ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement- CDM)
တွင် ပါဝင်နေသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ယမန်နေ့ (ဖေဖော်ဝါရီ ၁၅)
မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆရာဝန်များအဆောင်မှ အခန်းတံခါးကို ဖွင့်ရန်
ကြိုးပမ်းခဲ့သည်ဟု အဆိုပါ ဆေးရုံမှ ဆရာဝန်သုံးဦးက ပြောသည်။
အချုပ်ကားတစ်စီး အပါအဝင် ရဲကား ၁၀ စီးခန့်ဖြင့် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ဆေးရုံသို့
ရောက်ရှိလာခြင်းဖြစ်ပြီး အဆောင်ရှိ ဆရာဝန်များက သံပုံးတီးအချက်ပေးခဲ့သည့်အတွက် ရပ်ကွက်အတွင်းရှိ
ပြည်သူရာချီ လာရောက်ဝန်းရံပေးခဲ့သည်ဟုလည်း အဆိုပါ ဆရာဝန်များက ဆိုသည်။
“(အဆောင်ဘက်ကို) ရဲတွေ အများကြီး လာနေတယ်ဆိုလို့ ထွက်ကြည့်တော့ တကယ်လည်း အများကြီးပဲ။
၂၀၊ ၃၀ လောက်ရှိမယ်။ လက်နက်တွေလည်း ပါတယ်” ဟု ရဲများ လာရောက်ချိန်တွင်
ဆရာဝန်အဆောင်၌ ရှိနေသည့် လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်
၎င်းနေထိုင်ရာ အခန်း၏ တံခါးကို ၁၀ မိနစ်ခန့် ထုကာ ဖွင့်ရန်ကြိုးပမ်းခဲ့သည်ဟုလည်
း အသက် ၂၈ နှစ်အရွယ် အဆိုပါ ဆရာဝန်က ဆိုသည်။
ယင်းအခန်းဘေးတွင် နေထိုင်သည့် အခြားလက်ထောက်ဆရာဝန်တစ်ဦးကလည်း အဆိုပါဖြစ်စဉ်ကို
အတည်ပြုပြီး ရဲတပ်ဖွဲ့ဝင်များက မည်သူ့ကို ဖမ်းဆီးရန် လာရောက်ခဲ့သည်ကိုမူ မသိကြောင်း ဆိုသည်
“အခန်းတံခါး လာခေါက်တာ အခန်းတစ်ခန်းပဲ၊ ကျွန်မတို့ အခန်းတွေကိုတော့ တံခါးလာခေါက်တာတို့
ဖွင့်ဖို့ကြိုးစားတာတွေ မလုပ်ဘူး” ဟု အမည်မဖော်လိုသည့် အဆိုပါ ဆရာဝန်က ပြောသည်။
၁၀ မိနစ်ခန့် တံခါးဖွင့်ရန် ကြိုးပမ်းခဲပြီးနောက် ရဲတပ်ဖွဲ့များ ပြန်လည်ထွက်ခွာသွားခဲ့ပြီး
မည်သည့်ဆရာဝန်မျှ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း မရှိခဲ့ဟု ၎င်းတို့က ပြောသည်။
တောင်ကြီး စ၀်စံထွန်း ဆေးရုံတွင် ဆေးရုံအုပ်နှင့် လက်ထောက်ဆေးရုံအုပ်မှလွဲ၍ ကျန်းမာရေးဝန်ထမ်း ၁၅၀ ခန့်
CDM တွင် ပါဝင်ပြီး လက်ထောက်ဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ သူနာပြုများနှင့်
အထွေထွေဝန်ထမ်း အများစု ဖြစ်သည်ဟု ယင်းဆေးရုံမှ ဆရာဝန်လေးဦးက ပြောသည်။
အခင်းဖြစ်သည့် ယနေ့မနက်ပိုင်းတွင် ဆေးရုံအုပ်၊ လက်ထောက်ဆေးရုံအုပ်နှင့် ဝန်ထမ်းအချို့က
ဝန်ထမ်းငယ်များကို အလုပ်ဆင်းရန် ဖိအားပေးလက်မှတ်ထိုးခိုင်းမှု ရှိခဲ့သည်ဟု
ဆိုသော်လည်း Myanmar Now က သီးခြားအတည်မပြုနိုင်ပေ။
ထိုအခြေအနေများနှင့် ပတ်သက်ပြီး ဆေးရုံအုပ်နှင့် ရဲစခန်းကို
