News

အင္ဒိုနိုင္ငံျခားေရးဝန္ႀကီး ျမန္မာကိုမလာေတာ့တာက စစ္ေကာင္စီကို အက်ပ္ရိုက္ေစလား

အင္ဒိုနိုင္ငံျခားေရးဝန္ႀကီး ျမန္မာကိုမလာေတာ့တာက စစ္ေကာင္စီကို အက်ပ္ရိုက္ေစလား

ျမန္မာ့စစ္ေကာင္စီထံ ပထမဦးဆုံးလာမယ့္ျပည္ပဧည့္သည္ ျဖစ္လာမယ့္ အင္ဒိုနိုင္ငံျခားေရးဝန္ႀကီးဟာ

လာဖို့ခရီးစဥ္စီစဥ္ၿပီးကာမွမလာေတာ့ဘဲ ခရီးစဥ္ပ်က္ျပယ္ၿပီလို့ ရိုက္တာသတင္းအရသိရပါတယ္။

အင္ဒိုနိုင္ငံျခားေရးဝန္ႀကီး ရတ္နို မာဆူဒီဟာ ျမန္မာ့စစ္ေကာင္စီေျပာထားတဲ့ တစ္ႏွစ္အတြင္း

ေရြးေကာက္ပြဲျပန္လုပ္ေပးမယ္ဆိုတဲ့ ကိစၥကိုေထာက္ခံခဲ့ေပမယ့္ ေနာက္ပိုင္းမွာေလသံျပန္ေျပာင္းသြားၿပီး

ျမန္မာျပည္သူေတြဆႏၵအတိုင္း လုပ္သင့္တယ္လို့ တရားဝင္ထုတ္ေဖာ္ေျပာၾကားလိုက္သူပါ။

“အင္ဒိုနီးရွားအေနနဲ႔ ျမန္မာျပည္ရဲ့အေျခအေနေတြကို အလြန္စိုးရိမ္ပါတယ္။ ျမန္မာျပည္သူေတြကို ေထာက္ခံပါတယ္။

ျမန္မာျပည္သူေတြရဲ့ဆႏၵသေဘာအတိုင္း ျဖစ္ရပါမယ္။”လို့

အင္ဒိုနိုင္ငံျခားေရးဝန္ႀကီး ရတ္နို မာဆူဒီက ေျပာဆိုထားပါတယ္။

ဒီလိုပဲ ယမန္ေန႔က ျမန္မာနိုင္ငံဆိုင္ရာ အင္ဒိုသံအမတ္က ျမန္မာစစ္အာဏာသိမ္းမွုဟာ အာဆီယံကို

အဆင္မေျပတဲ့ အေျခအေနေတြျဖစ္ေစတယ္။ ျမန္မာ့စစ္အာဏာသိမ္းမွုဟာ ျပည္တြင္းေရးမဟုတ္ဘူး၊

အာဆီယံတည္ၿငိမ္ေရးနဲ႔ေဒသတြင္းဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးကို

ၿခိမ္းေျခာက္မွုလို့ ျမန္မာလူထုကို ထြက္ေျပာခဲ့တာရွိပါတယ္။

Myanmar Harp

unicode

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး မြန်မာကိုမလာတော့တာက စစ်ကောင်စီကို အကျပ်ရိုက်စေလား

မြန်မာ့စစ်ကောင်စီထံ ပထမဦးဆုံးလာမယ့်ပြည်ပဧည့်သည် ဖြစ်လာမယ့် အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟာ

လာဖို့ခရီးစဉ်စီစဉ်ပြီးကာမှမလာတော့ဘဲ ခရီးစဉ်ပျက်ပြယ်ပြီလို့ ရိုက်တာသတင်းအရသိရပါတယ်။

အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီဟာ မြန်မာ့စစ်ကောင်စီပြောထားတဲ့ တစ်နှစ်အတွင်း

ရွေးကောက်ပွဲပြန်လုပ်ပေးမယ်ဆိုတဲ့ ကိစ္စကိုထောက်ခံခဲ့ပေမယ့် နောက်ပိုင်းမှာလေသံပြန်ပြောင်းသွားပြီး

မြန်မာပြည်သူတွေဆန္ဒအတိုင်း လုပ်သင့်တယ်လို့ တရားဝင်ထုတ်ဖော်ပြောကြားလိုက်သူပါ။

“အင်ဒိုနီးရှားအနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကို အလွန်စိုးရိမ်ပါတယ်။ မြန်မာပြည်သူတွေကို ထောက်ခံပါတယ်။

မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောအတိုင်း ဖြစ်ရပါမယ်။”လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောဆိုထားပါတယ်။

ဒီလိုပဲ ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုသံအမတ်က မြန်မာစစ်အာဏာသိမ်းမှုဟာ အာဆီယံကို

အဆင်မပြေတဲ့ အခြေအနေတွေဖြစ်စေတယ်။ မြန်မာ့စစ်အာဏာသိမ်းမှုဟာ ပြည်တွင်းရေးမဟုတ်ဘူး၊

အာဆီယံတည်ငြိမ်ရေးနဲ့ဒေသတွင်းဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို

ခြိမ်းခြောက်မှုလို့ မြန်မာလူထုကို ထွက်ပြောခဲ့တာရှိပါတယ်။

Myanmar Harp