News

ပညာရေးဖက်ကို လှည့်လာပြီဖြစ်တဲ့ အာဏာရှင် သေနတ်ပြောင်း ဆရာ ဆရာမတွေကို စိန်ခေါ်ပြီ

ပညာရေးဖက်ကို လှည့်လာပြီဖြစ်တဲ့ အာဏာရှင် သေနတ်ပြောင်း ဆရာ ဆရာမတွေကို စိန်ခေါ်ပြီ..

“အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ရှိသဖြင့် ကျောင်းဥပတိရုပ်ကောင်းမွန်စေရေး ပြင်ဆင်

ဆောင်ရွက်” တဲ့ဗျ။ ကျောင်းတွေပြန်ဖွင့်ဖို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့စွဲနဲ့ တိုင်းဒေသကြီး/

ပြည်နယ်ပညာရေးမှူးတွေထံ အကြောင်း ကြားစာပို့တယ်လို့ ဒီနေ့ထုတ် စံတော်ချိန်သတင်းစာမှာ

မျက်နှာဖုံး သတင်းအနေနဲ့ ဖော်ပြထားတာ ဖတ်လိုက်ရ ပါတယ်။

အဲဒီမှာ စတွေ့ပြီ.. ဆရာတွေ ဆရာမတွေက CDM မှာ ပါဝင်တယ်ဆိုပြီး နိုင်ငံအနှံ့ ဆန္ဒပြနေကြတယ်။

သွေးတိုးစမ်းတဲ့ အနေနဲ့ ကျောင်းဖွင့်မယ်ဆိုပြီး ပညာရေးဝန်ကြီးသစ်က စိန်ခေါ်တယ်။

“ကျုပ်တို့က ကျောင်းတွေကို ဖွင့်ပေးတာပဲ သူတို့က သပိတ်မှောက်နေတာ” ဆိုပြီး

ကျောင်းသားနဲ့ ဆရာတွေကြား မိဘနဲ့ ဆရာတွေကြား သွေးခွဲတော့မယ်။ ဒီလ ဒီရာသီဟာ

အမှန်အတိုင်း ပြောရရင် နွေရာသီကျောင်းပိတ်ရက်ကာလအတွက် စာမေးပွဲတွေကို ပြင်ဆင်

ဆောင်ရွက်နေကြရတဲ့ အချိန်ပေါ့။ တစ်နှစ်လုံး စာတွေသင်ခဲ့ပြီး နောက်ဆုံးစစ်ဆေးခြင်းတွေနဲ့

အကဲဖြတ်နေရ တော့မယ့်အချိန်တွေပေါ့။ မကြာမီပူတော့မယ်။ ပူအိုက်တဲ့ရာသီကို

ရှောင်နိုင်ဖို့ ကျောင်းတွေလည်း ပိတ်ရတော့မယ်။

ကိုဗစ်ကြောင့် ကျောင်းတွေကို မဖွင့်နိုင်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ ဖေဖော်ဝါရီ

၁ ရက်နေ့ကစတင်ပြီး တိုင်းပြည်ရဲ့အာဏာ၊ ပြည်သူတွေထံကအာဏာကို

မတရား လုယူသိမ်းပိုက်လိုက်တာကြောင့်

တစ်တိုင်း ပြည်လုံး အုံကြွ ဆန္ဒပြနေကြတဲ့အပြင် ဝန်ထမ်းတိုင်း CDM ဆိုပြီး

သပိတ်မှောက်နေချိန်မှာ ပညာရေးဌာနနဲ့ သွေးတိုးစမ်းလိုက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးဌာနက ဝန်ထမ်းတွေကတော့ ညီညွတ်ခိုင်မာကြပါတယ်။ လုပ်ငန်းခွင်က

