ဒီနေ့ မြေနီကုန်းကအပြန် ဆူးလေကို Free ride ရလို့ တက်စီးလာခဲ့တာ တကယ့်ပျော်စရာကြီး
ဦးလေးကြီးကလည်း တကယ့်ချစ်စရာကြီး။ နောက်နေ့တွေလည်း
ဒီကားကိုတွေ့ရင်တားတဲ့၊ ဘယ်ဖြစ်ဖြစ်လိုက်ပို့ပေးမယ်တဲ့။
သမီးတို့ခေါ်တာ ဦးလေးမကြားရင် ကားကိုခဲနဲ့သာထုလိုက် စိတ်မဆိုးဘူးတဲ့။
ဆူးလေရောက်တော့ မြို့တော်ခန်းမနားမှာလမ်းပိတ်ထားလို့ သိမ်ကြီးစျေးကပဲ
လမ်းဆင်းလျှောက်မယ်ဆိုတာကို ကမ်းနားလမ်းကနေဆင်းပြီး
ပန်းဆိုးတန်းလမ်းကနေ မဟာဗန္ဓုလလမ်းကိုပြန်တက်ပေးတယ်။
ရပါတယ်ဆိုတာကို ဆန္ဒပြတဲ့ကလေးတွေပင်ပန်းမှာစိုးလို့တဲ့။ ဦးက
ဒီလိုလိုက်ပို့ပေးနေရတာကိုက ပျော်နေတာတဲ့လေ။ သြော် ပြည်သူတွေ…
Hsu Nge
zawgyi
19.2.21
ဆူးလေရောက်တော့ မြို့တော်ခန်းမနားမှာလမ်းပိတ်ထားလို့ သိမ်ကြီးဈေးကပဲ
Hsu Nge