News

မုံရြာအက်ဥ္းေထာင္မွ ဝန္ထမ္းတစ္ဦး စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ပါဝင္လာ

မုံရြာအက်ဥ္းေထာင္မွ ဝန္ထမ္းတစ္ဦး စစ္အာဏာရွင္ဆန႔္က်င္ေရးမွာ ပါဝင္လာ

မုံရြာၿမိဳ့ မွာ စစ္အာဏာရွင္ဆန႔္က်င္ေရး လူထုတိုက္ပြဲ အေထြေထြသပိတ္ ၁၀ ရက္ေျမာက္ေန႔အျဖစ္

ေဖေဖာ္ဝါရီလ ၁၅ ရက္ေန႔က မုံရြာၿမိဳ့မွာ ျပဳလုပ္ခဲ့ပါတယ္။ ဒီဆႏၵျပပြဲမွာ မုံရြာၿမိဳ့ အက်ဥ္းဦးစီးဌာနမွ

ဒုတပ္ၾကပ္အဆင့္ရွိ အက်ဥ္းေထာင္ဝန္ထမ္းတစ္ဦးလည္း ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္လာခဲ့ပါတယ္။

“စစ္အာဏာရွင္လက္ေအာက္ အလုပ္မလုပ္ခ်င္တဲ့အတြက္ ျပည္သူေတြနဲ႔အတူ လာေရာက္ပူးေပါင္းတာျဖစ္တယ္။

ျပည္သူေတြက CDM မွာပါဝင္တဲ့ ဝန္ထမ္းေတြကို လိုေလေသးမရွိ ကူညီၾကတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္

။ ကၽြန္ေတာ့္လိုပဲ ေနာက္ထပ္ CDM မွာပါဝင္ခ်င္တဲ့သူေတြလည္း ရွိေနပါေသးတယ္။

ဖိအားေတြေၾကာင့္ မထြက္လာနိုင္ေသးတာပါ။ ေရွ႕ကိုေျခတစ္လွမ္းပဲထြက္ခဲ့ပါ။ ျပည္သူေတြက အဆင္သင့္ေစာင့္ႀကိဳေနပါတယ္လို့

က်န္ေနေသးတဲ့ဝန္ထမ္းေတြကို ေျပာခ်င္ပါတယ္။”လို့ CDM မွာပါဝင္လာတဲ့ အက်ဥ္းေထာင္ဝန္ထမ္းက ေျပာပါတယ္။

မုံရြာၿမိဳ့က အေထြေထြသပိတ္စစ္ေၾကာင္းကို မနက္ ၉ နာရီအခ်ိန္က စတင္ခဲ့ၿပီး ျမန္မာ့စီးပြားေရးဘဏ္ေရွ႕မွာ

စု႐ုံးခဲ့ကာ ကမ္းနားလမ္း၊ ဘူတာလမ္း၊ ႐ုံးႀကီးလမ္း၊ ျပည္ေထာင္စုလမ္း၊ သာစည္လမ္း၊ ဗိုလ္ခ်ဳပ္လမ္းတို့အတိုင္း

ခ်ီတက္ကာ အာဏာသိမ္းစစ္ေကာင္စီကို ဆန႔္က်င္ကန႔္ကြက္ ဆႏၵျပခဲ့ၾကတာပါ။ ဒါ့အျပင္ ရဲတပ္ဖြဲ႕က

ပိတ္ဆို့ထားတဲ့ သံဆူးႀကိဳးအကာအရံေတြမွာလည္း ႏွင္းဆီပန္းေတြ ခ်ထားခဲ့ၾကပါေသးတယ္။

ပညာေရး၊ က်န္းမာေရး၊ သစ္ေတာ၊ မီးသတ္၊ စည္ပင္၊ စိုက္ပ်ိဳးေရး၊ သစ္ထုတ္ေရး၊ ပုဂၢလိကဘဏ္ဝန္ထမ္း၊

