CDM ကိစ္စအပေါ် ကြောက်လန့်တကြား အပူတပြင်း ဖိအားအမျိုးမျိုးပေးခါ
ခြောက်တခါ ချော့တလည့် လုပ်နေတာ အားလုံး သိကြမှာပါ
ဒီလို အနုနည်း အကြည်းနည်းတွေကို မကြောက်မရွံ့ပဲ အနာဂတ် မျိုးဆက်သစ်တွေရဲ့ အကျိုးကို
ကြည့်ပြီး ဖယ်ခုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက Nang Hmwe Phaung ဆိုတဲ့
လူမှု့ကွန်ယက်အကောင်ပိုင်ရှင် အမျိုးသမီးလေးရဲ့ ရဲရဲတောက် ခံယူချက်ကို
စာဖတ်သူတို့ကို ဖောက်သည်ချ ပေးချင်ပါတယ်
သူမဟာ သူကြုံတွေနေရတဲ့ အဖြစ်အပျက်နဲ့ ခံယူချက်ကို
” ကျမဆီကို ၁၆ -၂ -၂၀၂၁ရက်နေ့က CDM မှာပါဝင်တယ်ဆိုပြီး ကျမတို့ဌာန ဖယ်ခုံမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း အကြောင်းကြားစာ ရောက်လာပါတယ်
ကျမက အစကတည်းက သေချာစဉ်းစားပြီးလုပ်ခဲ့တာဖြစ်လို့ ဘာအကြောင်းနဲ့မှ တုန်လှုပ်သွားစရာ အကြောင်းမရှိပါဘူး
တာဝန်မှရပ်ဆိုင်းတဲ့စာတွေ့လို့ တုန်လှုပ်မသွားသလို
CDM မှာပါလို့ လိုက်ဖမ်းနေလည်းမတုန်လှုပ်ပါဘူး
အစားထိုးခန့်အပ်မယ်ဆိုရင်လည်း မတုန်လှုပ်သလို
DE’PE ဖွဲ့စစ်ဆေးလာမယ်ဆိုလည်း မတုန်လှုပ်ပါဘူ
ကြောက်ရမည့် ခေတ် ကုန်သွားပါပြီ ကျမကြောက်တာ
မျိုးဆက်သစ်တို့ရဲ့အနာဂတ် ပျောက် သွားမှာကို ကြောက်တာပါ
CDMအတွက်ပြည်သူနဲ့အတူရှိနေပါတယ် ” ဆိုပြီး အမျိုးသမီး
ဖြစ်သော်လဲ သူမရဲ့ ရဲရင့်တဲ့ ခံယူချက်ကို ပြောသွားပါတယ်ခင်ဗျာ
အရမ်းကို လေးစားပါတယ် ညီမရေ … နောင်မျိုးဆက်တွေကို ပြန်ပြောပြတဲ့အခါမှာ
လူတချို့လို ရှက်ရွံ့ နေစရာမလိုပဲ ခေါင်းမော့ ရင်ကော့ပြီး ပြောနိုင်မှာပါဗျာ
စာဖတ်သူအပေါင်း ကျန်းမာ ချမ်းသာပြီး လိုရာ ပန်းတိုင်ကို အမြန် ရောက်ကြပါစေ…
zawgyi