Dhamma

စံကင္းဆရာေတာ္ဘုရားႀကီး၏ ကပ္ဆိုးေဘးဆိုးေတြကိုပယ္ေဖ်ာက္ေစတဲ့ဂါထာေတာ္

စံကင္းဆရာေတာ္ဘုရားႀကီး၏ ကပ္ဆိုးေဘးဆိုးေတြကိုပယ္ေဖ်ာက္ေစတဲ့ဂါထာေတာ္

စံကင္းဆရာေတာ္ႀကီးဟာ ဒီပါဠိေတာ္ႀကီးနဲ႔ သူတို႔ၿမိဳ႕မွာျဖစ္တဲ့ ကပ္ဆိုးေဘးႀကီးေတြကို ပယ္ေဖ်ာက္ေစခဲ့တယ္။

တစ္ခါေတာ့ ေရာဂါေဘးႀကီးေတြ က်ေရာက္လာလို႔ လူေတြတအားေသၾကတယ္။

ပရိတ္႐ြတ္တာေတာင္ ေတာ္ေတာ္နဲ႔မႏိုင္ဘူးျဖစ္ေနတယ္။

ဒါ့ေၾကာင့္ စံကင္း ဆရာေတာ္က အ႒ာနေမတံပါဠိကိုပါထည့္ၿပီး သံဃာေတာ္မ်ားကို ႐ြတ္ေစတယ္”

“အ႒ာနေမတံပါဠိေတာ္ႀကီးကို႐ြတ္မွပဲ ေသခါနီးလူနာေတြဟာ ေရာဂါေတြေပ်ာက္ကင္းၿပီး

အသက္ခ်မ္းသာရာျပန္ရသြားၾကတယ္။ ကပ္ေရာဂါ ေဘးႀကီးလည္း ေပ်ာက္ကင္းသြားတယ္။

ဆရာေတာ္ႀကီးဟာ အ႒ာနေမတံ ပါဠိေတာ္နဲ႔အတူ တစ္ျခားဂါထာသုံးဂါထာကို လူလာတိုင္း ေန႔စဥ္႐ြတ္ဖတ္ဖို႔

တိုက္တြန္းေလ့ရွိတယ္။ “ဆရာေတာ္ႀကီးကိုယ္တိုင္ အသက္ရွည္က်န္းမာစြာနဲ႔

သာသနာျပဳ ႏိုင္တာဟာ ဒီပါဠိေတာ္ေလးပုဒ္ေၾကာင့္ပဲလို႔ ယုံၾကည္တယ္။

ဒ့ါေၾကာင့္ ဆရာေတာ္ရဲ႕ စံကင္း႐ြာမွာ ေလးေထာင့္ေက်ာက္တိုင္ႀကီး တစ္တိုင္စိုက္ၿပီး ဒီပါဠိေတာ္ေလးပုဒ္ကို

ေရးထားတယ္။ ေန႔တိုင္းမ႐ြတ္ျဖစ္ေတာင္ ေက်ာက္တိုင္ရွိရာ ေရာက္လာလို႔ တစ္ေန႔တစ္ခါ႐ြတ္လည္း

အက်ိဳးမနည္းဘူးဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဒီေက်ာက္တိုင္ႀကီးကို စိုက္ခဲ့တာပါ” စံကင္းဆရာေတာ္၏

သက္ရွည္က်န္းမာ ေလးဂါထာ ေက်ာက္စာရဲ႕ပထမမ်က္ႏွာက ပါဠိ-အ႒ာန ေမတံ ဘိကၡေဝ

အနဝကာေသာ ယံ ပ႐ူပကၠေမန တထာဂတံ ဇီဝိတာ ေဝါေရာေပယ်။

အႏုပကၠေမန ဘိကၡေဝ တထာဂထာ ပရိနိဗၺာယႏၲိ ဧေတန သစၥေဇၨန ေသာတၳိ ေမ ေဟာတု သဗၺဒါ။

(ျမန္မာ)။ ။ရဟန္းတို႔ သူတစ္ပါးတို႔၏လုံ႔လပေယာဂျဖင့္ ဘုရားရွင္တို႔အား ဇီဝိတိေျႏၵမွခ်ျခင္းမည္သည္ မျဖစ္ႏိုင္