ထွက်ခွာကုန်တာကြောင့် နိုင်ငံပိုင် သတင်းစာတွေထဲကနေ “ကျန်းမာရေးဝန်ထမ်းများအား

ပန်ကြားချက်” ဆိုပြီး ထုတ်ပြန်ကာ ပြန်လည် ခေါ်နေရချိန်ဖြစ်ပါတယ်။

ဒီလိုအကျပ်ရိုက်နေချိန်မှာ ပညာရေးဌာနက ဆရာတွေ ဆရာမတွေကို “မဲမသာမာမှု” ဆိုတာနဲ့

စော်ကားပြီး ပူးပေါင်းပါဝင်သယောင်၊ ရွေးကောက်ပွဲကို မရိုးမသားလုပ်ခဲ့သယောင်

စွပ်စွဲလုပ်ဆောင်ခဲ့ပြီးမှ “ကျုပ်တို့ကျောင်းဖွင့်တယ်” ဆိုတဲ့ အပေါက်မျိုးထချိုးလိုက်တာပါ။

အဲဒီမှာ ကြောက်တတ်တဲ့ ကျောင်းအုပ်တွေနဲ့ မကြောက်တတ်တဲ့ ဆရာတွေ ဆရာမတွေ ထိပ်တိုက်တိုးပါ

လိမ့်မယ်။ “ရုံးမတက်နဲ့ ရုန်းထွက်” လို့ ဆန္ဒပြတောင်းဆိုနေမှုတွေကနေ

“ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့ အနေအထားဆိုးကြီးတစ်ခုဆီ မရောက် ရောက်အောင်

ပညာရေးဝန်ကြီးအသစ်ဆိုသူက ဖန်တီးပေးနေတာ သိသာလွန်းပါတယ်။ အငြိမ်းစား ဆရာတစ်ဦးအနေနဲ့ရော

ပြည်သူတစ်ဦးအနေနဲ့ပါ မရိုးသားတဲ့ အမိန့်ကို ဆန့်ကျင်ကန့်ကွက်ပါတယ်။

ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲမှာလည်း ပြည်သူချစ်သော အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ ကိုပေါက်၊

လူမင်း၊ ဝိုင်း၊ ဏကြီးနဲ့ အနဂ္ဂတို့ကို “သတင်းပေး တိုင်ကြားနိုင်” ဆိုပြီး ဝရမ်းပြေးလိုလို

အကွက်ဆင်ကာ သတင်းထုတ်ပြန်တာကိုလည်း ကန့်ကွက် ရှုတ်ချပါတယ်။

အနုပညာရှင်တွေရဲ့ဘဝ ဆရာ၊ ဆရာမတွေရဲ့ဘဝ ကျန်းမာရေးဝန်ထမ်းတွေရဲ့ဘဝ ပြည်သူတွေအားလုံးရဲ့

ဘဝတွေဟာ မငြိမ်းချမ်း မလုံခြုံတော့ပါဘူး။ အကြမ်းဖက်ဖမ်းဆီးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့

ခေတ်ဆိုးခေတ်ပျက်ကြီးထဲကို ပြန်ရောက်သွားရတဲ့ အနေအထားတစ်ခု ဖြစ်နေပါတယ်။

အကွက်အမျိုးမျိုးဆင်ပြီး ပြည်သူတွေကို ဒုက္ခပေးနေတာ ရပ်သင့်ပါပြီ။

ဆရာတို့ ဆရာမတို့ ကိုယ့်ဘက်လှည့်လာတဲ့ အာဏာရှင်

သေနတ်ပြောင်းကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ပြင်ဆင်ထားကြပါ။

တင်ညွန့် (၁၈.၂.၂၀၂၁)

zawgyi

ပညာေရးဖက္ကို လွည့္လာၿပီျဖစ္တဲ့ အာဏာရွင္ ေသနတ္ေျပာင္း ဆရာ ဆရာမေတြကို စိန္ေခၚၿပီ..

“အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ရွိသျဖင့္ ေက်ာင္းဥပတိ႐ုပ္ေကာင္းမြန္ေစေရး ျပင္ဆင္

ေဆာင္႐ြက္” တဲ့ဗ်။ ေက်ာင္းေတြျပန္ဖြင့္ဖို႔ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔စြဲနဲ႔ တိုင္းေဒသႀကီး/

ျပည္နယ္ပညာေရးမႉးေတြထံ အေၾကာင္း ၾကားစာပို႔တယ္လို႔ ဒီေန႔ထုတ္ စံေတာ္ခ်ိန္သတင္းစာမွာ

မ်က္ႏွာဖုံး သတင္းအေနနဲ႔ ေဖာ္ျပထားတာ ဖတ္လိုက္ရ ပါတယ္။

အဲဒီမွာ စေတြ႕ၿပီ.. ဆရာေတြ ဆရာမေတြက CDM မွာ ပါဝင္တယ္ဆိုၿပီး ႏိုင္ငံအႏွံ႔ ဆႏၵျပေနၾကတယ္။

ေသြးတိုးစမ္းတဲ့ အေနနဲ႔ ေက်ာင္းဖြင့္မယ္ဆိုၿပီး ပညာေရးဝန္ႀကီးသစ္က စိန္ေခၚတယ္။

“က်ဳပ္တို႔က ေက်ာင္းေတြကို ဖြင့္ေပးတာပဲ သူတို႔က သပိတ္ေမွာက္ေနတာ” ဆိုၿပီး

ေက်ာင္းသားနဲ႔ ဆရာေတြၾကား မိဘနဲ႔ ဆရာေတြၾကား ေသြးခြဲေတာ့မယ္။ ဒီလ ဒီရာသီဟာ

အမွန္အတိုင္း ေျပာရရင္ ေႏြရာသီေက်ာင္းပိတ္ရက္ကာလအတြက္ စာေမးပြဲေတြကို ျပင္ဆင္

ေဆာင္႐ြက္ေနၾကရတဲ့ အခ်ိန္ေပါ့။ တစ္ႏွစ္လုံး စာေတြသင္ခဲ့ၿပီး ေနာက္ဆုံးစစ္ေဆးျခင္းေတြနဲ႔

အကဲျဖတ္ေနရ ေတာ့မယ့္အခ်ိန္ေတြေပါ့။ မၾကာမီပူေတာ့မယ္။ ပူအိုက္တဲ့ရာသီကို

ေရွာင္ႏိုင္ဖို႔ ေက်ာင္းေတြလည္း ပိတ္ရေတာ့မယ္။

ကိုဗစ္ေၾကာင့္ ေက်ာင္းေတြကို မဖြင့္ႏိုင္ခဲ့တာ အားလုံးအသိျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ

၁ ရက္ေန႔ကစတင္ၿပီး တိုင္းျပည္ရဲ႕အာဏာ၊ ျပည္သူေတြထံကအာဏာကို

မတရား လုယူသိမ္းပိုက္လိုက္တာေၾကာင့္

တစ္တိုင္း ျပည္လုံး အုံႂကြ ဆႏၵျပေနၾကတဲ့အျပင္ ဝန္ထမ္းတိုင္း CDM ဆိုၿပီး

သပိတ္ေမွာက္ေနခ်ိန္မွာ ပညာေရးဌာနနဲ႔ ေသြးတိုးစမ္းလိုက္တာ ျဖစ္ပါတယ္။

က်န္းမာေရးဌာနက ဝန္ထမ္းေတြကေတာ့ ညီၫြတ္ခိုင္မာၾကပါတယ္။ လုပ္ငန္းခြင္က

ထြက္ခြာကုန္တာေၾကာင့္ ႏိုင္ငံပိုင္ သတင္းစာေတြထဲကေန “က်န္းမာေရးဝန္ထမ္းမ်ားအား

ပန္ၾကားခ်က္” ဆိုၿပီး ထုတ္ျပန္ကာ ျပန္လည္ ေခၚေနရခ်ိန္ျဖစ္ပါတယ္။

ဒီလိုအက်ပ္႐ိုက္ေနခ်ိန္မွာ ပညာေရးဌာနက ဆရာေတြ ဆရာမေတြကို “မဲမသာမာမႈ” ဆိုတာနဲ႔

ေစာ္ကားၿပီး ပူးေပါင္းပါဝင္သေယာင္၊ ေ႐ြးေကာက္ပြဲကို မ႐ိုးမသားလုပ္ခဲ့သေယာင္

စြပ္စြဲလုပ္ေဆာင္ခဲ့ၿပီးမွ “က်ဳပ္တို႔ေက်ာင္းဖြင့္တယ္” ဆိုတဲ့ အေပါက္မ်ိဳးထခ်ိဳးလိုက္တာပါ။

အဲဒီမွာ ေၾကာက္တတ္တဲ့ ေက်ာင္းအုပ္ေတြနဲ႔ မေၾကာက္တတ္တဲ့ ဆရာေတြ ဆရာမေတြ ထိပ္တိုက္တိုးပါ

လိမ့္မယ္။ “႐ုံးမတက္နဲ႔ ႐ုန္းထြက္” လို႔ ဆႏၵျပေတာင္းဆိုေနမႈေတြကေန

“ေက်ာင္းမတက္နဲ႔ ေက်ာင္းထြက္” ဆိုတဲ့ အေနအထားဆိုးႀကီးတစ္ခုဆီ မေရာက္ ေရာက္ေအာင္

ပညာေရးဝန္ႀကီးအသစ္ဆိုသူက ဖန္တီးေပးေနတာ သိသာလြန္းပါတယ္။ အၿငိမ္းစား ဆရာတစ္ဦးအေနနဲ႔ေရာ

ျပည္သူတစ္ဦးအေနနဲ႔ပါ မ႐ိုးသားတဲ့ အမိန႔္ကို ဆန႔္က်င္ကန႔္ကြက္ပါတယ္။

ဒီေန႔ထုတ္ ေၾကးမုံသတင္းစာထဲမွာလည္း ျပည္သူခ်စ္ေသာ အႏုပညာရွင္ေတြျဖစ္တဲ့ ေျပတီဦး၊ ကိုေပါက္၊

လူမင္း၊ ဝိုင္း၊ ဏႀကီးနဲ႔ အနဂၢတို႔ကို “သတင္းေပး တိုင္ၾကားႏိုင္” ဆိုၿပီး ဝရမ္းေျပးလိုလို

အကြက္ဆင္ကာ သတင္းထုတ္ျပန္တာကိုလည္း ကန႔္ကြက္ ရႈတ္ခ်ပါတယ္။

အႏုပညာရွင္ေတြရဲ႕ဘဝ ဆရာ၊ ဆရာမေတြရဲ႕ဘဝ က်န္းမာေရးဝန္ထမ္းေတြရဲ႕ဘဝ ျပည္သူေတြအားလုံးရဲ႕

ဘဝေတြဟာ မၿငိမ္းခ်မ္း မလုံၿခဳံေတာ့ပါဘူး။ အၾကမ္းဖက္ဖမ္းဆီးမယ္ဆိုတဲ့ ၿခိမ္းေျခာက္မႈေတြနဲ႔

ေခတ္ဆိုးေခတ္ပ်က္ႀကီးထဲကို ျပန္ေရာက္သြားရတဲ့ အေနအထားတစ္ခု ျဖစ္ေနပါတယ္။

အကြက္အမ်ိဳးမ်ိဳးဆင္ၿပီး ျပည္သူေတြကို ဒုကၡေပးေနတာ ရပ္သင့္ပါၿပီ။

ဆရာတို႔ ဆရာမတို႔ ကိုယ့္ဘက္လွည့္လာတဲ့ အာဏာရွင္

ေသနတ္ေျပာင္းကို ဘယ္လိုရင္ဆိုင္မလဲဆိုတာ ျပင္ဆင္ထားၾကပါ။

တင္ၫြန႔္ (၁၈.၂.၂၀၂၁)