News

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို

စစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုထပ်တိုး တရားစွဲဆို

စစ်ကောင်စီက ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တဲ့ ဒီနေ့မှာပဲ ဇဗ္ဗူသီရိမြို့နယ်တရားရုံးမှာ

သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို

ဗီဒီယိုအွန်လိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့

အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က

ပြောပါတယ် ။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန်

ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅၊

သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင်ခဲ့ပါတယ်။

မူလက အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ နဲ့သာ တရားစွဲဆိုထားရာကနေ

သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ ၂၅ ကို ထပ်မံတိုးပြီး တရားစွဲခဲ့တာပါ။

ဒုတိယအကြိမ်ရုံးထုတ်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ (၈) ဟာ အများဆုံး ထောင်ဒဏ် သုံးနှစ်

ဒါမှမဟုတ် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကို စွဲထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဟာ

အများဆုံး ထောင်ဒဏ် သုံးနှစ်နဲ့ ငွေဒဏ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

Zawgyi

စစ္ေကာင္စီက အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို အမႈထပ္တိုး တရားစြဲဆို

စစ္ေကာင္စီက ပထမဆုံး သတင္းစာရွင္းလင္းပြဲလုပ္တဲ့ ဒီေန႔မွာပဲ ဇဗၺဴသီရိၿမိဳ႕နယ္တရား႐ုံးမွာ

သမၼတ ဦးဝင္းျမင့္နဲ႔ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ကို

ဗီဒီယိုအြန္လိုင္းစနစ္ video conferencing နဲ႔ ပထမဆုံးအႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့တယ္လို႔

အမႈကို လိုက္ပါေဆာင္႐ြက္ေပးမယ့္ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က

ေျပာပါတယ္ ။

အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ပို႔ကုန္၊ သြင္းကုန္

ဥပေဒ ပုဒ္မ ၈၊ သဘာဝေဘးအႏၲရာယ္စီမံမႈဥပေဒ ပုဒ္မ ၂၅၊

သမၼတ ဦးဝင္းျမင့္ကိုေတာ့ သဘာဝေဘးအႏၲရာယ္ စီမံမႈ ပုဒ္မ ၂၅ တို႔နဲ႔ ဒီေန႔ တရားစြဲတင္ခဲ့ပါတယ္။

မူလက အတိုင္ပင္ခံပုဂၢိဳလ္ကို ပို႔ကုန္သြင္းကုန္ ဥပေဒပုဒ္မ ၈ နဲ႔သာ တရားစြဲဆိုထားရာကေန

သဘာဝေဘးအႏၲရာယ္စီမံမႈ ဥပေဒပုဒ္မ ၂၅ ကို ထပ္မံတိုးၿပီး တရားစြဲခဲ့တာပါ။

ဒုတိယအႀကိမ္႐ုံးထုတ္ကိုေတာ့ မတ္လ ၁ ရက္ေန႔မွာ ေဆာင္႐ြက္သြားမွာပါ။

ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ (၈) ဟာ အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္

ဒါမွမဟုတ္ ေငြဒဏ္၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ပါတယ္။

သမၼတ ဦးဝင္းျမင့္ကို စြဲထားတဲ့ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲမႈ ဥပေဒ ပုဒ္မ ၂၅ ဟာ

အမ်ားဆုံး ေထာင္ဒဏ္ သုံးႏွစ္နဲ႔ ေငြဒဏ္ ခ်မွတ္ႏိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။