(လုပ္ႀကံသတ္ျဖတ္၍ ရျခင္းဟူသည္ မျဖစ္ႏိုင္ဟုဆိုလို) “ရဟန္းတို႔ ဘုရားရွင္တို႔သည္ သက္တမ္းအစဥ္ အတိုင္းေန၍

မိမိအလိုလိုသာလွ်င္ ပရိနိဗၺာန္ ဝင္စံၾကကုန္၏။

ဤမွန္ကန္ေသာ သစၥာစကားေၾကာင့္ ငါ့အား အၿမဲတမ္း က်န္းမာျခင္း ခ်မ္းသာျခင္း ျဖစ္ပါေစ” တဲ့။

ဒုတိယမ်က္ႏွာက – ပါဠိ- ဒိဝါတပတိ အာဒိေစၥာ ရတၱိမာဘာတိ စႏၵိမာ။ သႏၷေဒၶါ ခတၱိေယာ တပတိ ဈာယီ

တပတိ ျဗဟၼေဏာ။ အထ သဗၺမေဟာရတၱိ ဗုေဒၶါ တပတိ ေတဇသာ။ တာဒိသံ ေတဇသမၸႏၷံ ဗုဒၶံ ဝႏၵာမိ အာဒရံ။

နမကၠာရာႏုဘာေဝန သေဗၺ ပူေရႏၲဳ သကၤပၸါ။ (ျမန္မာ)။ ။ “ေနမင္းသည္ ေန႔အခါ၌သာလွ်င္ တင့္တယ္၏။

လမင္းသည္ ညအခါ၌သာလွ်င္ တင့္တယ္၏။ ျပည့္ရွင္မင္းသည္မင္းေျမာက္ တန္ဆာဆင္ယင္ေသာ အခါ၌သာလွ်င္ တင့္တယ္၏။

ရဟႏၲာပုဂၢိဳလ္သည္ ဈာန္သမာပတ္ ဝင္စားေသာ အခါ၌သာလွ်င္ တင့္တယ္ သပၸါယ္၏။ ဘုရားရွင္သည္

သီလ သမာဓိ ပညာ ပုည ဓမၼဟူေသာ တရားငါးမ်ိဳးတို႔ျဖင့္ ေန႔ေရာ ညပါ အၿမဲတန္းတင့္တယ္၏။ ထိုသို႔

တန္ခိုးေတာ္ အနႏၲႏွင့္ ျပည့္စုံေတာ္မူေသာ ျမတ္စြာဘုရားကို ႐ိုေသစြာ ရွိခိုးပါ၏။ ဤသို႔ ရွိခိုးရေသာ

တန္ခိုးတေဇာ္အာႏုေဘာ္ေၾကာင့္ အႀကံစည္မွန္သမွ် အလုံးစုံ ျပည့္ဝရပါလို၏” တဲ့ –

တတိယမ်က္ႏွာက – (ပါဠိ) နေမာ ေတ ပုရိသာဇည နေမာ ေတ ပုရိသုတၱမ။ နေမာ ေတ တိဏၰသံသာရ

နေမာ ေတ အမတံ ဒဒ။ (ျမန္မာ)။ ။ အာဇာနည္ေယာက္်ားျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏။

ျမင့္ျမတ္ေသာေယာက္်ားျဖစ္ေတာ္မူေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏။ သတၱဝါတို႔ကို သံသရာမွ

ကူးေျမာက္ကယ္တင္တတ္ေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏။ မေသရာနိဗၺာန္ကို ေပးေတာ္မူတတ္ေသာ ျမတ္စြာဘုရားအား ရွိခိုးပါ၏-တဲ့။

စတုတၳမ်က္ႏွာက – ပါဠိ- ေယစ ဗုဒၶါ အတီတာ စ ေယစ ဗုဒၶါ အနာဂတာ။ ပစၥဳပၸႏၷာ စ ေယဗုဒၶါ အဟံ ဝႏၵာမိ သဗၺဒါ။

