News

တပ်မတော်ပိုင် မြဝတီဘဏ်တွင် ငွေထုတ်ယူသူများပြားလွန်းတဲ့အတွက်ကြောင့် မွန်းလွဲပိုင်းမှာဘဏ်ပြန်ပိတ်ခဲ့ရ

ပရိသတ်ကြီးရေ စစ်တပ်ရဲ့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဝန်ထမ်းများ CDM

မှာပါဝင်ကြရန်အတွက် အနုပညာရှင်များက ဗဟိုဘဏ်ရှေ့မှာ

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတာပဲဖြစ်ပါတယ်နော်။ဘဏ်ဝန်ထမ်းတွေ

CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပြီး အလုပ်မဆင်းတဲ့အတွက် ဒီကနေ့မနက်ပိုင်းမှာ

အစိုးရဘဏ်ခွဲတွေရှေ့မှာတော့ ဘဏ်ဝန်ထမ်းတွေကို အလုပ်မဆင်းဘဲ CDM

လုပ်ဖို့အတွက် ဆန္ဒပြတောင်းဆိုသူတွေလည်း ရှိနေတယ်လို့သိရပါတယ်။

ပြည်သူလူထုရဲ့လှုပ်ရှားမှုတွေဟာ တစ်ရက်ပြီးတစ်ရက် အရှိန်အဟုန်ပြင်းပြင်းနဲ့

လုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်။ရန်ကုန်မြို့ကဘဏ်အများစုဟာ

ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားတာကိုမြင်တွေ့နေရပါတယ်။

ပုဂ္ဂလိကဘဏ်ခွဲတွေ အားလုံးနီးပါးပိတ်ထားသလို အစိုးရဘဏ်တွေမှာလည်း လုံခြုံရေးယူထားတဲ့

ရဲတပ်ဖွဲ့ဝင်တွေသာရှိနေတာဖြစ်ပါတယ်။ရန်ကုန်မြို့က ပုဂ္ဂလိကဘဏ်တွေနဲ့

အစိုးဘဏ်အများစုပိတ်ထားပြီးနောက် တပ်မတော်ပိုင် မြဝတီဘဏ်မှာ

ငွေလာထုတ်သူများ များပြားလွန်းတဲ့အတွက် ဒီကနေ့ဖေဖော်ဝါရီလ(၁၅)ရက်နေ့ မနက်(၉)နာရီအချိန်မှာ

ဖွင့်လှစ်ထားခဲ့ပေမဲ့လည်း မွန်းလွဲပိုင်းမှာတော့ ပြန်ပိတ်ထားခဲ့ရတယ်လို့ သိခဲ့ရပါတယ်

။တပ်မတော်ပိုင် မြဝတီဘဏ်မှာ ငွေပြန်ထုတ်သူများ

များပြားလာတဲ့အတွက် ဘဏ်မန်နေဂျာတွေကိုယ်တိုင် ထွက်ပြီးဖြေရှင်းပေးခဲ့ရတယ်လို့သိရှိရပါတယ်။

လတ်တလောပိတ်ထားရတဲ့ ဘဏ်ခွဲတွေကို ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတာလို့

စာကပ်ကာကြေညာထားခဲ့ပြီး မနက်ဖြန်မနက်(၉)နာရီခွဲအချိန်မှာ

ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားတာကိုလည်းတွေ့ခဲ့ရပါတယ်။

မြဝတီဘဏ်ဖွင့်အပြီးအချိန်(၃)နာရီအကြာ မနက်(၁၁)နာရီမှာ ပြန်ပိတ်လိုက်ရတာလို့

ဘဏ်အရှေ့ကိုရောက်ရှိနေသူတွေက ပြောပြခဲ့ပါတယ်။ဘဏ်ကိုပိတ်လိုက်ပေမယ့်လည်း

ငွေလာထုတ်သူများဟာ မြဝတီဘဏ်ရှေ့မှာ နေ့လယ်ပိုင်းအထိ ဆက်လက်စောင့်ဆိုင်းနေကြဆဲ

ဖြစ်တယ်လို့သိရှိရပါတယ်။ပရိသတ်ကြီးတို့လည်း ပျော်ရွှင်ရတဲ့နေ့စဥ်ဘဝတွေကို

အမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်နော်

zawgyi

ပရိသတ္ႀကီးေရ စစ္တပ္ရဲ႕အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့အေနနဲ႔ ဝန္ထမ္းမ်ား CDM

