ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေးနေခြည်ဦးကတော့ အချိန်တိုလေးအတွင်းမှာ
အောင်မြင်မှုတွေသိမ်းပိုက်ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။
ချီချီလို့ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးကတော့ စကားပြောပွင့်လင်းသလို
သွက်သွက်လက်လက်နဲ့ အရမ်းကိုချစ်ဖို့ကောင်းသူ တစ်ယောက်ပဲဖြစ်ပါတယ်။ချီချီကတော့
လတ်တလောမှာ ပရိသတ်တွေရဲ့ဝေဖန်မှုကို ရရှိနေတာပဲဖြစ်ပါတယ်။နေခြည်ဦးက
စစ်တပ်မိသားစုကနေမွေးဖွားလာခဲ့သူ တစ်ယောက်ဖြစ်တာကြောင့်
အခုလိုတပ်မတော်က အာဏာသိမ်းယူမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုမှာ ပရိသတ်တွေရဲ့
ဝေဖန်မှုတွေရှိနေလို သူမကိုအားပေးကြတဲ့ ပရိသတ်တွေလည်း လျော့နည်းသွားခဲ့တာပဲဖြစ်ပါတယ်။
နေခြည်ဦးကတော့ အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်အနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့
ရပ်တည်ကာ ပြည်သူလူထုနဲ့ တသားတည်းရှိနေပေးတာပဲဖြစ်ပါတယ်။မနေ့ကဖေဖော်ဝါရီလ (၂၁)ရက်နေ့မှာလည်း
ချီချီက မန္တလေးမြို့၊စိန်ပန်းရပ်ကွက်နေ ပြည်သူများအတွက် ခြုံစောင်တွေကိုလည်းလှူဒါန်းပေးခဲ့ပါတယ်။
ဒီကနေ့ဖေဖော်ဝါရီလ(၂၂)ရက်နေ့ (၂၂၂၂၂)သပိတ်အတွက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ပြသနေကြတဲ့ ပြည်သူတွေကို
စားသောက်စရာများ သွားရောက်လှူဒါန်းခဲ့ကြောင်း မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။နေခြည်ဦးက“လှည်းတန်းက
ပြည်သူများအတွက် ကြာဇံကြော်ဘူး(၄၀၀၀)ကျော်၊ဘဲသားမုန့်(၁၀၀၀)၊
Royal D Hype ရေသန့်ဘူး(၅၀၀၀)ကို ဒီနေ့သူငယ်ချင်းတွေစုပြီး
လှူဖြစ်ကြပါတယ် အားလုံးပဲဂရုစိုက်ကြပါ နေခြည်တို့ အားလုံးနဲ့အတူတူရှိနေပါမယ်”ဆိုပြီးသူမရဲ့
လူမှုကွန်ယက်စာမျက်နှာကနေ ရေးသားမျှဝေလာခဲ့တာပဲဖြစ်ပါတယ်။နေခြည်ဦးကတော့ လက်ရှိအချိန်မှာ
ပြည်သူလူထုနဲ့အတူ တသားတည်းရှိနေပေးမယ်လို့ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။မြန်မာပြည်ကြီး
အမြန်ဆုံးအေးချမ်းသာယာပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း နေ့ရောညပါအခါခပ်သိမ်း
ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။
zawgyi
ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလးေနျခည္ဦးကေတာ့ အခ်ိန္တိုေလးအတြင္းမွာ
ေအာင္ျမင္မႈေတြသိမ္းပိုက္ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။
ခ်ီခ်ီလို႔ခ်စ္စႏိုးေခၚၾကတဲ့ ေနျခည္ဦးကေတာ့ စကားေျပာပြင့္လင္းသလို
သြက္သြက္လက္လက္နဲ႔ အရမ္းကိုခ်စ္ဖို႔ေကာင္းသူ တစ္ေယာက္ပဲျဖစ္ပါတယ္။ခ်ီခ်ီကေတာ့
လတ္တေလာမွာ ပရိသတ္ေတြရဲ႕ေဝဖန္မႈကို ရရွိေနတာပဲျဖစ္ပါတယ္။ေနျခည္ဦးက
စစ္တပ္မိသားစုကေနေမြးဖြားလာခဲ့သူ တစ္ေယာက္ျဖစ္တာေၾကာင့္
အခုလိုတပ္မေတာ္က အာဏာသိမ္းယူမႈေၾကာင့္ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္မႈမွာ ပရိသတ္ေတြရဲ႕
ေဝဖန္မႈေတြရွိေနလို သူမကိုအားေပးၾကတဲ့ ပရိသတ္ေတြလည္း ေလ်ာ့နည္းသြားခဲ့တာပဲျဖစ္ပါတယ္။
ေနျခည္ဦးကေတာ့ အ႐ြယ္ေရာက္ၿပီးသား လူငယ္တစ္ေယာက္အေနနဲ႔ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႔
ရပ္တည္ကာ ျပည္သူလူထုနဲ႔ တသားတည္းရွိေနေပးတာပဲျဖစ္ပါတယ္။မေန႔ကေဖေဖာ္ဝါရီလ (၂၁)ရက္ေန႔မွာလည္း
ခ်ီခ်ီက မႏၲေလးၿမိဳ႕၊စိန္ပန္းရပ္ကြက္ေန ျပည္သူမ်ားအတြက္ ၿခဳံေစာင္ေတြကိုလည္းလႉဒါန္းေပးခဲ့ပါတယ္။
ဒီကေန႔ေဖေဖာ္ဝါရီလ(၂၂)ရက္ေန႔ (၂၂၂၂၂)သပိတ္အတြက္ လမ္းေပၚထြက္ကာ ဆႏၵထုတ္ေဖာ္ျပသေနၾကတဲ့ ျပည္သူေတြကို
စားေသာက္စရာမ်ား သြားေရာက္လႉဒါန္းခဲ့ေၾကာင္း မွ်ေဝလာခဲ့တာပဲျဖစ္ပါတယ္။ေနျခည္ဦးက“လွည္းတန္းက
ျပည္သူမ်ားအတြက္ ၾကာဇံေၾကာ္ဘူး(၄၀၀၀)ေက်ာ္၊ဘဲသားမုန႔္(၁၀၀၀)၊
Royal D Hype ေရသန႔္ဘူး(၅၀၀၀)ကို ဒီေန႔သူငယ္ခ်င္းေတြစုၿပီး
လႉျဖစ္ၾကပါတယ္ အားလုံးပဲဂ႐ုစိုက္ၾကပါ ေနျခည္တို႔ အားလုံးနဲ႔အတူတူရွိေနပါမယ္”ဆိုၿပီးသူမရဲ႕
လူမႈကြန္ယက္စာမ်က္ႏွာကေန ေရးသားမွ်ေဝလာခဲ့တာပဲျဖစ္ပါတယ္။ေနျခည္ဦးကေတာ့ လက္ရွိအခ်ိန္မွာ
ျပည္သူလူထုနဲ႔အတူ တသားတည္းရွိေနေပးမယ္လို႔ ေျပာၾကားလာခဲ့တာပဲ ျဖစ္ပါတယ္။ျမန္မာျပည္ႀကီး
အျမန္ဆုံးေအးခ်မ္းသာယာပါေစလို႔ ဆုေတာင္းရင္း ပရိသတ္ႀကီးတို႔လည္း ေန႔ေရာညပါအခါခပ္သိမ္း
ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္။