မြစ်ကြီးနားက CDM ကျောင်းဆရာမနှစ်ယောက်ကို အင်အားသုံးအကြမ်းဖက်ဖမ်းဆီး
ဖေဖော်ဝါရီ(၁၉)၊ ၂၀၂၁။
မြစ်ကြီးနား၊ ပညာရေးကောလိပ်ရှေ့မှာ CDM လုပ်နေတဲ့ အခြေခံပညာဦးစီးဌာနက ဆရာမနှယောက်ကို
တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် အင်အားသုံး အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြစ်ကြီးနား အမက ကျောင်းက ဆရာမ တစ်ယောက်နဲ့ ဝိုင်းမော်က ဆရာမတယောက်တို့ဟာ
မြစ်ကြီးနားမြို့ လေ့ကျင့်ရေးကျောင်းရှေ့ စုရပ်နေရာမှာ ဆိုင်ကယ်ထားနေချိန် ရဲတပ်ဖွဲ့က
အင်အားသုံး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။
“ရဲကား ငါးစီး၊ ခြောက်စီးလောက်က ဝင်ဖမ်းတာ။ အဲဒီနေရာမှာတော့ ဆရာမနှစ်ယောက်၊
အခု ထပ်တိုး ဆရာမတစ်ယောက်လို့ သိရတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိရသေးဘူး။
နောက်ထပ်လည်း CDM လုပ်နေတဲ့ ဝန်ထမ်း(၁၁)ယောက်ကို ဖမ်းဆီးထားတယ်လို့ သိရတယ်။”လို့
မြစ်ကြီးနားမြို့က ရှေ့နေတစ်ယောက်က O Media ကို ပြောပါတယ်။
အခုလည်း လေးဂွနဲ့ လိုက်ပစ်နေသလို သွားလာနေတဲ့ ဆိုင်ကတွေကို ရပ်တန့်စစ်ဆေးတာ၊
မသင်္ကာရင် ဖမ်းဆီးတာတွေလုပ်နေလို့ ဖမ်းဆီးခံရသူ အရေအတွက် တိုးလာနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရဲတပ်ဖွဲ့က အင်အားသုံးပြီး လမ်းကြားတွေ၊ လမ်းသွယ်တွေကို ပိတ်တာကြောင့်
ဆန္ဒပြသူတွေဟာ ရွေ့လျားပုံစံနဲ့ ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
လူထုဆန္ဒဖော်ထုတ်ဖို့အတွက် ပုံမှန်စုရပ်နေရတွေဖြစ်တဲ့ နောင်ရာပါကွင်းနဲ့
မြစ်ကြီးနားတက္ကသိုလ်ရှေ့ နေရာတွေမှာလည်း တပ်မတာ်က ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။
Photo : Linn Thiri Ko
#Omedia
zawgyi
ျမစ္ႀကီးနားက CDM ေက်ာင္းဆရာမႏွစ္ေယာက္ကို အင္အားသုံးအၾကမ္းဖက္ဖမ္းဆီး
ေဖေဖာ္ဝါရီ(၁၉)၊ ၂၀၂၁။
ျမစ္ႀကီးနား၊ ပညာေရးေကာလိပ္ေရွ႕မွာ CDM လုပ္ေနတဲ့ အေျခခံပညာဦးစီးဌာနက ဆရာမႏွေယာက္ကို
တပ္နဲ႔ရဲတပ္ဖြဲ႕ဝင္ေတြက ဒီေန႔မနက္ အင္အားသုံး အၾကမ္းဖက္ဖမ္းဆီးသြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။
ျမစ္ႀကီးနား အမက ေက်ာင္းက ဆရာမ တစ္ေယာက္နဲ႔ ဝိုင္းေမာ္က ဆရာမတေယာက္တို႔ဟာ
ျမစ္ႀကီးနားၿမိဳ႕ ေလ့က်င့္ေရးေက်ာင္းေရွ႕ စုရပ္ေနရာမွာ ဆိုင္ကယ္ထားေနခ်ိန္ ရဲတပ္ဖြဲ႕က
အင္အားသုံး ဖမ္းဆီးသြားတာျဖစ္တယ္လို႔ သိရပါတယ္။
“ရဲကား ငါးစီး၊ ေျခာက္စီးေလာက္က ဝင္ဖမ္းတာ။ အဲဒီေနရာမွာေတာ့ ဆရာမႏွစ္ေယာက္၊
အခု ထပ္တိုး ဆရာမတစ္ေယာက္လို႔ သိရတယ္။ ဘယ္မွာဖမ္းထားတယ္ဆိုတာ မသိရေသးဘူး။
ေနာက္ထပ္လည္း CDM လုပ္ေနတဲ့ ဝန္ထမ္း(၁၁)ေယာက္ကို ဖမ္းဆီးထားတယ္လို႔ သိရတယ္။”လို႔
ျမစ္ႀကီးနားၿမိဳ႕က ေရွ႕ေနတစ္ေယာက္က O Media ကို ေျပာပါတယ္။
အခုလည္း ေလးဂြနဲ႔ လိုက္ပစ္ေနသလို သြားလာေနတဲ့ ဆိုင္ကေတြကို ရပ္တန႔္စစ္ေဆးတာ၊
မသကၤာရင္ ဖမ္းဆီးတာေတြလုပ္ေနလို႔ ဖမ္းဆီးခံရသူ အေရအတြက္ တိုးလာႏိုင္တယ္လို႔ ဆိုပါတယ္။
ဒါ့အျပင္ ရဲတပ္ဖြဲ႕က အင္အားသုံးၿပီး လမ္းၾကားေတြ၊ လမ္းသြယ္ေတြကို ပိတ္တာေၾကာင့္
ဆႏၵျပသူေတြဟာ ေ႐ြ႕လ်ားပုံစံနဲ႔ ေဆာင္႐ြက္ေနၾကတယ္လို႔ သိရပါတယ္။
လူထုဆႏၵေဖာ္ထုတ္ဖို႔အတြက္ ပုံမွန္စုရပ္ေနရေတြျဖစ္တဲ့ ေနာင္ရာပါကြင္းနဲ႔
ျမစ္ႀကီးနားတကၠသိုလ္ေရွ႕ ေနရာေတြမွာလည္း တပ္မတာ္က ပိတ္ဆို႔ထားတယ္လို႔ သိရပါတယ္။
Photo : Linn Thiri Ko
#Omedia