News

“ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရးအကူအညီစီမံကိန္းကို ေခတၱဆိုင္းငံ့ေၾကာင္း ဥေရာပသမဂၢေၾကညာ”

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအကူအညီစီမံကိန်းကို ခေတ္တဆိုင်းငံ့ကြောင်း ဥရောပသမဂ္ဂကြေညာ”

ရန်ကုန် – မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအကူအညီစီမံကိန်းကို

ခေတ္တဆိုင်းငံ့ကြောင်း ဥရောပသမဂ္ဂက ယနေ့ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အစိုးရကို ထိန်းသိမ်းကာ ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းရေးအား

နှောင့်ယှက်ဟန့်တားသည့်ဖြစ်စဉ်နှင့်စပ်လျဉ်းပြီး လက်ရှိဖြစ်ပေါ်နေသော အခြေအနေတစ်ရပ်အပေါ်တွင်

အဆိုပါ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန်နှင့် ရည်မှန်းထားသည့် ရလဒ်များရရှိနိုင်သော

အခြေအနေမရှိတော့ကြောင်း ဥရောပသမဂ္ဂက မှတ်ယူသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဥရောပသမဂ္ဂမှ ငွေကြေးထောက်ပံ့မှုပပေးသည့် “ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး

အကူအညီ” စီမံကိန်းသည် အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ တိုက်ရို

တောင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် စီမံကိန်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ

စွမ်းဆောင်ရည်မြှင့်တင် ပေးခြင်းနှင့် သင်တန်းပေးခြင်းဖြစ်ပြီး မည်သည့်

လက်နက်ပစ္စည်းကိရိယာများအား ကူညီပံ့ပိုးမှုမပြုခဲ့ကြောင်း ထုတ်ပြန်ချက်သည်။

တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် လူ့အခွင့် အရေးအား လေးစားအလေ

း ထားလိုက်နာကာ နိုင်ငံတကာစံနှုန်းများနှင့် အညီဆောင်ရွက်မည့် ကောင်းမွန်စွာ လေ့ကျင့်ထားသည့်

ရဲတပ်ဖွဲ့သည် မရှိမဖြစ်လိုအပ်သည့် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်သည်။

ဓာတ်ပုံ – 7Day News

zawgyi

“ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရးအကူအညီစီမံကိန္းကို ေခတၱဆိုင္းငံ့ေၾကာင္း ဥေရာပသမဂၢေၾကညာ”

ရန္ကုန္ – ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ျပဳျပင္ေျပာင္းလဲေရးအကူအညီစီမံကိန္းကို

ေခတၱဆိုင္းငံ့ေၾကာင္း ဥေရာပသမဂၢက ယေန႔ထုတ္ျပန္ေၾကညာသည္။

ေဖေဖာ္ဝါရီ ၁ ရက္တြင္ စစ္တပ္က အစိုးရကို ထိန္းသိမ္းကာ ဒီမိုကေရစီစနစ္အသြင္ကူးေျပာင္းေရးအား

ေႏွာင့္ယွက္ဟန႔္တားသည့္ျဖစ္စဥ္ႏွင့္စပ္လ်ဥ္းၿပီး လက္ရွိျဖစ္ေပၚေနေသာ အေျခအေနတစ္ရပ္အေပၚတြင္

အဆိုပါ စီမံကိန္းကို ဆက္လက္ေဆာင္႐ြက္ရန္ႏွင့္ ရည္မွန္းထားသည့္ ရလဒ္မ်ားရရွိႏိုင္ေသာ

အေျခအေနမရွိေတာ့ေၾကာင္း ဥေရာပသမဂၢက မွတ္ယူသည္ဟု ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ဥေရာပသမဂၢမွ ေငြေၾကးေထာက္ပံ့မႈပေပးသည့္ “ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ျပဳျပင္ေျပာင္းလဲေရး

အကူအညီ” စီမံကိန္းသည္ အစိုးရႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္မွ တိုက္႐ို

ေတာင္းဆိုခဲ့ၿပီး ၂၀၁၆ ခုႏွစ္တြင္ စတင္ခဲ့သည့္ စီမံကိန္းျဖစ္သည္ဟုဆိုသည္။

ထို႔အျပင္ ဥေရာပသမဂၢသည္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ကို ႏိုင္ငံတကာ စံႏႈန္းမ်ားႏွင့္အညီ

စြမ္းေဆာင္ရည္ျမႇင့္တင္ ေပးျခင္းႏွင့္ သင္တန္းေပးျခင္းျဖစ္ၿပီး မည္သည့္

လက္နက္ပစၥည္းကိရိယာမ်ားအား ကူညီပံ့ပိုးမႈမျပဳခဲ့ေၾကာင္း ထုတ္ျပန္ခ်က္သည္။

တရားဥပေဒစိုးမိုးေရးကို အေကာင္အထည္ေဖၚေဆာင္႐ြက္ရာတြင္ လူ႔အခြင့္ အေရးအား ေလးစားအေလ

း ထားလိုက္နာကာ ႏိုင္ငံတကာစံႏႈန္းမ်ားႏွင့္ အညီေဆာင္႐ြက္မည့္ ေကာင္းမြန္စြာ ေလ့က်င့္ထားသည့္

ရဲတပ္ဖြဲ႕သည္ မရွိမျဖစ္လိုအပ္သည့္ အေရးႀကီးသည့္ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း ဥေရာပသမဂၢက ထုတ္ျပန္သည္။

ဓာတ္ပုံ – 7Day News