Celebrities

မော်ဒယ်များကို CDM အားမပေးဖို့ ပြောတဲ့ဂျွန်လွင်ရဲ့အသံဖိုင် လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့

Unicode

ဂျွန်လွင်ရဲ့ မော်ဒယ်များကို CDM အားမပေးဖို့ ပြောတဲ့အသံဖိုင် လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့

လူမှုကွန်ယက်မှာ ဂျွန်လွင်ရဲ့အသံနဲ့ ဖိုင်တစ်ခု ပြည်သူတွေကြားမှာ ပြန့်နှံလျက်ရှိပြီး အဆိုပါ

အသံဖိုင်နှင့် ပတ်သက်ပြီး ဂျွန်လွင်ကို ဝေဖန်မှုများ ရှိနေတယ်လို့

သတင်းရရှိထားပါတယ်။ အဲ့ဒီ အသံဖိုင်ထဲမှာ CDM ကို အားပေးမယ်ဆိုရင်

မော်ဒယ်တွေအနေနဲ့ သေချာ စဉ်းစားပြီးမှ လုပ်သင့်ကြောင်းနဲ့ CDM ကို အားပေးတာမျိုးက

စစ်ကောင်စီမှ မလိုလားတာကြောင့် မိသားစုတွေပါ ဒုက္ခရောက်နိုင်ကြောင်း သတိပေးထားတာ

ဖြစ်ပါတယ်။ ဂျွန်လွင့်ဆီကို သက်ဆိုင်ရာက ဖုန်းနဲ့ သတိပေးလာတဲ့အတွက် သူကလဲ

CDM နဲ့ဆိုင်တဲ့ ပိုစ့်တွေကို သူ့အကောင့်ကနေ ဖျက်လိုက်ပြီလို့လဲ ပြောဆိုထားပါတယ်။

ပြည်သူတွေရဲ့ ဝေဖန်မှုတွေကြောင့် ဂျွန်လွင်ရဲ့ ဖေ့ဘွတ်အကောင့် အခု Deactivate

ပြုလုပ်သွားတာကိုလဲ သိရှိရပါတယ်။ “ဂျွန်လွင်က တစ်ချိန်က စစ်တပ်နဲ့ အရမ်းရင်းနှီးတဲ့

Grand Royal အရက် IBTC က ဦးအောင်မိုးကျော်ရဲ့ ညီအရင်းဖြစ်တယ်” လို့လဲ အလွတ်တန်း

သတင်းထောက် မြတ်ကျော်သူ (Mratt Kyaw Thu) က ပြောထားပါတယ်။

ယခုအခါ စစ်တပ်ဘက်မှ CDM တွင် ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံ့ဝန်ထမ်းများတွေကိုရော

အားပေးနေသူတွေကိုရော အရှိန်အဟုန်မြှင့်ပြီး ဖမ်းဆီး ထိန်းသိမ်းနေတာကို တွေ့နေရပြီး

ပြည်သူတွေဘက်မှလဲ CDM ကို တစ်စိုက်မတ်မတ် တွန်းအားပေးပြီး

နိုင်ငံ့ဝန်ထမ်းတွေကလဲ CDM ကို ပိုပြီး တိုးမြှင့်လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

credit org

zawgyi

ဂြၽန္လြင္ရဲ႕ ေမာ္ဒယ္မ်ားကို CDM အားမေပးဖို႔ ေျပာတဲ့အသံဖိုင္ လူမႈကြန္ယက္ေပၚမွာပ်ံ႕ႏွံ႔

လူမႈကြန္ယက္မွာ ဂြၽန္လြင္ရဲ႕အသံနဲ႔ ဖိုင္တစ္ခု ျပည္သူေတြၾကားမွာ ျပန႔္ႏွံလ်က္ရွိၿပီး အဆိုပါ

အသံဖိုင္ႏွင့္ ပတ္သက္ၿပီး ဂြၽန္လြင္ကို ေဝဖန္မႈမ်ား ရွိေနတယ္လို႔

သတင္းရရွိထားပါတယ္။ အဲ့ဒီ အသံဖိုင္ထဲမွာ CDM ကို အားေပးမယ္ဆိုရင္

ေမာ္ဒယ္ေတြအေနနဲ႔ ေသခ်ာ စဥ္းစားၿပီးမွ လုပ္သင့္ေၾကာင္းနဲ႔ CDM ကို အားေပးတာမ်ိဳးက

စစ္ေကာင္စီမွ မလိုလားတာေၾကာင့္ မိသားစုေတြပါ ဒုကၡေရာက္ႏိုင္ေၾကာင္း သတိေပးထားတာ

ျဖစ္ပါတယ္။ ဂြၽန္လြင့္ဆီကို သက္ဆိုင္ရာက ဖုန္းနဲ႔ သတိေပးလာတဲ့အတြက္ သူကလဲ

CDM နဲ႔ဆိုင္တဲ့ ပိုစ့္ေတြကို သူ႔အေကာင့္ကေန ဖ်က္လိုက္ၿပီလို႔လဲ ေျပာဆိုထားပါတယ္။

ျပည္သူေတြရဲ႕ ေဝဖန္မႈေတြေၾကာင့္ ဂြၽန္လြင္ရဲ႕ ေဖ့ဘြတ္အေကာင့္ အခု Deactivate

ျပဳလုပ္သြားတာကိုလဲ သိရွိရပါတယ္။ “ဂြၽန္လြင္က တစ္ခ်ိန္က စစ္တပ္နဲ႔ အရမ္းရင္းႏွီးတဲ့

Grand Royal အရက္ IBTC က ဦးေအာင္မိုးေက်ာ္ရဲ႕ ညီအရင္းျဖစ္တယ္” လို႔လဲ အလြတ္တန္း

သတင္းေထာက္ ျမတ္ေက်ာ္သူ (Mratt Kyaw Thu) က ေျပာထားပါတယ္။

ယခုအခါ စစ္တပ္ဘက္မွ CDM တြင္ ပါဝင္လႈပ္ရွားေနတဲ့ ႏိုင္ငံ့ဝန္ထမ္းမ်ားေတြကိုေရာ

အားေပးေနသူေတြကိုေရာ အရွိန္အဟုန္ျမႇင့္ၿပီး ဖမ္းဆီး ထိန္းသိမ္းေနတာကို ေတြ႕ေနရၿပီး

ျပည္သူေတြဘက္မွလဲ CDM ကို တစ္စိုက္မတ္မတ္ တြန္းအားေပးၿပီး

ႏိုင္ငံ့ဝန္ထမ္းေတြကလဲ CDM ကို ပိုၿပီး တိုးျမႇင့္လုပ္ေဆာင္ေနၾကတာ ျဖစ္ပါတယ္။

credit org