ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများ ဆန္ဒထုတ်ဖော်မှုကို KNU က လုံခြုံရေး ဆောင်ရွက်ပေး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့(ဖေဖော်ဝါရီ ၁၉ )တွင် ဒေသခံပြည်သူအပါအ၀င် ပညာရေးနှင့်
ကျန်းမာရေးဋ္ဌာနတို့ရှိ ၀န်ထမ်းများ ပူးပေါင်းဆန္ဒထုတ်ဖော်လျှက်ရှိရာ
ကရင်အမျိုးသအစည်းအရုံး (KNU) က လုံခြုံရေးဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
ယနေ့တွင် ကော့ကရိတ်မြို့နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူများဆန္ဒထုတ်ဖော်ရာသို့
တပ်မတော်၏ လုံခြုံရေးတပ်ဖွဲ့၀င်များကလာရောက်တားမြစ်ခြင်းမရှိသော်လည်း
အကြမ်းဖက်မှုများဖြစ်လာပါက ပြည်သူလူထုအား ကာကွယ်ပေးရန်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNU/KNLA-PC )က
လုံခြုံရေးဆောင်ရွက်ပေးခြင်းဖြင့်ကြောင်း ထုတ်ပြန်ထားသည်။
MYN
ဓာတ်ပုံ-KNU credit
zawgyi
MYN
ဓာတ်ပုံ-KNU credit