News

ဖိအားပေးမှုများကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွါလာခဲ့ရတဲ့ မြန်မာ့မီးရထားဟာ ပြည်သူများရဲ့ဝိုင်းဝန်းလမ်းပိတ်စို့မှု့ကြောင့် အထွက်မှာပင်ရပ်တန့်ခဲ့ရ

ဖိအားပေးမှုများကြောင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွါလာခဲ့ရတဲ့ မြန်မာ့မီးရထားဟာ

ပြည်သူများရဲ့ဝိုင်းဝန်းလမ်းပိတ်စို့မှု့ကြောင့် အထွက်မှာပင်ရပ်တန့်ခဲ့ရ

မော်လမြိုင်ပရိသတ်ကြီးရေ ယခုလက်ရှိမှာ ဖြစ်ပေါ်နေတဲ့ တပ်မတော်မှ အာဏာသိမ်းယူခဲ့မှုကြောင့်

မြန်မာပြည်တစ်နိုင်ငံလုံးမှာ ဖြစ်ပေါ်နေတဲ့အခြေအနေများနဲ့ ပတ်သက်ပြီး အနှံ့အပြားမှာရှိကြတဲ့

အမြို့မြို့အနယ်နယ်တိုင်းမှာနေထိုင်ကြတဲ့ သန်းနဲ့ချီတဲ့ပြည်သူများ၊အနုပညာရှင်များအားလုံးက

တသွေးတသားထဲ လမ်းမများထက်ပေါ်တွင် ဆန္ဒထုတ်ဖော်ပြသလျှက်ရှိကြပါတယ်နော်။လမ်းမပေါ်ထွက်ကာ

ဆန္ဒထုတ်ဖော်ပြမှုများအပြင် ပြည်သူတွေဟာ Civil Disobedience Movement

တွေကိုလည်းတောက်လျှောက် ပြုလုပ်နေခဲ့ကျတာပဲဖြစ်ပါတယ်။ယနေ့ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှာတော့

အာဏာပိုင်များရဲ့ ဖိအားပေးမှုကြောင့် မော်လမြိုင်မြို့မှ ထွက်ခွာလာပြီး ရန်ကုန်မြို့သို့ဆိုက်ရောက်မဲ့

ခရီးသည်များ လိုက်ပါစီးနင်းခြင်း လုံးဝမရှိသည့် မြန်မာ့မီးရထားဟာ အထွက်မှာပင်

ရပ်နားသွားရတာပဲ ဖြစ်တယ်လို့သိခဲ့ရပါတယ်။ယခုအချိန်မှာတော့ မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွါလာသော

မြန်မာ့မီးရထားကို ရဲတပ်ဖွဲ့မှဝိုင်းဝန်းနေရာယူထားတာကို တွေ့မြင်ခဲ့ရပြီး ပြည်သူများကလည်း

ရုံးမတက်ရေး ဝန်ထမ်းတွေရဲ့အာခံဖီဆန်မှု Civil Disobedience Movement(CDM)မှာပါဝင်ပေးကြဖို့ကို

ဆန္ဒထုတ်ဖော်ပြသနေခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ခုဆိုတပ်မတော်မှ

အာဏာသိမ်းယူထားတာ (၁၆)ရက်မြောက်ရှိလာပြီဖြစ်သလို မြန်မာနိုင်ငံတစ်ဝန်းလုံး

CDM လှုပ်ရှားမှုတွေကလည်း အင်အားကောင်းလာကိုတွေ့မြင်နေရပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်းသာယာပါစေလို့ ဆုတောင်းရင်း ပရိသတ်ကြီးတို့လည်း ..

