စာဖတ်သူ ပရိတ်သတ်အပေါင်းအတွက် ယခုပြောပြချင်တာလေးကတော့ အကိုဖြစ်သူ
သရုပ်ဆောင် မင်းမော်ကွန်းနှင့် ဖခင် သရုပ်ဆောင် ဇင်ဝိုင်းကို စိတ်ပူပြီး ရင်တွင်း
စကားတွေ ပြောပြလာတဲ့ Kyi Thar Hyay Lwin ရဲ့ ပြောစကားတွေ ဖြစ်ပါတယ်
သရုပ်ဆောင် မင်းမော်ကွန်းနှင့် သရုပ်ဆောင် ဇင်းဝိုင်းဟာ လူမသမာတွေ မတရားအာဏာရယူချိန်ထဲက
ပြည်သူတွေနဲ့အတူ တသားထဲ တိုက်ပွဲဝင်နေသူလဲ ဖြစ်ပါတယ် … ဒီလို
ပြည်သူဘက်တော်သားဖြစ်တဲ့အတွက် ဖမ်းဝရမ်း ထုတ်ခံထားရသူတွေလဲ ဖြစ်ပါတယ်
မင်းမော်ကွန်းဟာ ဖမ်းဝရမ်း ထုတ်ခံထားရ သော်လဲ တိုင်ပွဲဝင်အားကို မလျော့ပဲ ဆက်လက်တိုက်ပဲ
ဝင်နေဆဲ ဖြစ်ပါတယ် … ဒီလို တိုက်ပွဲဝင်နေတဲ့ကြားက ဖခင်ကြီး အတွက်လဲ စိတ်မအေး ဖြစ်နေရ ရှာပါတယ် …
မင်းမော်ကွန်း စိတ်ပူမယ်ဆိုလဲ ပူစရာပါပဲ သရုပ်ဆောင်ကြီး ဇင်ဝိုင်းဟာ အသက်ကြီးလာသော် တိုင်းပြည်ရဲ့
တာဝန်ကို ပြည်သူနဲ့အတူ တက်တက်ကြွကြွ ပါဝင်နေဆဲဖြစ်ပါတယ်… မင်းမော်ကွန်းဟာ သူ့အဖေကို စိတ်ပူလို့
နေသလို သူ့ညီ Kyi Thar Htay Lwin ဟာလဲ ဖခင်အတွက် အခုလို အဝေတနေရာကနေ စားလေးရေးလိုက်ပါတယ်
” သို့ အေဖ
သားလေ … အဖေ့သားဖြစ်ရတာ သိပ်ဂုဏ်ယူတာပဲ … ကိုယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ်ရဲတဲ့စိတ်ဓါတ် …
ဘာကိုမှဂရုမစိုက်ဘဲ အမှန်တရားအတွက်ဆိုရှေ့တန်းထွက်ရဲတဲ့ သတ္တိ 🙏🙏🙏
ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး သားစိတ်တွေ အရမ်းပူနေခဲ့ပါတယ် … မရယ်နိုင် မပြုံးနိုင်လောက်အောင်ပါပဲ … ..