မေးမြန်းရန် ကြိုးပမ်းသော်လည်း ဆက်သွယ်၍ မရသေးပေ။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်တပ်က ဖေဖော်ဝါရီ ၁ တွင် ဖြုတ်ချခဲ့ပြီး အာဏာသိမ်းယူခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း ယနေ့အထိ ထိန်းသိမ်းထားဆဲ ဖြစ်သည်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ဆန္ဒပြမှုများ နိုင်ငံတစ်ဝန်းပေါ်ပေါက်လာပြီး ပြည်သူ့ဝန်ထမ်း
အများအပြားကလည်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့်
အာဏာဖီဆန်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာခဲ့သည်။
ထို့အတူ CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ အခြား
ဌာနဆိုင်ရာ၀န်ထမ်းများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဖိအားပေးပစ်မှတ်ထားလာသည်။
ပိုမိုပြင်းထန်သော ဖိအားပေးမှုများ ရှိလာပါကလည်း ဆက်လက်အံတု၍ CDM ကို အဆုံးအထိ
လုပ်ဆောင်သွားကာ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်မည်မဟုတ်ဟု
စ၀်စံထွန်းဆေးရုံမှ အသက် ၂၆ နှစ်အရွယ် ဆရာဝန်တစ်ဦးက ပြောသည်။
“ဒီစစ်တပ်ကြီးကို လက်မခံနိုင်တာ။ ကိုယ့်ကို အနိုင်ကျင့်တယ်လို့ ခံစားရတဲ့အတွက်ကြောင့်
သူတို့ နိုင်ချင်တာကို လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်ပေါ့နော်” ဟု ယင်းဆရာဝန်က ပြောသည်။
CDM လှုပ်ရှားမှု အောင်မြင်ပြီး ၎င်းတို့ရွေးချယ်ထားသည့် ဒေါ်အောင်ဆန်းစုကြည်အစိုးရ ပြန်တက်လာမှသာ
လုပ်ငန်းခွင် ပြန်ဝင်မည်ဟု စပ်စံထွန်းဆေးရုံမှ အသက် ၃၀ အရွယ် လက်ထောက်ဆရာဝန်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ကို သေနတ်ထောက်ပြီးတော့ ဆေးကုခိုင်းလို့ မရပါဘူး။ ကျွန်တော်တို့က
အဲဒီလောက်အထိလည်း ခုခံမှာပါ” ဟု ၎င်းက ပြောသည်။
အာဏာသိမ်းပြီး နှစ်ရက်အကြာ ဖေဖော်ဝါရီ ၃ တွင် စဝ်စံထွန်းဆေးရုံမှ လက်ထောက်ဆရာဝန်များ
ဦးဆောင်၍ CDM တွင် ပါဝင်ခဲ့ပြီး ယခုအခါ ဆေးရုံရှိ အရေးပေါ်ဌာနနှင့် အတွင်းလူနာဆောင်များ
ပိတ်ထားရပြီဖြစ်သည်ဟု အဆိုပါ ဆရာဝန်များက ပြောသည်။
မြို့အများအပြားတွင် အိမ်အထိ သွားရောက်ဖမ်းဆီးမှုကို လူခြေတိတ်ချိန်တွင် ပြုလုပ်လျက်ရှိပြီ
း ထိုအချိန်တွင် အင်တာနက် ဖြတ်တောက်ထားသည်မှာ ၂ ရက်ရှိပြီဖြစ်သည်။
ယခင်နေ့များက အင်တာနက် မဖြတ်ဘဲ ၀င်ရောက်ဖမ်းဆီးမှုများရှိရာ ထိုဖြစ်ရပ်များကို
ဖုန်းဖြင့် မှတ်တမ်းတင် တိုက်ရိုက် ထုတ်လွှင့်ခဲ့ကြသည်။
zawgyi
က်န္းမာေရးဝန္ထမ္း ၁၀၀ ေက်ာ္ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (Civil Disobedience Movement- CDM)