(ျမန္မာ)။ ။ ပြင့္ေတာ္မူၿပီးသမွ်ေသာ ဘုရားရွင္အားလုံးတို႔အားလည္းေကာင္း ပြင့္ေတာ္မူလတၱံ့ေသာ ဘုရားရွင္

အားလုံးတို႔အား လည္းေကာင္း ပြင့္ေတာ္မူဆဲ ဘုရားရွင္အားလုံးတို႔အား လည္းေကာင္း တပည့္ေတာ္သည္ အခါခပ္သိမ္း ရွိခိုးပါ၏ တဲ့”

Credit – ေမတၱာရွင္(ေ႐ႊျပည္သာ)

unicode

စံကင်းဆရာတော်ဘုရားကြီး၏ ကပ်ဆိုးဘေးဆိုးတွေကိုပယ်ဖျောက်စေတဲ့ဂါထာတော်

စံကင်းဆရာတော်ကြီးဟာ ဒီပါဠိတော်ကြီးနဲ့ သူတို့မြို့မှာဖြစ်တဲ့ ကပ်ဆိုးဘေးကြီးတွေကို ပယ်ဖျောက်စေခဲ့တယ်။

တစ်ခါတော့ ရောဂါဘေးကြီးတွေ ကျရောက်လာလို့ လူတွေတအားသေကြတယ်။

ပရိတ်ရွတ်တာတောင် တော်တော်နဲ့မနိုင်ဘူးဖြစ်နေတယ်။

ဒါ့ကြောင့် စံကင်း ဆရာတော်က အဋ္ဌာနမေတံပါဠိကိုပါထည့်ပြီး သံဃာတော်များကို ရွတ်စေတယ်”

“အဋ္ဌာနမေတံပါဠိတော်ကြီးကိုရွတ်မှပဲ သေခါနီးလူနာတွေဟာ ရောဂါတွေပျောက်ကင်းပြီး

အသက်ချမ်းသာရာပြန်ရသွားကြတယ်။ ကပ်ရောဂါ ဘေးကြီးလည်း ပျောက်ကင်းသွားတယ်။

ဆရာတော်ကြီးဟာ အဋ္ဌာနမေတံ ပါဠိတော်နဲ့အတူ တစ်ခြားဂါထာသုံးဂါထာကို လူလာတိုင်း နေ့စဉ်ရွတ်ဖတ်ဖို့

တိုက်တွန်းလေ့ရှိတယ်။ “ဆရာတော်ကြီးကိုယ်တိုင် အသက်ရှည်ကျန်းမာစွာနဲ့

သာသနာပြု နိုင်တာဟာ ဒီပါဠိတော်လေးပုဒ်ကြောင့်ပဲလို့ ယုံကြည်တယ်။

ဒ့ါကြောင့် ဆရာတော်ရဲ့ စံကင်းရွာမှာ လေးထောင့်ကျောက်တိုင်ကြီး တစ်တိုင်စိုက်ပြီး ဒီပါဠိတော်လေးပုဒ်ကို

ရေးထားတယ်။ နေ့တိုင်းမရွတ်ဖြစ်တောင် ကျောက်တိုင်ရှိရာ ရောက်လာလို့ တစ်နေ့တစ်ခါရွတ်လည်း

အကျိုးမနည်းဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောက်တိုင်ကြီးကို စိုက်ခဲ့တာပါ” စံကင်းဆရာတော်၏

သက်ရှည်ကျန်းမာ လေးဂါထာ ကျောက်စာရဲ့ပထမမျက်နှာက ပါဠိ-အဋ္ဌာန မေတံ ဘိက္ခဝေ

အနဝကာသော ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။

အနုပက္ကမေန ဘိက္ခဝေ တထာဂထာ ပရိနိဗ္ဗာယန္တိ ဧတေန သစ္စဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