အဖေနဲ့ ကိုကို တခုခုဖြစ်မှာသိပ်ကိုစိုးရိမ်တယ် … ဒါပေမဲ့ အဖေနဲ့ဖုန်းပြောပြီးတဲ့
အချိန်ကစပြီး … သားမှာ စိုးရိမ်စိတ်တွေ မရှိတော့ဘူး အဖေ
အဲဒီနေ့က အဖေ့မျက်လုံးထဲမှာ သိပ်ကိုပြတ်သားတဲ့ အရိပ်အယောင်တွေကို မြင်လိုက်ရတယ် …
အမှန်တရားကလွဲရင် ဘယ်ဟာမှ အရေးမကြီးဘူးဆိုတာ သိလိုက်ရတယ်…အဖေ
အမှန်တရားအတွက် လုပ်နေတယ်ဆိုတာကိုလည်း ပိုပြီး သိလိုက်ရ ပါတယ်
အဖေပင်ပန်းနေပြီ နောက်နေ့တစ်ရက်တော့ နားလိုက်ပါဦးဆိုတာကို အေးပါ အေးပါဆိုပြီး ညနေပိုင်းကို ရအောင်
ထွက်သေးတယ် နော် … အဖေအသက်ကြီးပြီ အဖေ … ၈၈ တုန်းကလည်း အဖေ
ဒုက္ခမျိုးစုံနဲ့ပေးဆပ်ခဲ့ပြီးပါပြီ … အခုအချိန်မှာ အဖေဝင်မပါလည်း ဘာမှမဖြစ်ပါဘူး
လူငယ်တွေ လုပ်ကြမှာပေါ့ သားတို့လုပ်ရမှာပေါ့ … ခေါင်းမာလိုက်တာ အဖေရေ … အခုအချိန်မှာ သား
အဖေတို့နဲ့ အတူမရှိနိုင်တာကို ခွင့်လွှတ်ပါ အဖေ … သားလည်း အဖေ့ စိတ်ဓါတ်မျိုးတွေရှိချင်လိုက်တာ
အဖေရယ် … သားသာ အဖေ့နေရာမှာဆိုရင် ဒီလိုသတ္တိ မျိုးမရှိနိုင်ပါဘူး
အဖေကျန်းမာအောင်နေပေးပါ အဖေ … အားလုံး အဆင်ပြေသွားတဲ့ တစ်နေ့ … ဒီပြဿနာကြီး ပြီးသွားတဲ့တစ်နေ့ …
အဖေပြုံးနေတာလေး မြင်ချင်သေးတယ် အဖေ …ချစ်တဲ့ … လွမ်းတဲ့ …သား ” ဆိုပြီး တင်ထားတာကို
မင်းမော်ကွန်းက ” အဖေနားပါအဖေ … သားတို့တောင် လူရော စိတ်ရော ပင်ပန်းနေတာ…အဖေဆို ပိုပင်ပန်းမှာ
မပြောပေမယ့် … သိနေလို့ပါအဖေရယ် … အဖေ့ကိုအရင်လိုထပ်ပြီးနည်း … ပေါင်းစုံနဲ့ နှိပ်စက်တာ မခံစေချင်ပါဘူး …
သားတာဝန်ထားပါအဖေ … အမေ့ကိုပဲစောင့်လျှောက်ပေးပါ … အိမ်မှာ အဖေနဲ့သား …
တစ်ယောက်ယောက်တော့ရှိနေမှဖြစ်မှာပါ ” ဆိုတဲ့ စာလေးရေးကာ ထပ်ဆင့်ရှယ်ထားတာ တွေ့ရပါတယ်
ဒီစာသားလေးတွေရဲ့နောက်မှာ ဖခင်ဖြစ်သူ ဇင်ဝိုင်းရဲ့ တိုင်းပြည်ချစ်စိတ်ကို အထင်းသား မြင်နေရသလို …
သားဖြစ်သူ မင်းမော်ကွန်းရဲ့ ” သား ဆိုတာ အား ” ဆိုသလို ဖခင်လို
တိုင်းပြည်ချစ်စိတ် အပြည့်ရှိနေတာ ဝမ်းသာဖွယ် တွေ့မြင်ရပါတယ်…
ဒါ့အပြင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရင်း မိသားစုနှင့် ဖခင်အတွက် အတွက် ရင်မအေး
