲ့

လက် မခံဘဲ ပြည်သူ့အစိုးရ ပြန်တက် လာချိန်အထိ ဖိအားတွေ၊ ခြိမ်း ခြောက်မှုတွေကို ကြံ့ကြံ့ခံပြီး

CDM ဆက်လက်ဆောင်ရွက်ဖို့ လိုပါတယ်’’ ဟု MTF အလုပ်အမှု ဆောင် ဦးမြတ်သီဟထွန်းက ပြောသည်။

CDM လှုပ်ရှားမှုတွင် ပါဝင် သည့် ပြည်သူ့ဝန်ထမ်းများကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

အပါအဝင် ပြည်သူများက ထောက်ပံ့ပေးရန် စီစဉ်နေပြီး လက်ရှိတွင် ထောက် ပံ့မှုများလည်း စတင်လုပ်ဆောင်

နေပြီဖြစ်ကြောင်း ၎င်းကဆို သည်။အာဏာသိမ်းကောင်စီ၏ ညွှန်ကြားချက်များကို လိုက်နာပြီး ပူးပေါင်းသည့်

ဌာနဆိုင်ရာအကြီး အကဲများအနေဖြင့် ပြည်သူ့အစိုး ရပြန်တက်လာချိန်တွင်

ယခုလုပ် ရပ်များအပေါ် တာဝန်ခံရလိမ့် မည်ဟုလည်း ၎င်းက ဆိုသည်။

အလားတူ နည်းပညာဆိုင် ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က လည်း အာဏာသိမ်းကောင်စီမှ

ညွှန်ကြားချက်များအတိုင်း ဦးစီး ဌာန၊ ရုံးဌာန၊ ကျောင်းများက ရုံးပြန်တက်ရန် အမိန့်၊ ညွှန်ကြား

ချက်များသည် ဥပဒေအရ ပျက် ပြယ်ကြောင်းနှင့် လိုက်နာရန် မလိုအပ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်က

ကြေညာသည်။ထို့ပြင် ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂကလည်း ဝန်ထမ်းများ လုပ်ငန်းခွင်ပြန်ဝင်

ရန် ညွှန်ကြားချက်ထုတ်ပြန်သည့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်အား လေးစားမှု

ကင်းမဲ့စွာ ရှုတ်ချကြောင်းနှင့် ထို ညွှန်ကြားချက်ကို ကန့်ကွက်ရှုတ် ချကြောင်း ကြေညာသည်။

မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်တာဝန် ပူးတွဲယူ ထားသော အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်အား

မန္တလေးတက္ကသိုလ် ပါမောက္ခ ချုပ်အဖြစ် ဆက်လက်အသိအ မှတ်ပြုတော့မည်မဟုတ်ကြောင်း

မန္တလေးတက္ကသိုလ် ကျောင်းသား များသမဂ္ဂက ဖေဖော်ဝါရီ ၂၂ ရက်တွင် သဘောထားကြေညာ သည်။

7Day News