unicode
နေပြည်တော်တွင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက အင်အားသုံး ဖြိုခွင်းဖို့ ကြိုးပမ်း
၂ ငါးလုံး လူထု လှုပ်ရှားမှု နွေဦးတော်လှန်ရေး အမည်တပ်ပြီးနေပြည်တော် ပျဉ်းမနားမြို့နယ်တွင်
လူထု လူတန်းစား အလွှာအသီးသီးက နှင်းဆီပန်းအဝိုင်းကို ပတ်၍ စစ်အာဏာသိမ်းမှုကို
အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြစဉ် လုံခြုံရေး တပ်ဖွဲ့ ဝင်များက
အင်အားသုံး ဖြိုခွင်းရန် ယနေ့ နံနက်ပိုင်းက ကြိုးပမ်းခဲ့သည်။
ပျဉ်းမနားမြို့ ၊ နှင်းဆီပန်းအဝိုင်း ရာဇဌာနီလမ်းမကြီး၊ ရန်ကုန်-မန္တလေးလမ်းဟောင်း
ရွာကောက်ရပ်ကွက်၊ ၈၅ တပ်အနီး၊ ပျဉ်းမနား-တောင်ညိုလမ်း နေပြည်တော်ဘက်သို့
အတက်လမ်းအားလုံးနှင့် ဇီဇဝါ အဝိုင်းတို့ကို ရဲနှင့် စစ်တပ်တို့
ပူးပေါင်းထားသည့် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ပိတ်ဆို့ထားသည်။
ယနေ့ နံနက်ပိုင်းမှ စတင်ကာ နေပြည်တော် ပျဉ်းမနားမြို့နယ်တွင် ၂ ငါးလုံး လူထုလှုပ်ရှားမှုအဖြစ်
လမ်း လျှောက် စစ်ကြောင်းများ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် သောင်းနှင့်ချီသော
လူအုပ်ကြီးသည် စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန့်ကျင် ဆန္ဒပြခဲ့သည်။ ရှမ်းကန်ကြီနဲ့
သပြေကုန်းအဝိုင်းဖက်မှာ ရဲများဖက်မှရိုက်နှက်ဖြိုခွင်းမှုတွေရှိခဲ့သော်လဲ
ပြောက်ကျားစနစ်ပုံစံမျိုးပါဆန္ဒထုပ်ဖော်လာကြတာကိုတွေ့ရပါတယ် တောင်ဖက်ကဖမ်းရေင်မြောက်ဖက်သွားပြ
မြောက်ဖက်ကဖမ်းရင်တောင်ဖက်သွားပြလုပ်နေပြီး ရတဲ့နည်းနဲ့ဆန္ဒထုပ်ဖော်ပြနေကြတာပါ
zawgyi
ေနျပည္ေတာ္တြင္ ဆႏၵျပသူမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ ဝင္မ်ားက အင္အားသုံး ၿဖိဳခြင္းဖို႔ ႀကိဳးပမ္း
၂ ငါးလုံး လူထု လႈပ္ရွားမႈ ေႏြဦးေတာ္လွန္ေရး အမည္တပ္ၿပီးေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္တြင္
လူထု လူတန္းစား အလႊာအသီးသီးက ႏွင္းဆီပန္းအဝိုင္းကို ပတ္၍ စစ္အာဏာသိမ္းမႈကို
အလိုမရွိေၾကာင္း ဆန႔္က်င္ ဆႏၵျပစဥ္ လုံၿခဳံေရး တပ္ဖြဲ႕ ဝင္မ်ားက
အင္အားသုံး ၿဖိဳခြင္းရန္ ယေန႔ နံနက္ပိုင္းက ႀကိဳးပမ္းခဲ့သည္။
ပ်ဥ္းမနားၿမိဳ႕ ၊ ႏွင္းဆီပန္းအဝိုင္း ရာဇဌာနီလမ္းမႀကီး၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္း
႐ြာေကာက္ရပ္ကြက္၊ ၈၅ တပ္အနီး၊ ပ်ဥ္းမနား-ေတာင္ညိဳလမ္း ေနျပည္ေတာ္ဘက္သို႔
အတက္လမ္းအားလုံးႏွင့္ ဇီဇဝါ အဝိုင္းတို႔ကို ရဲႏွင့္ စစ္တပ္တို႔
ပူးေပါင္းထားသည့္ လုံၿခဳံေရး တပ္ဖြဲ႕ ဝင္မ်ားက ပိတ္ဆို႔ထားသည္။
ယေန႔ နံနက္ပိုင္းမွ စတင္ကာ ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္တြင္ ၂ ငါးလုံး လူထုလႈပ္ရွားမႈအျဖစ္
လမ္း ေလွ်ာက္ စစ္ေၾကာင္းမ်ား၊ ေမာ္ေတာ္ဆိုင္ကယ္၊ ေမာ္ေတာ္ကားမ်ားျဖင့္ ေသာင္းႏွင့္ခ်ီေသာ
လူအုပ္ႀကီးသည္ စစ္အာဏာသိမ္းမႈကို အလိုမရွိေၾကာင္း ဆန႔္က်င္ ဆႏၵျပခဲ့သည္။ ရွမ္းကန္ႀကီနဲ႔
သေျပကုန္းအဝိုင္းဖက္မွာ ရဲမ်ားဖက္မွ႐ိုက္ႏွက္ၿဖိဳခြင္းမႈေတြရွိခဲ့ေသာ္လဲ
ေျပာက္က်ားစနစ္ပုံစံမ်ိဳးပါဆႏၵထုပ္ေဖာ္လာၾကတာကိုေတြ႕ရပါတယ္ ေတာင္ဖက္ကဖမ္းေရင္ေျမာက္ဖက္သြားျပ
ေျမာက္ဖက္ကဖမ္းရင္ေတာင္ဖက္သြားျပလုပ္ေနၿပီး ရတဲ့နည္းနဲ႔ဆႏၵထုပ္ေဖာ္ျပေနၾကတာပါ