မွာပါဝင္ၾကရန္အတြက္ အႏုပညာရွင္မ်ားက ဗဟိုဘဏ္ေရွ႕မွာ

ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနၾကတာပဲျဖစ္ပါတယ္ေနာ္။ဘဏ္ဝန္ထမ္းေတြ

CDM လႈပ္ရွားမႈမွာ ပူးေပါင္းပါဝင္လာၾကၿပီး အလုပ္မဆင္းတဲ့အတြက္ ဒီကေန႔မနက္ပိုင္းမွာ

အစိုးရဘဏ္ခြဲေတြေရွ႕မွာေတာ့ ဘဏ္ဝန္ထမ္းေတြကို အလုပ္မဆင္းဘဲ CDM

လုပ္ဖို႔အတြက္ ဆႏၵျပေတာင္းဆိုသူေတြလည္း ရွိေနတယ္လို႔သိရပါတယ္။

ျပည္သူလူထုရဲ႕လႈပ္ရွားမႈေတြဟာ တစ္ရက္ၿပီးတစ္ရက္ အရွိန္အဟုန္ျပင္းျပင္းနဲ႔

လုပ္ေဆာင္ေနၾကတာလည္းျဖစ္ပါတယ္။ရန္ကုန္ၿမိဳ႕ကဘဏ္အမ်ားစုဟာ

ဖြင့္လွစ္ႏိုင္ျခင္းမရွိဘဲ ပိတ္ထားတာကိုျမင္ေတြ႕ေနရပါတယ္။

ပုဂၢလိကဘဏ္ခြဲေတြ အားလုံးနီးပါးပိတ္ထားသလို အစိုးရဘဏ္ေတြမွာလည္း လုံၿခဳံေရးယူထားတဲ့

ရဲတပ္ဖြဲ႕ဝင္ေတြသာရွိေနတာျဖစ္ပါတယ္။ရန္ကုန္ၿမိဳ႕က ပုဂၢလိကဘဏ္ေတြနဲ႔

အစိုးဘဏ္အမ်ားစုပိတ္ထားၿပီးေနာက္ တပ္မေတာ္ပိုင္ ျမဝတီဘဏ္မွာ

ေငြလာထုတ္သူမ်ား မ်ားျပားလြန္းတဲ့အတြက္ ဒီကေန႔ေဖေဖာ္ဝါရီလ(၁၅)ရက္ေန႔ မနက္(၉)နာရီအခ်ိန္မွာ

ဖြင့္လွစ္ထားခဲ့ေပမဲ့လည္း မြန္းလြဲပိုင္းမွာေတာ့ ျပန္ပိတ္ထားခဲ့ရတယ္လို႔ သိခဲ့ရပါတယ္

။တပ္မေတာ္ပိုင္ ျမဝတီဘဏ္မွာ ေငြျပန္ထုတ္သူမ်ား

မ်ားျပားလာတဲ့အတြက္ ဘဏ္မန္ေနဂ်ာေတြကိုယ္တိုင္ ထြက္ၿပီးေျဖရွင္းေပးခဲ့ရတယ္လို႔သိရွိရပါတယ္။

လတ္တေလာပိတ္ထားရတဲ့ ဘဏ္ခြဲေတြကို ကိုဗစ္ကပ္ေရာဂါေၾကာင့္ ပိတ္ထားရတာလို႔

စာကပ္ကာေၾကညာထားခဲ့ၿပီး မနက္ျဖန္မနက္(၉)နာရီခြဲအခ်ိန္မွာ

ျပန္လည္ဖြင့္လွစ္ေပးမွာျဖစ္ေၾကာင္း ထုတ္ျပန္ထားတာကိုလည္းေတြ႕ခဲ့ရပါတယ္။

ျမဝတီဘဏ္ဖြင့္အၿပီးအခ်ိန္(၃)နာရီအၾကာ မနက္(၁၁)နာရီမွာ ျပန္ပိတ္လိုက္ရတာလို႔

ဘဏ္အေရွ႕ကိုေရာက္ရွိေနသူေတြက ေျပာျပခဲ့ပါတယ္။ဘဏ္ကိုပိတ္လိုက္ေပမယ့္လည္း

ေငြလာထုတ္သူမ်ားဟာ ျမဝတီဘဏ္ေရွ႕မွာ ေန႔လယ္ပိုင္းအထိ ဆက္လက္ေစာင့္ဆိုင္းေနၾကဆဲ

ျဖစ္တယ္လို႔သိရွိရပါတယ္။ပရိသတ္ႀကီးတို႔လည္း ေပ်ာ္႐ႊင္ရတဲ့ေန႔စဥ္ဘဝေတြကို

အျမန္ဆုံးပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ေနာ္