News

ဘဘဦးဝင်းထိန်ကို နေပြည်တော် တရားသူကြီးချုပ် ရုံးခန်းမှာ ရှေ့နေမပါပဲ စစ်ဆေးခဲ့တဲ့ အခြေအနေ

ဘဘဦးဝင်းထိန်ကို နေပြည်တော် တရားသူကြီးချုပ် ရုံးခန်းမှာ ရှေ့နေမပါပဲ စစ်ဆေးခဲ့တဲ့ အခြေအနေ..

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ နာယက ဖြစ်သူ ဘဘဦးဝင်းထိန်ကို ဒီနေ့မနက်ပိုင်းက နေပြည်တော်

ဒက္ခိဏခရိုင် တရားသူကြီးချုပ်ရုံးခန်းကနေ Video Conferencing နဲ့ ရမန် ထပ်ယူတယ်လို့ ကြားသိရပါတယ်..

ဘဘကို စွပ်စွဲထားတဲ့ ပုဒ်မကတော့ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ ဖြစ်ပြီး ဒက္ခိဏခရိုင်

ဒုတိယတရားသူကြီးရုံး မှာ အမှုစွဲတင်ထားပေမယ့် အဲ့ဒီရုံးခန်းမှာ Video Conferencing လုပ်ဖို့

အဆင်မပြေလို့ တရားသူကြီးချုပ်ရုံးခန်းမှာပဲ ပြုလုပ်တယ်လို့လည်း သိရပါတယ်..

ဘဘအတွက် ခုခံကာကွယ်ဖို့ ဒေါ်ရွက်နုအောင်၊ ဒေါ်မင်းမင်းစိုး၊ ဦးကျော်စိုးလင်းတို့ ဦးဆောင်တဲ့

ရှေ့နေအဖွဲ့က လူချင်းတွေ့ ပြီး ကိုယ်စားလှယ်လွှဲစာ ယူဖို့ ကြိုးစားနေပေမယ့် VC ပြုလုပ်တဲ့

အချိန်မှာတောင် ရုပ်မပြဘဲ ကြားနာနေမှု အသံသာ နားထောင်နေရပါတယ်တဲ့..

ဘဘက တရားသူကြီးကို “ရှေ့နေငှားခွင့်ရှိသလား” လို့ မေးတာ တဖက်က “ရှိပါတယ်၊

ဒါပေမယ့် ခင်ဗျား ပါဝါ လွှဲထားတာ မရှိသေးဘူးနော်” ပြန်ပြောလို့ ဘဘကလည်း ခပ်ပြတ်ပြတ်ပဲ.

. “ဒါဆိုလည်း ခင်ဗျားတို့ ကျုပ်ကို မြန်မြန် ထောင်ချလိုက်” လို့ ပြောသံကြားတာနဲ့ ရှေ့နေတွေက

ကျတော်၊ ကျမတို့ ရောက်နေပါပြီ လို့ အော်ပြောတာကို တရားသူကြီးက အသံပိတ်လိုက်ပါတယ်..

(ဘယ်မှာ ချုပ်ထားမှန်းမသိ၊ လူချင်း တွေ့ ခွင့်မပေးဘဲ ကိုယ်စားလှယ်လွှဲစာ ဘယ်လို ယူမလဲ)

ခုတော့ ကိုယ့်နည်းကိုယ့်ဟန် စုံစမ်းရင်း ဘဘကို နေပြည်တော် ထောင်ကြီးချုပ်မှာ ချုပ်ထားမှန်း

သေချာသွားလို့ ရှေ့နေအဖွဲ့က ကိုယ်စားလှယ်လွှဲစာ လက်မှတ်ထိုးဖို့ လိုက်သွားရာမှာ စာချုပ်သာ

ထားခဲ့ရပြီး လူချင်းတွေ့ခွင့် မရပါဘူး.. ကိုယ်စားလှယ်လွှဲတဲ့ လက်မှတ် သူတို့ ယူထားပေးမယ်၊ ညနေမှ လာယူပါတဲ့..

အစကတော့ ဘဘလို အသက်အရွယ်အရလည်း ၈၀ ကျော်၊ လူ့ခန္ဓာကိုယ်ကလည်း တုတ်ကောက်ကို

အမှီသဟဲပြုလို့ တခါတရံ ဝှီးချဲ အသုံးပြုရတဲ့ လူတယောက်ကို ဟိုရိပ်သာ၊ ဒီရိပ်သာမှာ ကောင်းကောင်း

ထားသလို အသံလွှင့်ထားပြီး တကယ်တမ်း က ထောင်ကြီးချုပ်မှာ

ချုပ်ထားပြီး မတရားတဲ့ ပုဒ်မတပ် တရားစွဲ ဖို့ ကြံစီနေတာပါ..

အမေစု၊ သမ္မတကြီးဦးဝင်မြင့်နဲ့တကွ မတရားဖမ်းစီးခံထားရသူတွေ အမြန်လွတ်မြောက်ဖို့၊

စစ်အာဏာရှင်စနစ် ကျဆုံးဖို့ ပြည်သူတွေအားလုံး တိုက်ပွဲဝင်နေတာမို့

တနေ့ကုန်တိုင်း ပန်းတိုင်နဲ့ တရက် ပိုနီးလာတယ်လို့သာ တွေးကြပါ..

စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်.. (ပိုးဖြူသန့်)

zawgyi

ဘဘဦးဝင္းထိန္ကို ေနျပည္ေတာ္ တရားသူႀကီးခ်ဳပ္ ႐ုံးခန္းမွာ ေရွ႕ေနမပါပဲ စစ္ေဆးခဲ့တဲ့ အေျခအေန..

