News

ကိုမင်းကိုနိုင်တို့နဲ့အတူ ဝရမ်းထုတ်ခံခဲ့ရတာကြောင့် သိပ်ဂုဏ်ယူစရာကောင်းတာပဲဆိုပြီး ပြောပြလာတဲ့ အိပန်ဆယ်လို

တပ်မတော်ကောင်စီက (၈၈)မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်၊ဦးဂျင်မီ၊အဆိုတော်လင်းလင်း

၊အင်းစိန်အောင်စိုး၊မျိုးရန်နောင်သိမ်း၊အိမ့်ပိုးဥ(ပန်ဆယ်လို)နှင့် မောင်မောင်အေးတို့ကို

ယခုဖေဖော်ဝါရီလ (၁၃)ရက်နေ့က ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့ပါတယ်။(၂၀၀၈)ဖွဲ့စည်းပုံ

ပုဒ်မ၄၁၇နှင့်အညီ ဥပဒေစိုးမိုးရေးကိုစစ်ကောင်စီက ဆောင်ရွက်နေချိန်မှာ လူသိများထင်ရှားသည်ကိုအသုံးပြုပြီး

“နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး”ကိုထိခိုက်စေသည့် ရေးသားချက်များကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင်

ရေးသားထားတာတွေကို တွေ့ရှိရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)ဖြင့်

တရားစွဲဆိုထားရှိသည့်အပြင် ဖမ်းဝရမ်းလည်းထုတ်ထားကြောင်း ကြေညာထားတာဘဲဖြစ်ပါတယ်။

အိပန်ဆယ်လိုဆိုတာက တစ်ချိန်ကမျက်နှာဖုံးရဲ့နောက်ကွယ်ကနေ ဝေဖန်စာတွေနဲ့

ပရိသတ်ကြီးတို့ စတင်သိရှိလာခဲ့ရတဲ့ ဝေဖန်ရေးကောင်းသူတစ်ဦးပဲ ဖြစ်ပါတယ်နော်။အိပန်ဆယ်လိုကို

မုန်းသူတွေရှိနေသလို ချစ်ခင်အားပေးသူတွေလည်း ရှိနေကြတယ်ဆိုတာတော့ ငြင်းလို့မရပါဘူးနော်။

အခုလိုမျိုး ဖမ်းဝရမ်းအထုတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ အိပန်ဆယ်လိုက အခုလိုပဲရေးသား

မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။“ကိုမင်းကိုနိုင်တို့နဲ့အတူ ဝရမ်းထုတ်ခံရတဲ့ ငါလေးဟာ သိပ်ဂုဏ်ယူစရာကောင်းတာပဲ။

အစွမ်းအစရှိရင် ကိုယ့်ဟာကိုယ်ရှာပါလား။ဘယ့်နှယ့်သတင်းပေးခိုင်းနေတာတုန်း။

Catch me if you can”ဆိုပြီးတော့ရီနေတဲ့ အီမိုဂျီလေးနဲ့အတူ သူမရဲ့လူမှုကွန်ယက်

စာမျက်နှာထက်မှာ ရေးသားထားတာဘဲဖြစ်ပါတယ်နော်။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်

း ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်

zawgyi

တပ္မေတာ္ေကာင္စီက (၈၈)မ်ိဳးဆက္ေက်ာင္းသား ဦးမင္းကိုႏိုင္၊ဦးဂ်င္မီ၊အဆိုေတာ္လင္းလင္း

၊အင္းစိန္ေအာင္စိုး၊မ်ိဳးရန္ေနာင္သိမ္း၊အိမ့္ပိုးဥ(ပန္ဆယ္လို)ႏွင့္ ေမာင္ေမာင္ေအးတို႔ကို

ယခုေဖေဖာ္ဝါရီလ (၁၃)ရက္ေန႔က ဖမ္းဝရမ္းထုတ္ျပန္ထားခဲ့ပါတယ္။(၂၀၀၈)ဖြဲ႕စည္းပုံ

ပုဒ္မ၄၁၇ႏွင့္အညီ ဥပေဒစိုးမိုးေရးကိုစစ္ေကာင္စီက ေဆာင္႐ြက္ေနခ်ိန္မွာ လူသိမ်ားထင္ရွားသည္ကိုအသုံးျပဳၿပီး

“ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရး”ကိုထိခိုက္ေစသည့္ ေရးသားခ်က္မ်ားကို လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္

ေရးသားထားတာေတြကို ေတြ႕ရွိရသျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(ခ)ျဖင့္

တရားစြဲဆိုထားရွိသည့္အျပင္ ဖမ္းဝရမ္းလည္းထုတ္ထားေၾကာင္း ေၾကညာထားတာဘဲျဖစ္ပါတယ္။

အိပန္ဆယ္လိုဆိုတာက တစ္ခ်ိန္ကမ်က္ႏွာဖုံးရဲ႕ေနာက္ကြယ္ကေန ေဝဖန္စာေတြနဲ႔

ပရိသတ္ႀကီးတို႔ စတင္သိရွိလာခဲ့ရတဲ့ ေဝဖန္ေရးေကာင္းသူတစ္ဦးပဲ ျဖစ္ပါတယ္ေနာ္။အိပန္ဆယ္လိုကို

မုန္းသူေတြရွိေနသလို ခ်စ္ခင္အားေပးသူေတြလည္း ရွိေနၾကတယ္ဆိုတာေတာ့ ျငင္းလို႔မရပါဘူးေနာ္။

အခုလိုမ်ိဳး ဖမ္းဝရမ္းအထုတ္ခံခဲ့ရတာနဲ႔ ပတ္သက္ၿပီးေတာ့ အိပန္ဆယ္လိုက အခုလိုပဲေရးသား

မွ်ေဝလာခဲ့တာပဲျဖစ္ပါတယ္။“ကိုမင္းကိုႏိုင္တို႔နဲ႔အတူ ဝရမ္းထုတ္ခံရတဲ့ ငါေလးဟာ သိပ္ဂုဏ္ယူစရာေကာင္းတာပဲ။

အစြမ္းအစရွိရင္ ကိုယ့္ဟာကိုယ္ရွာပါလား။ဘယ့္ႏွယ့္သတင္းေပးခိုင္းေနတာတုန္း။

Catch me if you can”ဆိုၿပီးေတာ့ရီေနတဲ့ အီမိုဂ်ီေလးနဲ႔အတူ သူမရဲ႕လူမႈကြန္ယက္

စာမ်က္ႏွာထက္မွာ ေရးသားထားတာဘဲျဖစ္ပါတယ္ေနာ္။

ျမန္မာျပည္ႀကီး အျမန္ဆုံး ေအးခ်မ္းသာယာပါေစလို႔ ဆုေတာင္းရင္း ပရိသတ္ႀကီးတို႔လည္

း ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္