ပရိသတ်ကြီးရေ ရန်ကုန်၊ဝါးတန်းလမ်းမှာရှိတဲ့ တပ်မတော်ပိုင်တဲ့ မြဝတီဘဏ်က
ရက်ပိုင်အတွင်းမှာ ဖွင့်လှစ်နေတဲ့အတွက် ဘဏ်မှာဒီကနေ့ ဖေဖော်ဝါရီလ(၁၈)ရက် မနက်(၄)နာရီထဲက
စောင့်ဆိုင်းတန်းစီသူ ရာနဲ့ချီရှိနေတာပဲဖြစ်ပါတယ်။ပုံမှန်နေ့ရက်များတွင် တစ်နေ့ကိုတိုကင်(၂၀၀)
ထုတ်ပေးနေကြဖြစ်ပေမယ့်လည်း ဒီကနေ့မှာတော့တိုကင်(၁၀၀)ပဲ ထုတ်ပေးတော့တယ်လို့ သိခဲ့ရပါတယ်။
ငွေထုတ်ယူသူတစ်ဦးကို အများဆုံးသိန်း(၂၀)ပဲ ထုတ်ခွင့်ပေးနေတယ်လို့ ပိုက်ဆံထုတ်ယူဖို့
စောင့်ဆိုင်းတန်းစီနေတဲ့ ပြည်သူတစ်ဦးကပြောကြားခဲ့ပါတယ်။မြဝတီဘဏ်
အနီးအနားဝန်းကျင်က ဟိုတယ်တွေမှာတောင်
လာရောက်တည်းခိုပြီး စောင့်ဆိုင်းတန်းစီနေရတဲ့သူတွေတောင် ရှိနေတယ်လို့သိရှိခဲ့ရပါတယ်။
“အခုတော်တော် အဆင်ပြေမနေပါဘူး။ဘဏ်ဖွင့်တယ်ဆိုလဲ စီမံခန့်ခွဲမှုကို ပိုင်နိုင်မှ ဖွင့်စေချင်ပါတယ်။
အလကားလူတွေကို အချိန်ကုန်လူပင်ပန်းပြီး ကိုယ့်ပိုက်ဆံကိုယ်ထုတ်တာတောင်မှ
သေချာမလုပ်ပေးနိုင်ရင် ဖွင့်မနေပါနဲ့တော့”လို့စောင့်ဆိုင်းတန်းစီနေတဲ့ ပြည်သူတစ်ဦးကပြောကြားခဲ့ပါသေးတယ်။
(၂)ရက်လောက်တိုကင်လုံးဝမရသေးတဲ့ ငွေထုတ်ယူသူတွေလည်း ရှိတယ်လို့သိခဲ့ရပါတယ်
။မြန်မာပြည်ကြီး အမြန်ဆုံးအေးချမ်းပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း
ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်။
zawgyi
ပရိသတ္ႀကီးေရ ရန္ကုန္၊ဝါးတန္းလမ္းမွာရွိတဲ့ တပ္မေတာ္ပိုင္တဲ့ ျမဝတီဘဏ္က
ရက္ပိုင္အတြင္းမွာ ဖြင့္လွစ္ေနတဲ့အတြက္ ဘဏ္မွာဒီကေန႔ ေဖေဖာ္ဝါရီလ(၁၈)ရက္ မနက္(၄)နာရီထဲက
ေစာင့္ဆိုင္းတန္းစီသူ ရာနဲ႔ခ်ီရွိေနတာပဲျဖစ္ပါတယ္။ပုံမွန္ေန႔ရက္မ်ားတြင္ တစ္ေန႔ကိုတိုကင္(၂၀၀)
ထုတ္ေပးေနၾကျဖစ္ေပမယ့္လည္း ဒီကေန႔မွာေတာ့တိုကင္(၁၀၀)ပဲ ထုတ္ေပးေတာ့တယ္လို႔ သိခဲ့ရပါတယ္။
ေငြထုတ္ယူသူတစ္ဦးကို အမ်ားဆုံးသိန္း(၂၀)ပဲ ထုတ္ခြင့္ေပးေနတယ္လို႔ ပိုက္ဆံထုတ္ယူဖို႔
ေစာင့္ဆိုင္းတန္းစီေနတဲ့ ျပည္သူတစ္ဦးကေျပာၾကားခဲ့ပါတယ္။ျမဝတီဘဏ္
အနီးအနားဝန္းက်င္က ဟိုတယ္ေတြမွာေတာင္
လာေရာက္တည္းခိုၿပီး ေစာင့္ဆိုင္းတန္းစီေနရတဲ့သူေတြေတာင္ ရွိေနတယ္လို႔သိရွိခဲ့ရပါတယ္။
“အခုေတာ္ေတာ္ အဆင္ေျပမေနပါဘူး။ဘဏ္ဖြင့္တယ္ဆိုလဲ စီမံခန္႔ခြဲမႈကို ပိုင္ႏိုင္မွ ဖြင့္ေစခ်င္ပါတယ္။
အလကားလူေတြကို အခ်ိန္ကုန္လူပင္ပန္းၿပီး ကိုယ့္ပိုက္ဆံကိုယ္ထုတ္တာေတာင္မွ
ေသခ်ာမလုပ္ေပးႏိုင္ရင္ ဖြင့္မေနပါနဲ႔ေတာ့”လို႔ေစာင့္ဆိုင္းတန္းစီေနတဲ့ ျပည္သူတစ္ဦးကေျပာၾကားခဲ့ပါေသးတယ္။
(၂)ရက္ေလာက္တိုကင္လုံးဝမရေသးတဲ့ ေငြထုတ္ယူသူေတြလည္း ရွိတယ္လို႔သိခဲ့ရပါတယ္
။ျမန္မာျပည္ႀကီး အျမန္ဆုံးေအးခ်မ္းပါေစလို႔ ဆုေတာင္းရင္း ပရိသတ္ႀကီးတို႔လည္း
ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္။