တြင္ ပါဝင္ေနသည့္ ရွမ္းျပည္နယ္ ေတာင္ႀကီးၿမိဳ႕ရွိ စဝ္စံထြန္းေဆး႐ုံသို႔ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၅)
မြန္းလြဲပိုင္းတြင္ ရဲတပ္ဖြဲ႕ဝင္မ်ား ေရာက္ရွိလာၿပီး ဆရာဝန္မ်ားအေဆာင္မွ အခန္းတံခါးကို ဖြင့္ရန္
ႀကိဳးပမ္းခဲ့သည္ဟု အဆိုပါ ေဆး႐ုံမွ ဆရာဝန္သုံးဦးက ေျပာသည္။
အခ်ဳပ္ကားတစ္စီး အပါအဝင္ ရဲကား ၁၀ စီးခန္႔ျဖင့္ မြန္းလြဲ ၃ နာရီခြဲခန္႔တြင္ ရဲတပ္ဖြဲ႕ဝင္မ်ား ေဆး႐ုံသို႔
ေရာက္ရွိလာျခင္းျဖစ္ၿပီး အေဆာင္ရွိ ဆရာဝန္မ်ားက သံပုံးတီးအခ်က္ေပးခဲ့သည့္အတြက္ ရပ္ကြက္အတြင္းရွိ
ျပည္သူရာခ်ီ လာေရာက္ဝန္းရံေပးခဲ့သည္ဟုလည္း အဆိုပါ ဆရာဝန္မ်ားက ဆိုသည္။
“(အေဆာင္ဘက္ကို) ရဲေတြ အမ်ားႀကီး လာေနတယ္ဆိုလို႔ ထြက္ၾကည့္ေတာ့ တကယ္လည္း အမ်ားႀကီးပဲ။
၂၀၊ ၃၀ ေလာက္ရွိမယ္။ လက္နက္ေတြလည္း ပါတယ္” ဟု ရဲမ်ား လာေရာက္ခ်ိန္တြင္
ဆရာဝန္အေဆာင္၌ ရွိေနသည့္ လက္ေထာက္ဆရာဝန္တစ္ဦးက ေျပာသည္
၎ေနထိုင္ရာ အခန္း၏ တံခါးကို ၁၀ မိနစ္ခန္႔ ထုကာ ဖြင့္ရန္ႀကိဳးပမ္းခဲ့သည္ဟုလည္
း အသက္ ၂၈ ႏွစ္အ႐ြယ္ အဆိုပါ ဆရာဝန္က ဆိုသည္။
ယင္းအခန္းေဘးတြင္ ေနထိုင္သည့္ အျခားလက္ေထာက္ဆရာဝန္တစ္ဦးကလည္း အဆိုပါျဖစ္စဥ္ကို
အတည္ျပဳၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားက မည္သူ႔ကို ဖမ္းဆီးရန္ လာေရာက္ခဲ့သည္ကိုမူ မသိေၾကာင္း ဆိုသည္
“အခန္းတံခါး လာေခါက္တာ အခန္းတစ္ခန္းပဲ၊ ကြၽန္မတို႔ အခန္းေတြကိုေတာ့ တံခါးလာေခါက္တာတို႔
ဖြင့္ဖို႔ႀကိဳးစားတာေတြ မလုပ္ဘူး” ဟု အမည္မေဖာ္လိုသည့္ အဆိုပါ ဆရာဝန္က ေျပာသည္။
၁၀ မိနစ္ခန္႔ တံခါးဖြင့္ရန္ ႀကိဳးပမ္းခဲၿပီးေနာက္ ရဲတပ္ဖြဲ႕မ်ား ျပန္လည္ထြက္ခြာသြားခဲ့ၿပီး
မည္သည့္ဆရာဝန္မွ် ဖမ္းဆီးေခၚေဆာင္ခံရျခင္း မရွိခဲ့ဟု ၎တို႔က ေျပာသည္။
ေတာင္ႀကီး စ၀္စံထြန္း ေဆး႐ုံတြင္ ေဆး႐ုံအုပ္ႏွင့္ လက္ေထာက္ေဆး႐ုံအုပ္မွလြဲ၍ က်န္းမာေရးဝန္ထမ္း ၁၅၀ ခန္႔
CDM တြင္ ပါဝင္ၿပီး လက္ေထာက္ဆရာဝန္မ်ား၊ အထူးကုဆရာဝန္မ်ား၊ သူနာျပဳမ်ားႏွင့္
အေထြေထြဝန္ထမ္း အမ်ားစု ျဖစ္သည္ဟု ယင္းေဆး႐ုံမွ ဆရာဝန္ေလးဦးက ေျပာသည္။
အခင္းျဖစ္သည့္ ယေန႔မနက္ပိုင္းတြင္ ေဆး႐ုံအုပ္၊ လက္ေထာက္ေဆး႐ုံအုပ္ႏွင့္ ဝန္ထမ္းအခ်ိဳ႕က
ဝန္ထမ္းငယ္မ်ားကို အလုပ္ဆင္းရန္ ဖိအားေပးလက္မွတ္ထိုးခိုင္းမႈ ရွိခဲ့သည္ဟု
ဆိုေသာ္လည္း Myanmar Now က သီးျခားအတည္မျပဳႏိုင္ေပ။
ထိုအေျခအေနမ်ားႏွင့္ ပတ္သက္ၿပီး ေဆး႐ုံအုပ္ႏွင့္ ရဲစခန္းကို
ေမးျမန္းရန္ ႀကိဳးပမ္းေသာ္လည္း ဆက္သြယ္၍ မရေသးေပ။
ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္သည့္ ေ႐ြးေကာက္ခံအစိုးရကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး
မင္းေအာင္လႈိင္ ေခါင္းေဆာင္ေသာ စစ္တပ္က ေဖေဖာ္ဝါရီ ၁ တြင္ ျဖဳတ္ခ်ခဲ့ၿပီး အာဏာသိမ္းယူခဲ့သည္။
ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ သမၼတ ဦးဝင္းျမင့္အပါအဝင္ အစိုးရအဖြဲ႕ဝင္မ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္
(NLD) ထိပ္ပိုင္းေခါင္းေဆာင္မ်ားကိုလည္း ယေန႔အထိ ထိန္းသိမ္းထားဆဲ ျဖစ္သည္။
စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္သည့္ ဆႏၵျပမႈမ်ား ႏိုင္ငံတစ္ဝန္းေပၚေပါက္လာၿပီး ျပည္သူ႔ဝန္ထမ္း
အမ်ားအျပားကလည္း အာဏာသိမ္းမႈကို ဆန္႔က်င္သည့္အေနျဖင့္
အာဏာဖီဆန္ေရးလႈပ္ရွားမႈမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ ေပၚေပါက္လာခဲ့သည္။
ထို႔အတူ CDM လႈပ္ရွားမႈတြင္ ပါဝင္သည့္ က်န္းမာေရးဝန္ထမ္းမ်ား၊ အျခား
ဌာနဆိုင္ရာ၀န္ထမ္းမ်ားကို စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕က ဖိအားေပးပစ္မွတ္ထားလာသည္။
ပိုမိုျပင္းထန္ေသာ ဖိအားေပးမႈမ်ား ရွိလာပါကလည္း ဆက္လက္အံတု၍ CDM ကို အဆုံးအထိ
လုပ္ေဆာင္သြားကာ စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္မည္မဟုတ္ဟု
စ၀္စံထြန္းေဆး႐ုံမွ အသက္ ၂၆ ႏွစ္အ႐ြယ္ ဆရာဝန္တစ္ဦးက ေျပာသည္။
“ဒီစစ္တပ္ႀကီးကို လက္မခံႏိုင္တာ။ ကိုယ့္ကို အႏိုင္က်င့္တယ္လို႔ ခံစားရတဲ့အတြက္ေၾကာင့္
သူတို႔ ႏိုင္ခ်င္တာကို လက္မခံဘူးဆိုတဲ့ စိတ္ဓာတ္ေပါ့ေနာ္” ဟု ယင္းဆရာဝန္က ေျပာသည္။
CDM လႈပ္ရွားမႈ ေအာင္ျမင္ၿပီး ၎တို႔ေ႐ြးခ်ယ္ထားသည့္ ေဒၚေအာင္ဆန္းစုၾကည္အစိုးရ ျပန္တက္လာမွသာ
လုပ္ငန္းခြင္ ျပန္ဝင္မည္ဟု စပ္စံထြန္းေဆး႐ုံမွ အသက္ ၃၀ အ႐ြယ္ လက္ေထာက္ဆရာဝန္တစ္ဦးက ေျပာသည္။
“ကြၽန္ေတာ္တို႔ကို ေသနတ္ေထာက္ၿပီးေတာ့ ေဆးကုခိုင္းလို႔ မရပါဘူး။ ကြၽန္ေတာ္တို႔က
အဲဒီေလာက္အထိလည္း ခုခံမွာပါ” ဟု ၎က ေျပာသည္။
အာဏာသိမ္းၿပီး ႏွစ္ရက္အၾကာ ေဖေဖာ္ဝါရီ ၃ တြင္ စဝ္စံထြန္းေဆး႐ုံမွ လက္ေထာက္ဆရာဝန္မ်ား
ဦးေဆာင္၍ CDM တြင္ ပါဝင္ခဲ့ၿပီး ယခုအခါ ေဆး႐ုံရွိ အေရးေပၚဌာနႏွင့္ အတြင္းလူနာေဆာင္မ်ား
ပိတ္ထားရၿပီျဖစ္သည္ဟု အဆိုပါ ဆရာဝန္မ်ားက ေျပာသည္။
ၿမိဳ႕အမ်ားအျပားတြင္ အိမ္အထိ သြားေရာက္ဖမ္းဆီးမႈကို လူေျခတိတ္ခ်ိန္တြင္ ျပဳလုပ္လ်က္ရွိၿပီ
း ထိုအခ်ိန္တြင္ အင္တာနက္ ျဖတ္ေတာက္ထားသည္မွာ ၂ ရက္ရွိၿပီျဖစ္သည္။
ယခင္ေန႔မ်ားက အင္တာနက္ မျဖတ္ဘဲ ၀င္ေရာက္ဖမ္းဆီးမႈမ်ားရွိရာ ထိုျဖစ္ရပ္မ်ားကို
ဖုန္းျဖင့္ မွတ္တမ္းတင္ တိုက္႐ိုက္ ထုတ္လႊင့္ခဲ့ၾကသည္။