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ရဲ႕ နာယက ျဖစ္သူ ဘဘဦးဝင္းထိန္ကို ဒီေန႔မနက္ပိုင္းက ေနျပည္ေတာ္

ဒကၡိဏခ႐ိုင္ တရားသူႀကီးခ်ဳပ္႐ုံးခန္းကေန Video Conferencing နဲ႔ ရမန္ ထပ္ယူတယ္လို႔ ၾကားသိရပါတယ္..

ဘဘကို စြပ္စြဲထားတဲ့ ပုဒ္မကေတာ့ ႏိုင္ငံေတာ္ ပုန္ကန္မႈ ပုဒ္မ ၁၂၄ ျဖစ္ၿပီး ဒကၡိဏခ႐ိုင္

ဒုတိယတရားသူႀကီး႐ုံး မွာ အမႈစြဲတင္ထားေပမယ့္ အဲ့ဒီ႐ုံးခန္းမွာ Video Conferencing လုပ္ဖို႔

အဆင္မေျပလို႔ တရားသူႀကီးခ်ဳပ္႐ုံးခန္းမွာပဲ ျပဳလုပ္တယ္လို႔လည္း သိရပါတယ္..

ဘဘအတြက္ ခုခံကာကြယ္ဖို႔ ေဒၚ႐ြက္ႏုေအာင္၊ ေဒၚမင္းမင္းစိုး၊ ဦးေက်ာ္စိုးလင္းတို႔ ဦးေဆာင္တဲ့

ေရွ႕ေနအဖြဲ႕က လူခ်င္းေတြ႕ ၿပီး ကိုယ္စားလွယ္လႊဲစာ ယူဖို႔ ႀကိဳးစားေနေပမယ့္ VC ျပဳလုပ္တဲ့

အခ်ိန္မွာေတာင္ ႐ုပ္မျပဘဲ ၾကားနာေနမႈ အသံသာ နားေထာင္ေနရပါတယ္တဲ့..

ဘဘက တရားသူႀကီးကို “ေရွ႕ေနငွားခြင့္ရွိသလား” လို႔ ေမးတာ တဖက္က “ရွိပါတယ္၊

ဒါေပမယ့္ ခင္ဗ်ား ပါဝါ လႊဲထားတာ မရွိေသးဘူးေနာ္” ျပန္ေျပာလို႔ ဘဘကလည္း ခပ္ျပတ္ျပတ္ပဲ.

. “ဒါဆိုလည္း ခင္ဗ်ားတို႔ က်ဳပ္ကို ျမန္ျမန္ ေထာင္ခ်လိုက္” လို႔ ေျပာသံၾကားတာနဲ႔ ေရွ႕ေနေတြက

က်ေတာ္၊ က်မတို႔ ေရာက္ေနပါၿပီ လို႔ ေအာ္ေျပာတာကို တရားသူႀကီးက အသံပိတ္လိုက္ပါတယ္..

(ဘယ္မွာ ခ်ဳပ္ထားမွန္းမသိ၊ လူခ်င္း ေတြ႕ ခြင့္မေပးဘဲ ကိုယ္စားလွယ္လႊဲစာ ဘယ္လို ယူမလဲ)

ခုေတာ့ ကိုယ့္နည္းကိုယ့္ဟန္ စုံစမ္းရင္း ဘဘကို ေနျပည္ေတာ္ ေထာင္ႀကီးခ်ဳပ္မွာ ခ်ဳပ္ထားမွန္း

ေသခ်ာသြားလို႔ ေရွ႕ေနအဖြဲ႕က ကိုယ္စားလွယ္လႊဲစာ လက္မွတ္ထိုးဖို႔ လိုက္သြားရာမွာ စာခ်ဳပ္သာ

ထားခဲ့ရၿပီး လူခ်င္းေတြ႕ခြင့္ မရပါဘူး.. ကိုယ္စားလွယ္လႊဲတဲ့ လက္မွတ္ သူတို႔ ယူထားေပးမယ္၊ ညေနမွ လာယူပါတဲ့..

အစကေတာ့ ဘဘလို အသက္အ႐ြယ္အရလည္း ၈၀ ေက်ာ္၊ လူ႔ခႏၶာကိုယ္ကလည္း တုတ္ေကာက္ကို

အမွီသဟဲျပဳလို႔ တခါတရံ ဝွီးခ်ဲ အသုံးျပဳရတဲ့ လူတေယာက္ကို ဟိုရိပ္သာ၊ ဒီရိပ္သာမွာ ေကာင္းေကာင္း

ထားသလို အသံလႊင့္ထားၿပီး တကယ္တမ္း က ေထာင္ႀကီးခ်ဳပ္မွာ

ခ်ဳပ္ထားၿပီး မတရားတဲ့ ပုဒ္မတပ္ တရားစြဲ ဖို႔ ႀကံစီေနတာပါ..

အေမစု၊ သမၼတႀကီးဦးဝင္ျမင့္နဲ႔တကြ မတရားဖမ္းစီးခံထားရသူေတြ အျမန္လြတ္ေျမာက္ဖို႔၊

စစ္အာဏာရွင္စနစ္ က်ဆုံးဖို႔ ျပည္သူေတြအားလုံး တိုက္ပြဲဝင္ေနတာမို႔

တေန႔ကုန္တိုင္း ပန္းတိုင္နဲ႔ တရက္ ပိုနီးလာတယ္လို႔သာ ေတြးၾကပါ..

စစ္အာဏာရွင္စနစ္ မုခ်က်ရႈံးရမည္.. (ပိုးျဖဴသန႔္)