News

ဗဟန်း၊ ရေခဲဆိုင်မှတ်တိုင်အနီးတွင် NLD ထောက်ခံကြောင်း စတေကာပါသော ကားများကို သင်္ကန်းဝတ်နှင့်လူတချို့က ၀ိုင်းရိုက်ဖျက်ဆီး

ဗဟန်း၊ ရေခဲဆိုင်မှတ်တိုင်အနီးတွင် NLD ထောက်ခံကြောင်း စတေကာပါသော

ကားများကို သင်္ကန်းဝတ်နှင့်လူတချို့က ၀ိုင်းရိုက်ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဗဟန်းမြို့နယ်၊ ရေခဲဆိုင်မှတ်တိုင်အနီး၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်မီးပွိုင်တွင်

NLD နှင့်ဒေါ်အောင်ဆန်းစုကြည်ထောက်ခံကြောင်း စတေကာကပ်ထားသော ကားများကို

သင်္ကန်းဝတ်တချို့နှင့်လူပုဂ္ဂိုလ်တချို့က ကားမှန်များ ရိုက်ခွဲခြင်း၊ ယာဉ်မောင်းများကို

ရိုက်နှက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ကားများကို ရိုက်နှက်သော ယင်းနေရာတွင် မဘသနှင့် မျိုးချစ်များ အမြဲလိုလို လှုပ်ရှားစုဝေးလေ့ရှိသော

ဘုန်းကြီးကျောင်းတချို့ရှိနေပြီး လူစုလူဝေးဖြစ်လာချိန်တွင်

ဘုန်းကြီးကျောင်းထဲသို့ ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရသည်။

ယင်းသို့ ရိုက်နှက်မှုကြောင့် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး

ကားအနည်းဆုံး ၃ စီးထက်မနည်း ပျက်စီးသွားကြောင်း သိရှိရသည်။

zawgyi



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈








