News

စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူး

ကမ္ဘာကသိသွားတဲ့ ဓနုဖြူကစေတနာရှင်မလေး

စိတ်ထားဖြူတဲ့ကလေးဒီကလေးမလေး(ဖရဲသီးစိတ်ရောင်းတဲ့ကလေး)

ကျွန်တော်မလေးစားဘဲမနေနိုင်တော့ဘူးကျွန်တော်တို့ကရှေ့ကကြိုပွိုင့်သွားတယ်

သူ့ရှေ့ရောက်တော့အမောပြေဝယ်စားမလို့

“သမီး တစ်စိတ်ဘယ်လောက်လဲ””တစ်စိတ် (၂၀၀ )သုံးစိတ် (၅၀၀) ပါဦးဦး”

“အေး အဲဒါဆို (၅၀၀ )ဖိုးထည့်””ရော့ ရပြီ ဦးဦး မပေးနဲ့ စားသွားနော်

ဖြစ်နိုင်ရင်အခုဆန္ဒဖော်ထုတ်တဲ့သူတွေအကုန်လုံးကို သမီးက ကျွေးချင်တာ”

အရင်းမရှိတော့ရင် အမေဆူမှာစိုးလို့””သမီး အရင်းက ဘယ်လောက်မို့လဲ”

“သိဘူး အမေ ကဖရဲသီးတစ်လုံးဝယ်ပြီးစိတ်ပေးလိုက်တာ”

ခန့်မှန်းပြီးအစိရေကြည့်လိုက်တော့ ကာလပေါက်ဈေး (၃၅၀၀/၄၀၀၀)

“သမီးတစ်ဗန်းလုံးဦးဝယ်မယ် (၅၀၀၀) ထား”

“အာ့လောက်အမြတ် သမီးမယူပါဘူး အရင်းဘဲပေး”

“အရင်းက (၂၈၀၀ )ထဲ သမီးအမြတ်လှူပါ့မယ်”

(နေ့လုပ်မှတစ်နေ့စားရတဲ့ကလေးကသူ့အမြတ်ကိုလှူမှာတဲ့ဗျာ ကျွန်တော်အံ့ဩဆွံ့အသွားတယ်)

“အေးသမီး အဲဒါဆို ဦးပေးမယ် သမီးလှူချင်တဲ့ဒါနမြောက်အောင် အခုဝေပေးလိုက်တော့”

“ဟုတ်”

“အကိုကြီးအမကြီးတို့အမောပြေစားသွားကြနော်

သမီးလှူတာပါ အားမနာပါနဲ့ စားသွားနော်”

(သူ့အသံဆာဆာလေးဖြင့်ပြောရင်းလှူနေတာသူ့ကိုကြည့်ပြီးကိုယ့်မှာပီတိဖြစ် လေးစားရပြီလေ)

ဆန္ဒဖော်ထုတ်တဲ့ လူတန်းဆုံးသွားတော့

“ဦးဦး ရေ ကုန်သွားပြီ”

“အေးအေးသမီးလှူလိုက်ရတာပျော်လား”

“ပျော်တာပေါ့ ဒိီထက်ပိုလှူချင်သေးတာ”

“အေး လှူရမှာပေါ့ ရော့သမီး ဖရဲသီးဖိုး”

သူ ပိုက်ဆံကို စစ်ကြည့်ပြီး။

” ဦးဦး ပိုက်ဆံပိုနေတယ်”

(သူစိတ်ဓါတ်ပိုလေးစားပြန်ပြီ ပိုငွေကိုသူမယူ)

“မပိုဘူး သမီး အရင်းက( ၃၀၀၀) ပိုတဲ့( ၃၀၀၀) ကသမီးစိတ်ဓာတ်ကိုလေးစားလို့ဆုချတာ”

(ကိုယ့်အိတ်ကပ်ထဲလဲ ၁၀၀၀ တန် ၆ ရွက်ဘဲကျန်တော့လို့)

“ဒါနဲ့ သမီးအသက်ဘယ်လောက်ရှိပြီလဲ”

“(၁၄) နှစ်ပါဦးဦး”

(ပိုပြီးလေးစားရပြီလေ ပညာမစုံသေးတဲ့ကလေးတစ်ယောက်ရဲ့စိတ်ဓါတ်က ပညာတက်ဘွဲ့ရပြီး

လုပ်ငန်းခွင်မှာကျင်လည်ကျက်စားပြီး CDM ကိုမပါဝင်နိုင်ကြတဲ့လက်ရှိရုံးတက်နေတဲ့ဝန်ထမ်းတွေထက်သာတယ်)

ဒီနေ့ကိုယ်တွေ့ဖြစ်ရပ်မှန်ပါ

တစ်နေ့လုပ်မှတစ်နေ့စားမိသားစုကမွေးဖွားထားတဲ့လေးစားထိုက်တဲ့သမီးငယ်လေးကိုလေးစားဂုဏ်ယူစွာဖြင့်

ဓနုဖြူမာစတာ ဓနုဖြူမာစတာ

zawgyi

ကမာၻကသိသြားတဲ့ ဓႏုျဖဴကေစတနာရွင္မေလး

စိတ္ထားျဖဴတဲ့ကေလးဒီကေလးမေလး(ဖရဲသီးစိတ္ေရာင္းတဲ့ကေလး)

ကြၽန္ေတာ္မေလးစားဘဲမေနႏိုင္ေတာ့ဘူးကြၽန္ေတာ္တို႔ကေရွ႕ကႀကိဳပြိဳင့္သြားတယ္

သူ႔ေရွ႕ေရာက္ေတာ့အေမာေျပဝယ္စားမလို႔

“သမီး တစ္စိတ္ဘယ္ေလာက္လဲ””တစ္စိတ္ (၂၀၀ )သုံးစိတ္ (၅၀၀) ပါဦးဦး”

“ေအး အဲဒါဆို (၅၀၀ )ဖိုးထည့္””ေရာ့ ရၿပီ ဦးဦး မေပးနဲ႔ စားသြားေနာ္

ျဖစ္ႏိုင္ရင္အခုဆႏၵေဖာ္ထုတ္တဲ့သူေတြအကုန္လုံးကို သမီးက ေကြၽးခ်င္တာ”

အရင္းမရွိေတာ့ရင္ အေမဆူမွာစိုးလို႔””သမီး အရင္းက ဘယ္ေလာက္မို႔လဲ”

“သိဘူး အေမ ကဖရဲသီးတစ္လုံးဝယ္ၿပီးစိတ္ေပးလိုက္တာ”

ခန႔္မွန္းၿပီးအစိေရၾကည့္လိုက္ေတာ့ ကာလေပါက္ေဈး (၃၅၀၀/၄၀၀၀)

“သမီးတစ္ဗန္းလုံးဦးဝယ္မယ္ (၅၀၀၀) ထား”

“အာ့ေလာက္အျမတ္ သမီးမယူပါဘူး အရင္းဘဲေပး”

“အရင္းက (၂၈၀၀ )ထဲ သမီးအျမတ္လႉပါ့မယ္”

(ေန႔လုပ္မွတစ္ေန႔စားရတဲ့ကေလးကသူ႔အျမတ္ကိုလႉမွာတဲ့ဗ်ာ ကြၽန္ေတာ္အံ့ဩဆြံ႕အသြားတယ္)

“ေအးသမီး အဲဒါဆို ဦးေပးမယ္ သမီးလႉခ်င္တဲ့ဒါနေျမာက္ေအာင္ အခုေဝေပးလိုက္ေတာ့”

“ဟုတ္”

“အကိုႀကီးအမႀကီးတို႔အေမာေျပစားသြားၾကေနာ္

သမီးလႉတာပါ အားမနာပါနဲ႔ စားသြားေနာ္”

(သူ႔အသံဆာဆာေလးျဖင့္ေျပာရင္းလႉေနတာသူ႔ကိုၾကည့္ၿပီးကိုယ့္မွာပီတိျဖစ္ ေလးစားရၿပီေလ)

ဆႏၵေဖာ္ထုတ္တဲ့ လူတန္းဆုံးသြားေတာ့

“ဦးဦး ေရ ကုန္သြားၿပီ”

“ေအးေအးသမီးလႉလိုက္ရတာေပ်ာ္လား”

“ေပ်ာ္တာေပါ့ ဒိီထက္ပိုလႉခ်င္ေသးတာ”

“ေအး လႉရမွာေပါ့ ေရာ့သမီး ဖရဲသီးဖိုး”

သူ ပိုက္ဆံကို စစ္ၾကည့္ၿပီး။

” ဦးဦး ပိုက္ဆံပိုေနတယ္”

(သူစိတ္ဓါတ္ပိုေလးစားျပန္ၿပီ ပိုေငြကိုသူမယူ)

“မပိုဘူး သမီး အရင္းက( ၃၀၀၀) ပိုတဲ့( ၃၀၀၀) ကသမီးစိတ္ဓာတ္ကိုေလးစားလို႔ဆုခ်တာ”

(ကိုယ့္အိတ္ကပ္ထဲလဲ ၁၀၀၀ တန္ ၆ ႐ြက္ဘဲက်န္ေတာ့လို႔)

“ဒါနဲ႔ သမီးအသက္ဘယ္ေလာက္ရွိၿပီလဲ”

“(၁၄) ႏွစ္ပါဦးဦး”

(ပိုၿပီးေလးစားရၿပီေလ ပညာမစုံေသးတဲ့ကေလးတစ္ေယာက္ရဲ႕စိတ္ဓါတ္က ပညာတက္ဘြဲ႕ရၿပီး

လုပ္ငန္းခြင္မွာက်င္လည္က်က္စားၿပီး CDM ကိုမပါဝင္ႏိုင္ၾကတဲ့လက္ရွိ႐ုံးတက္ေနတဲ့ဝန္ထမ္းေတြထက္သာတယ္)

ဒီေန႔ကိုယ္ေတြ႕ျဖစ္ရပ္မွန္ပါ

တစ္ေန႔လုပ္မွတစ္ေန႔စားမိသားစုကေမြးဖြားထားတဲ့ေလးစားထိုက္တဲ့သမီးငယ္ေလးကိုေလးစားဂုဏ္ယူစြာျဖင့္

ဓႏုျဖဴမာစတာ ဓႏုျဖဴမာစတာ