ဘေးအန္တရာယ်ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်

zawgyi

ဖိအားေပးမႈမ်ားေၾကာင့္ ေမာ္လၿမိဳင္ဘူတာႀကီးမွ ထြက္ခြါလာခဲ့ရတဲ့ ျမန္မာ့မီးရထားဟာ

ျပည္သူမ်ားရဲ႕ဝိုင္းဝန္းလမ္းပိတ္စို႔မႈ႕ေၾကာင့္ အထြက္မွာပင္ရပ္တန္႔ခဲ့ရ

ေမာ္လၿမိဳင္ပရိသတ္ႀကီးေရ ယခုလက္ရွိမွာ ျဖစ္ေပၚေနတဲ့ တပ္မေတာ္မွ အာဏာသိမ္းယူခဲ့မႈေၾကာင့္

ျမန္မာျပည္တစ္ႏိုင္ငံလုံးမွာ ျဖစ္ေပၚေနတဲ့အေျခအေနမ်ားနဲ႔ ပတ္သက္ၿပီး အႏွံ႔အျပားမွာရွိၾကတဲ့

အၿမိဳ႕ၿမိဳ႕အနယ္နယ္တိုင္းမွာေနထိုင္ၾကတဲ့ သန္းနဲ႔ခ်ီတဲ့ျပည္သူမ်ား၊အႏုပညာရွင္မ်ားအားလုံးက

တေသြးတသားထဲ လမ္းမမ်ားထက္ေပၚတြင္ ဆႏၵထုတ္ေဖာ္ျပသလွ်က္ရွိၾကပါတယ္ေနာ္။လမ္းမေပၚထြက္ကာ

ဆႏၵထုတ္ေဖာ္ျပမႈမ်ားအျပင္ ျပည္သူေတြဟာ Civil Disobedience Movement

ေတြကိုလည္းေတာက္ေလွ်ာက္ ျပဳလုပ္ေနခဲ့က်တာပဲျဖစ္ပါတယ္။ယေန႔ေဖေဖာ္ဝါရီလ (၁၆)ရက္ေန႔မွာေတာ့

အာဏာပိုင္မ်ားရဲ႕ ဖိအားေပးမႈေၾကာင့္ ေမာ္လၿမိဳင္ၿမိဳ႕မွ ထြက္ခြာလာၿပီး ရန္ကုန္ၿမိဳ႕သို႔ဆိုက္ေရာက္မဲ့

ခရီးသည္မ်ား လိုက္ပါစီးနင္းျခင္း လုံးဝမရွိသည့္ ျမန္မာ့မီးရထားဟာ အထြက္မွာပင္

ရပ္နားသြားရတာပဲ ျဖစ္တယ္လို႔သိခဲ့ရပါတယ္။ယခုအခ်ိန္မွာေတာ့ ေမာ္လၿမိဳင္မွ ရန္ကုန္သို႔ထြက္ခြါလာေသာ

ျမန္မာ့မီးရထားကို ရဲတပ္ဖြဲ႕မွဝိုင္းဝန္းေနရာယူထားတာကို ေတြ႕ျမင္ခဲ့ရၿပီး ျပည္သူမ်ားကလည္း

႐ုံးမတက္ေရး ဝန္ထမ္းေတြရဲ႕အာခံဖီဆန္မႈ Civil Disobedience Movement(CDM)မွာပါဝင္ေပးၾကဖို႔ကို

ဆႏၵထုတ္ေဖာ္ျပသေနခဲ့ၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ခုဆိုတပ္မေတာ္မွ

အာဏာသိမ္းယူထားတာ (၁၆)ရက္ေျမာက္ရွိလာၿပီျဖစ္သလို ျမန္မာႏိုင္ငံတစ္ဝန္းလုံး

CDM လႈပ္ရွားမႈေတြကလည္း အင္အားေကာင္းလာကိုေတြ႕ျမင္ေနရပါတယ္။

ျမန္မာျပည္ႀကီး အျမန္ဆုံး ေအးခ်မ္းသာယာပါေစလို႔ ဆုေတာင္းရင္း ပရိသတ္ႀကီးတို႔လည္း ..

ေဘးအႏၲရာယ္ကင္းၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္