ကိုယ္ပိုင္ေက်ာင္းေတြ၊ ေက်ာင္းသားေက်ာင္းသူေဟာင္းအဖြဲ႕ေတြ၊ စက္ဘီးစီးအဖြဲ႕ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊

ျပည္သူေတြ၊ ရဟန္းသံဃာေတြမ်ားစြာ ပူးေပါင္းပါဝင္ခ်ီတက္ခဲ့ၾကပါတယ္။

#CDM #အက်ဥ္းဦးစီးဌာနဝန္ထမ္း #စစ္အာဏာရွင္စနစ္ဆန႔္က်င္ေရး #မုံရြာ #ပင္မသပိတ္စစ္ေၾကာင္း

unicode

မုံရွာအကျဉ်းထောင်မှ ဝန်ထမ်းတစ်ဦး စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်လာ

မုံရွာမြို့ မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲ အထွေထွေသပိတ် ၁၀ ရက်မြောက်နေ့အဖြစ်

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆန္ဒပြပွဲမှာ မုံရွာမြို့ အကျဉ်းဦးစီးဌာနမှ

ဒုတပ်ကြပ်အဆင့်ရှိ အကျဉ်းထောင်ဝန်ထမ်းတစ်ဦးလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။

“စစ်အာဏာရှင်လက်အောက် အလုပ်မလုပ်ချင်တဲ့အတွက် ပြည်သူတွေနဲ့အတူ လာရောက်ပူးပေါင်းတာဖြစ်တယ်။

ပြည်သူတွေက CDM မှာပါဝင်တဲ့ ဝန်ထမ်းတွေကို လိုလေသေးမရှိ ကူညီကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်

။ ကျွန်တော့်လိုပဲ နောက်ထပ် CDM မှာပါဝင်ချင်တဲ့သူတွေလည်း ရှိနေပါသေးတယ်။

ဖိအားတွေကြောင့် မထွက်လာနိုင်သေးတာပါ။ ရှေ့ကိုခြေတစ်လှမ်းပဲထွက်ခဲ့ပါ။ ပြည်သူတွေက အဆင်သင့်စောင့်ကြိုနေပါတယ်လို့

ကျန်နေသေးတဲ့ဝန်ထမ်းတွေကို ပြောချင်ပါတယ်။”လို့ CDM မှာပါဝင်လာတဲ့ အကျဉ်းထောင်ဝန်ထမ်းက ပြောပါတယ်။

မုံရွာမြို့က အထွေထွေသပိတ်စစ်ကြောင်းကို မနက် ၉ နာရီအချိန်က စတင်ခဲ့ပြီး မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ

စုရုံးခဲ့ကာ ကမ်းနားလမ်း၊ ဘူတာလမ်း၊ ရုံးကြီးလမ်း၊ ပြည်ထောင်စုလမ်း၊ သာစည်လမ်း၊ ဗိုလ်ချုပ်လမ်းတို့အတိုင်း

ချီတက်ကာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ ဒါ့အပြင် ရဲတပ်ဖွဲ့က

ပိတ်ဆို့ထားတဲ့ သံဆူးကြိုးအကာအရံတွေမှာလည်း နှင်းဆီပန်းတွေ ချထားခဲ့ကြပါသေးတယ်။

ပညာရေး၊ ကျန်းမာရေး၊ သစ်တော၊ မီးသတ်၊ စည်ပင်၊ စိုက်ပျိုးရေး၊ သစ်ထုတ်ရေး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊

ကိုယ်ပိုင်ကျောင်းတွေ၊ ကျောင်းသားကျောင်းသူဟောင်းအဖွဲ့တွေ၊ စက်ဘီးစီးအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊

ပြည်သူတွေ၊ ရဟန်းသံဃာတွေများစွာ ပူးပေါင်းပါဝင်ချီတက်ခဲ့ကြပါတယ်။

#CDM #အကျဉ်းဦးစီးဌာနဝန်ထမ်း #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #မုံရွာ #ပင်မသပိတ်စစ်ကြောင်း