စစ်တပ်ပိုင် မြဝတီဘဏ် ကြာကြာတောင့်မခံနိုင်တော့ပဲ ပြိုလဲမည့် အခြေအနေ ကြုံတွေ့နေရပြီ..
မြန်မာစစ်တပ်က ပိုင်ဆိုင်၍ ဦးပိုင်က ဦးစီးလုပ်ကိုင်နေသည့် မြဝတီဘဏ်အနေနှင့် ငွေစုထားသူများ
ယခုပုံစံအတိုင်း ငွေဆက်လုပ်ထုတ်နေမည်ဆိုပါက တလနီးပါးပင်
တောင့်ခံနိုင်တော့မည်မဟုတ်ဟု ဘဏ်ဝန်ထမ်းများက ဖုန်းဆက်၍ ပြောပါသည်။
“တလတောင် မဟုတ်ဘူး။ ဒီအတိုင်းသာဆို တပတ်တောင် ခံပါ့မလား မသိပါဘူး”
ဟု မြဝတီဘဏ်ဝန်ထမ်းတွေက ဆိုသည်။
မြဝတီဘဏ်မှာ ဦးပိုင်ဟု လူသိများသည့် (မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်)
က ဦးစီးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများအနက် တခုအပါအဝင်ဖြစ်ပြီး တပ်မတော်သားများနှင့်
၄င်းတို့၏မိသားစုဝင်များ အထူးအားထားရသည့် ဘဏ်တခုဖြစ်သည်။
ဘဏ်ပြိုလဲနိုင်ခြေရှိနေသည်ကို ဘဏ်ဝန်ထမ်းများကလည်း စိုးရိမ်နေကြပြီး အပေါ်ပိုင်းတွင် တတ်သိပညာရှင်များ
နည်းပါးသည့်အတွက် ယခုကြုံတွေ့နေရသည့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲရှိနေကြသည်ဟု သိရသည်။
ဘဏ်များသည် ကာစတန်မာများက ၎င်းတို့ထံ စုဆောင်းထားသည့် ငွေများအားလုံးကို ငွေတိုက် (Vault)
အတွင်း သိမ်းဆည်းပေးထားခြင်း မဟုတ်ဘဲ ငွေချေးခြင်း၊ ကျန်စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၊
အိမ်ခြံမြေအရောင်းအဝယ်လုပ်ခြင်းများတွင် ငွေကိုလှည့်၍ အသုံးပြုလေ့ရှိကြသည်။
စုငွေများကို ဆက်တိုက်ထုတ်ယူပါက ဘဏ်တွင်ရှိနေသည့် ငွေမလုံလောက်မှု
ဆက်တိုက်ဖြစ်လာနိုင်ပြီး ဘဏ်ပြိုလဲသည်အထိ ဖြစ်လာနိုင်သည်။
တရားမဝင် အာဏာသိမ်းမှုရဲ့ အကျိုးဆက် တပ်ပိုင် မြဝတီဘဏ် ပိုက်ဆံ ပြန်မပေးနိုင်တော့လို့
ဒီနေ့ (၁၉/၂/၂၀၂၁) ရန်ကင်း (မြဝတီဘဏ်) က စပြီး ပိတ်လိုက်ပါပြီ၊
မြဝတီဘဏ်မှာ ပိုက်ဆံ အပ်ထားတဲ့ လူတွေ ကံကောင်းကြပါစေ..။
zawgyi
စစ္တပ္ပိုင္ ျမဝတီဘဏ္ ၾကာၾကာေတာင့္မခံႏိုင္ေတာ့ပဲ ၿပိဳလဲမည့္ အေျခအေန ႀကဳံေတြ႕ေနရၿပီ..
ျမန္မာစစ္တပ္က ပိုင္ဆိုင္၍ ဦးပိုင္က ဦးစီးလုပ္ကိုင္ေနသည့္ ျမဝတီဘဏ္အေနႏွင့္ ေငြစုထားသူမ်ား
ယခုပုံစံအတိုင္း ေငြဆက္လုပ္ထုတ္ေနမည္ဆိုပါက တလနီးပါးပင္
ေတာင့္ခံႏိုင္ေတာ့မည္မဟုတ္ဟု ဘဏ္ဝန္ထမ္းမ်ားက ဖုန္းဆက္၍ ေျပာပါသည္။
“တလေတာင္ မဟုတ္ဘူး။ ဒီအတိုင္းသာဆို တပတ္ေတာင္ ခံပါ့မလား မသိပါဘူး”
ဟု ျမဝတီဘဏ္ဝန္ထမ္းေတြက ဆိုသည္။
ျမဝတီဘဏ္မွာ ဦးပိုင္ဟု လူသိမ်ားသည့္ (ျမန္မာ့စီးပြားေရးဦးပိုင္ အမ်ားႏွင့္သက္ဆိုင္ေသာ ကုမၸဏီလီမိတက္)
က ဦးစီးလုပ္ကိုင္ေနသည့္ စီးပြားေရးလုပ္ငန္းမ်ားအနက္ တခုအပါအဝင္ျဖစ္ၿပီး တပ္မေတာ္သားမ်ားႏွင့္
၄င္းတို႔၏မိသားစုဝင္မ်ား အထူးအားထားရသည့္ ဘဏ္တခုျဖစ္သည္။
ဘဏ္ၿပိဳလဲႏိုင္ေျခရွိေနသည္ကို ဘဏ္ဝန္ထမ္းမ်ားကလည္း စိုးရိမ္ေနၾကၿပီး အေပၚပိုင္းတြင္ တတ္သိပညာရွင္မ်ား
နည္းပါးသည့္အတြက္ ယခုႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ အခက္အခဲရွိေနၾကသည္ဟု သိရသည္။
ဘဏ္မ်ားသည္ ကာစတန္မာမ်ားက ၎တို႔ထံ စုေဆာင္းထားသည့္ ေငြမ်ားအားလုံးကို ေငြတိုက္ (Vault)
အတြင္း သိမ္းဆည္းေပးထားျခင္း မဟုတ္ဘဲ ေငြေခ်းျခင္း၊ က်န္စီးပြားေရးလုပ္ငန္းမ်ားတြင္ ရင္းႏွီးျမႇဳပ္ႏွံျခင္း၊
အိမ္ၿခံေျမအေရာင္းအဝယ္လုပ္ျခင္းမ်ားတြင္ ေငြကိုလွည့္၍ အသုံးျပဳေလ့ရွိၾကသည္။
စုေငြမ်ားကို ဆက္တိုက္ထုတ္ယူပါက ဘဏ္တြင္ရွိေနသည့္ ေငြမလုံေလာက္မႈ
ဆက္တိုက္ျဖစ္လာႏိုင္ၿပီး ဘဏ္ၿပိဳလဲသည္အထိ ျဖစ္လာႏိုင္သည္။
တရားမဝင္ အာဏာသိမ္းမႈရဲ႕ အက်ိဳးဆက္ တပ္ပိုင္ ျမဝတီဘဏ္ ပိုက္ဆံ ျပန္မေပးႏိုင္ေတာ့လို႔
ဒီေန႔ (၁၉/၂/၂၀၂၁) ရန္ကင္း (ျမဝတီဘဏ္) က စၿပီး ပိတ္လိုက္ပါၿပီ၊
ျမဝတီဘဏ္မွာ ပိုက္ဆံ အပ္ထားတဲ့ လူေတြ ကံေကာင္းၾကပါေစ..။