ဖြစ်နေပုံလေး မြင်ရတော့ မျက်ရည်ဝဲအောင် စိတ်မကောင်းဖြစ်ရပါတယ် … ဒီလို မိသားစု
တကွဲတပြားဖြစ်ရတာတွေ ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့
အဖြစ်တွေ အားလုံးရဲ့ တရားခံရတော့ မ အ လ ပင်ဖြစ်ပါတော့တယ် ခင်ဗျာ
စာဖတ်သူအပေါင်း ဘေးဘယာ ဝေးကွာကြပါစေ …
zawgyi
စာဖတ္သူ ပရိတ္သတ္အေပါင္းအတြက္ ယခုေျပာျပခ်င္တာေလးကေတာ့ အကိုျဖစ္သူ
သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းႏွင့္ ဖခင္ သ႐ုပ္ေဆာင္ ဇင္ဝိုင္းကို စိတ္ပူၿပီး ရင္တြင္း
စကားေတြ ေျပာျပလာတဲ့ Kyi Thar Hyay Lwin ရဲ႕ ေျပာစကားေတြ ျဖစ္ပါတယ္
သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းႏွင့္ သ႐ုပ္ေဆာင္ ဇင္းဝိုင္းဟာ လူမသမာေတြ မတရားအာဏာရယူခ်ိန္ထဲက
ျပည္သူေတြနဲ႔အတူ တသားထဲ တိုက္ပြဲဝင္ေနသူလဲ ျဖစ္ပါတယ္ … ဒီလို
ျပည္သူဘက္ေတာ္သားျဖစ္တဲ့အတြက္ ဖမ္းဝရမ္း ထုတ္ခံထားရသူေတြလဲ ျဖစ္ပါတယ္
မင္းေမာ္ကြန္းဟာ ဖမ္းဝရမ္း ထုတ္ခံထားရ ေသာ္လဲ တိုင္ပြဲဝင္အားကို မေလ်ာ့ပဲ ဆက္လက္တိုက္ပဲ
ဝင္ေနဆဲ ျဖစ္ပါတယ္ … ဒီလို တိုက္ပြဲဝင္ေနတဲ့ၾကားက ဖခင္ႀကီး အတြက္လဲ စိတ္မေအး ျဖစ္ေနရ ရွာပါတယ္ …
မင္းေမာ္ကြန္း စိတ္ပူမယ္ဆိုလဲ ပူစရာပါပဲ သ႐ုပ္ေဆာင္ႀကီး ဇင္ဝိုင္းဟာ အသက္ႀကီးလာေသာ္ တိုင္းျပည္ရဲ႕
တာဝန္ကို ျပည္သူနဲ႔အတူ တက္တက္ႂကြႂကြ ပါဝင္ေနဆဲျဖစ္ပါတယ္… မင္းေမာ္ကြန္းဟာ သူ႔အေဖကို စိတ္ပူလို႔
ေနသလို သူ႔ညီ Kyi Thar Htay Lwin ဟာလဲ ဖခင္အတြက္ အခုလို အေဝတေနရာကေန စားေလးေရးလိုက္ပါတယ္
” သို႔ ေအဖ
သားေလ … အေဖ့သားျဖစ္ရတာ သိပ္ဂုဏ္ယူတာပဲ … ကိုယ္မွန္တယ္ထင္ရင္ ဘာမဆိုလုပ္ရဲတဲ့စိတ္ဓါတ္ …
ဘာကိုမွဂ႐ုမစိုက္ဘဲ အမွန္တရားအတြက္ဆိုေရွ႕တန္းထြက္ရဲတဲ့ သတၱိ 🙏🙏🙏
ၿပီးခဲ့တဲ့ တစ္ပတ္လုံးလုံး သားစိတ္ေတြ အရမ္းပူေနခဲ့ပါတယ္ … မရယ္ႏိုင္ မၿပဳံးႏိုင္ေလာက္ေအာင္ပါပဲ … ..
အေဖနဲ႔ ကိုကို တခုခုျဖစ္မွာသိပ္ကိုစိုးရိမ္တယ္ … ဒါေပမဲ့ အေဖနဲ႔ဖုန္းေျပာၿပီးတဲ့
အခ်ိန္ကစၿပီး … သားမွာ စိုးရိမ္စိတ္ေတြ မရွိေတာ့ဘူး အေဖ
အဲဒီေန႔က အေဖ့မ်က္လုံးထဲမွာ သိပ္ကိုျပတ္သားတဲ့ အရိပ္အေယာင္ေတြကို ျမင္လိုက္ရတယ္ …