(မြန်မာ)။ ။ရဟန်းတို့ သူတစ်ပါးတို့၏လုံ့လပယောဂဖြင့် ဘုရားရှင်တို့အား ဇီဝိတိန္ဒြေမှချခြင်းမည်သည် မဖြစ်နိုင်

(လုပ်ကြံသတ်ဖြတ်၍ ရခြင်းဟူသည် မဖြစ်နိုင်ဟုဆိုလို) “ရဟန်းတို့ ဘုရားရှင်တို့သည် သက်တမ်းအစဉ် အတိုင်းနေ၍

မိမိအလိုလိုသာလျှင် ပရိနိဗ္ဗာန် ဝင်စံကြကုန်၏။

ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား အမြဲတမ်း ကျန်းမာခြင်း ချမ်းသာခြင်း ဖြစ်ပါစေ” တဲ့။

ဒုတိယမျက်နှာက – ပါဠိ- ဒိဝါတပတိ အာဒိစ္စော ရတ္တိမာဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ ဈာယီ

တပတိ ဗြဟ္မဏော။ အထ သဗ္ဗမဟောရတ္တိ ဗုဒ္ဓေါ တပတိ တေဇသာ။ တာဒိသံ တေဇသမ္ပန္နံ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။

နမက္ကာရာနုဘာဝေန သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ (မြန်မာ)။ ။ “နေမင်းသည် နေ့အခါ၌သာလျှင် တင့်တယ်၏။

လမင်းသည် ညအခါ၌သာလျှင် တင့်တယ်၏။ ပြည့်ရှင်မင်းသည်မင်းမြောက် တန်ဆာဆင်ယင်သော အခါ၌သာလျှင် တင့်တယ်၏။

ရဟန္တာပုဂ္ဂိုလ်သည် ဈာန်သမာပတ် ဝင်စားသော အခါ၌သာလျှင် တင့်တယ် သပ္ပါယ်၏။ ဘုရားရှင်သည်

သီလ သမာဓိ ပညာ ပုည ဓမ္မဟူသော တရားငါးမျိုးတို့ဖြင့် နေ့ရော ညပါ အမြဲတန်းတင့်တယ်၏။ ထိုသို့

တန်ခိုးတော် အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုးပါ၏။ ဤသို့ ရှိခိုးရသော

တန်ခိုးတဇော်အာနုဘော်ကြောင့် အကြံစည်မှန်သမျှ အလုံးစုံ ပြည့်ဝရပါလို၏” တဲ့ –

တတိယမျက်နှာက – (ပါဠိ) နမော တေ ပုရိသာဇည နမော တေ ပုရိသုတ္တမ။ နမော တေ တိဏ္ဏသံသာရ

နမော တေ အမတံ ဒဒ။ (မြန်မာ)။ ။ အာဇာနည်ယောက်ျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။

မြင့်မြတ်သောယောက်ျားဖြစ်တော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ သတ္တဝါတို့ကို သံသရာမှ

ကူးမြောက်ကယ်တင်တတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏။ မသေရာနိဗ္ဗာန်ကို ပေးတော်မူတတ်သော မြတ်စွာဘုရားအား ရှိခိုးပါ၏-တဲ့။

စတုတ္ထမျက်နှာက – ပါဠိ- ယေစ ဗုဒ္ဓါ အတီတာ စ ယေစ ဗုဒ္ဓါ အနာဂတာ။ ပစ္စုပ္ပန္နာ စ ယေဗုဒ္ဓါ အဟံ ဝန္ဒာမိ သဗ္ဗဒါ။

(မြန်မာ)။ ။ ပွင့်တော်မူပြီးသမျှသော ဘုရားရှင်အားလုံးတို့အားလည်းကောင်း ပွင့်တော်မူလတ္တံ့သော ဘုရားရှင်

အားလုံးတို့အား လည်းကောင်း ပွင့်တော်မူဆဲ ဘုရားရှင်အားလုံးတို့အား လည်းကောင်း တပည့်တော်သည် အခါခပ်သိမ်း ရှိခိုးပါ၏ တဲ့”

Credit – မေတ္တာရှင်(ရွှေပြည်သာ)