ဖုန္းနဲ႔ဆိုင္ကယ္လိုခ်င္လို ့ေစ်းမွာ တြန္းလွည္းဆြဲေနတဲ့ညီေလး
မထင္မွတ္ဘဲ ျပည္သူေတြအနာဂတ္အတြက္ေပးဆပ္ခဲ့ရျပီ
ကေလးေလးက သူ႔ဘဝမွာကိုယ္ပိုင္ဖုန္းေလးတစ္လုံးနဲ႔ ဆိုင္ကယ္ေလးတစ္စီးေလာက္
ရွိရင္ဆိုတဲ့ရည္မွန္းခ်က္နဲ႔ ပိုက္ဆံရွာ…စုဗူးေလးနဲ႔စုေနတာတဲ့။
မေန႔ကေတာ့ ၄၁ လမ္းေစ်း အလုပ္လုပ္ဖို့သြားရင္း မထင္မွတ္ဘဲ
ဆႏၵျပပြဲနဲ႔ၾကဳံလိုက္ရင္း မထင္မွတ္ဘဲေပးဆပ္လိုက္ခဲ့ရတယ္။
ေနာက္ေတာ့……ကေလးရဲ့ေမြးစားအေမဆိုသူနဲ႔ပဲေတြ႕ခဲ့ရတယ္။ဘြားေတာ္ခမ်ာ
ကေလးအေၾကာင္းေျပာျပေနရင္းနဲ႔ငိုလိုက္တာဆိုတာေလ ကေလးေလးက ေဝယံထြန္း။
အသက္က ၁၆ ႏွစ္။ မိဘနဲ႔မေနဘဲ မႏၲေလးတက္လာတာ။
ဖုန္းနဲ႔ဆိုင္ကယ္လိုခ်င္လို့ ေစ်းမွာတြန္းလွည္းဆြဲတယ္။
ေစ်းထဲမွာေတာ့ ေကာင္ေလးလို့ခ်စ္စနိုးေခၚၾကတယ္တဲ့။ လိမၼာတယ္။
ဘယ္သူနဲ႔ျဖစ္ျဖစ္ တည့္ေအာင္ေနတတ္တဲ့ကေလးေလးတဲ့။
unicode
ဖုန်းနဲ့ဆိုင်ကယ်လိုချင်လို့ဈေးမှာ တွန်းလှည်းဆွဲနေတဲ့ညီလေး
မထင်မှတ်ဘဲ ပြည်သူတွေအနာဂတ်အတွက်ပေးဆပ်ခဲ့ရပြီ
ကလေးလေးက သူ့ဘဝမှာကိုယ်ပိုင်ဖုန်းလေးတစ်လုံးနဲ့ ဆိုင်ကယ်လေးတစ်စီးလောက်
ရှိရင်ဆိုတဲ့ရည်မှန်းချက်နဲ့ ပိုက်ဆံရှာ…စုဗူးလေးနဲ့စုနေတာတဲ့။
မနေ့ကတော့ ၄၁ လမ်းဈေး အလုပ်လုပ်ဖို့သွားရင်း မထင်မှတ်ဘဲ
ဆန္ဒပြပွဲနဲ့ကြုံလိုက်ရင်း မထင်မှတ်ဘဲပေးဆပ်လိုက်ခဲ့ရတယ်။
နောက်တော့……ကလေးရဲ့မွေးစားအမေဆိုသူနဲ့ပဲတွေ့ခဲ့ရတယ်။ဘွားတော်ခမျာ
ကလေးအကြောင်းပြောပြနေရင်းနဲ့ငိုလိုက်တာဆိုတာလေ ကလေးလေးက ဝေယံထွန်း။
အသက်က ၁၆ နှစ်။ မိဘနဲ့မနေဘဲ မန္တလေးတက်လာတာ။
ဖုန်းနဲ့ဆိုင်ကယ်လိုချင်လို့ ဈေးမှာတွန်းလှည်းဆွဲတယ်။
ဈေးထဲမှာတော့ ကောင်လေးလို့ချစ်စနိုးခေါ်ကြတယ်တဲ့။ လိမ္မာတယ်။
ဘယ်သူနဲ့ဖြစ်ဖြစ် တည့်အောင်နေတတ်တဲ့ကလေးလေးတဲ့။