အမွန္တရားကလြဲရင္ ဘယ္ဟာမွ အေရးမႀကီးဘူးဆိုတာ သိလိုက္ရတယ္…အေဖ
အမွန္တရားအတြက္ လုပ္ေနတယ္ဆိုတာကိုလည္း ပိုၿပီး သိလိုက္ရ ပါတယ္
အေဖပင္ပန္းေနၿပီ ေနာက္ေန႔တစ္ရက္ေတာ့ နားလိုက္ပါဦးဆိုတာကို ေအးပါ ေအးပါဆိုၿပီး ညေနပိုင္းကို ရေအာင္
ထြက္ေသးတယ္ ေနာ္ … အေဖအသက္ႀကီးၿပီ အေဖ … ၈၈ တုန္းကလည္း အေဖ
ဒုကၡမ်ိဳးစုံနဲ႔ေပးဆပ္ခဲ့ၿပီးပါၿပီ … အခုအခ်ိန္မွာ အေဖဝင္မပါလည္း ဘာမွမျဖစ္ပါဘူး
လူငယ္ေတြ လုပ္ၾကမွာေပါ့ သားတို႔လုပ္ရမွာေပါ့ … ေခါင္းမာလိုက္တာ အေဖေရ … အခုအခ်ိန္မွာ သား
အေဖတို႔နဲ႔ အတူမရွိႏိုင္တာကို ခြင့္လႊတ္ပါ အေဖ … သားလည္း အေဖ့ စိတ္ဓါတ္မ်ိဳးေတြရွိခ်င္လိုက္တာ
အေဖရယ္ … သားသာ အေဖ့ေနရာမွာဆိုရင္ ဒီလိုသတၱိ မ်ိဳးမရွိႏိုင္ပါဘူး
အေဖက်န္းမာေအာင္ေနေပးပါ အေဖ … အားလုံး အဆင္ေျပသြားတဲ့ တစ္ေန႔ … ဒီျပႆနာႀကီး ၿပီးသြားတဲ့တစ္ေန႔ …
အေဖၿပဳံးေနတာေလး ျမင္ခ်င္ေသးတယ္ အေဖ …ခ်စ္တဲ့ … လြမ္းတဲ့ …သား ” ဆိုၿပီး တင္ထားတာကို
မင္းေမာ္ကြန္းက ” အေဖနားပါအေဖ … သားတို႔ေတာင္ လူေရာ စိတ္ေရာ ပင္ပန္းေနတာ…အေဖဆို ပိုပင္ပန္းမွာ
မေျပာေပမယ့္ … သိေနလို႔ပါအေဖရယ္ … အေဖ့ကိုအရင္လိုထပ္ၿပီးနည္း … ေပါင္းစုံနဲ႔ ႏွိပ္စက္တာ မခံေစခ်င္ပါဘူး …
သားတာဝန္ထားပါအေဖ … အေမ့ကိုပဲေစာင့္ေလွ်ာက္ေပးပါ … အိမ္မွာ အေဖနဲ႔သား …
တစ္ေယာက္ေယာက္ေတာ့ရွိေနမွျဖစ္မွာပါ ” ဆိုတဲ့ စာေလးေရးကာ ထပ္ဆင့္ရွယ္ထားတာ ေတြ႕ရပါတယ္
ဒီစာသားေလးေတြရဲ႕ေနာက္မွာ ဖခင္ျဖစ္သူ ဇင္ဝိုင္းရဲ႕ တိုင္းျပည္ခ်စ္စိတ္ကို အထင္းသား ျမင္ေနရသလို …
သားျဖစ္သူ မင္းေမာ္ကြန္းရဲ႕ ” သား ဆိုတာ အား ” ဆိုသလို ဖခင္လို
တိုင္းျပည္ခ်စ္စိတ္ အျပည့္ရွိေနတာ ဝမ္းသာဖြယ္ ေတြ႕ျမင္ရပါတယ္…
ဒါ့အျပင္ တိုင္းျပည္တာဝန္ကို ထမ္းေဆာင္ေနရင္း မိသားစုႏွင့္ ဖခင္အတြက္ အတြက္ ရင္မေအး
ျဖစ္ေနပုံေလး ျမင္ရေတာ့ မ်က္ရည္ဝဲေအာင္ စိတ္မေကာင္းျဖစ္ရပါတယ္ … ဒီလို မိသားစု
တကြဲတျပားျဖစ္ရတာေတြ ဒီမိုကေရစီတိုက္ပြဲမွာ က်ဆုံးသြားတဲ့ အာဇာနည္ေတြရဲ႕
အျဖစ္ေတြ အားလုံးရဲ႕ တရားခံရေတာ့ မ အ လ ပင္ျဖစ္ပါေတာ့တယ္ ခင္ဗ်ာ
စာဖတ္သူအေပါင္း ေဘးဘယာ ေဝးကြာၾကပါေစ …