တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်းမှုကြောင့် ကာချုပ် မအလ အာဏာသိမ်းခဲ့ကြောင်း ပေါက်ကြား..
ဝမ်ယိက မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုပြောတဲ့ စကားလုံးအတိအကျနဲ့ပါ အပြင်ကိုပေါက်ထွက်လာတယ်..
အဲ့ဒါက ရခိုင်အရေးနဲ့ပတ်သက်လို့ ICJ ခုံရုံးအတင်ခံရရင် ကာကွယ်ရေးဦးစီးချုပ်ကို အကာအကွယ်ပေးဖို့ ..
ခက်တယ်ဆိုတဲ့အကြောင်း၊ အာဏာသိမ်းလိုက်ရင်တော့ အပြည့်အဝ အကာအကွယ်ပေးနိုင်ပါတယ်ဆိုတဲ့
သွေးထိုးစကားပဲ.. ဝမ်ယိရဲ့ သွေးထိုးစကား သတင်းဟာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မြထွန်းဦးဆီကနေ
နိုင်ငံတကာသံတမန်တွေဆီကိုရောက်လာတာလို့ မခိုင်လုံသတင်းအနေနဲ့ထွက်နေတယ်..
မြန်မာပြည်မှာ အမေရိကန် နဲ့ တရုတ် တို့ Proxy War အဖြစ် လက်ရည်စမ်းချင်နေကြပြီ စစ်ဖြစ်တော့မည်လို့ ခန့်မှန်း..
၁၂/၀၁/၂၁ ဝမ်ယိနဲ့ကာချုပ်တွေ့ဆုံပွဲ ပေါက်ကြားလို့ UN လုံခြုံရေးကောင်စီမှာ ဗီတိုမထုတ်နိုင်တဲ့အကြောင်း.
. ဒီပေါက်ကြားမှုရဲ့ နောက်ဆက်တွဲကတော့ ဆန္ဒပြပြည်သူတွေကို ကိုင်တွယ်ပုံပဲ၊ UN, US နဲ့
တကမ္ဘာလုံးကစောင့်ကြည့်နေကြပြီ၊ အင်မတန်ကို အရေးကြီးတဲ့အချိန်ကိုရောက်နေပြီဆိုနိုင်မယ်၊
မြန်မာရွေးကောက်ပွဲအပြီး အူယားဖားယား အမြန်ပြေးလာတာက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ဖြစ်တယ်.
. ရွေးကောက်ပွဲအောင်မြင်မှုကို ဂုဏ်ပြုကြောင်းနဲ့ ရှေ့ဆက်မယ့် တရုတ် မြန်မာဆက်ဆံရေးကို
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုကြတယ်.. ဝမ်ယိဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း သီးခြားတွေ့ဆုံခဲ့သေးတယ်.
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ လင်းအားကြီးအချိန်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲ
မဲမသမာမှုခေါင်းစဉ်တပ်ပြီး စစ်အာဏာသိမ်းလိုက်တယ်.. ဒါကို
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေကိုကြည့်ရင် သိရှိပြီးဖြစ်မှာပါ..
မြန်မာပြည်မှာ စစ်အာဏာသိမ်းလိုက်ပြီဆိုတော့ ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင်
အနောက်အုပ်စုတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြပြီ.. အခါဆုံး အရမ်းဆုံးကတော့ ဂျပန်ပဲ..
နိုင်ငံတကာသတင်းမီဒီယာတွေမှာ လတ်တလောဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါသတင်းက မှေးမှိန်ပြီး
မြန်မာရဲ့စစ်အာဏာသိမ်းမှုသတင်းကို တရှိန်ထိုးစိတ်ဝင်စားလာကြတယ်.. ကမ္ဘာ့သတင်းမီဒီယာတွေနဲ့
နိုင်ငံတကာရဲ့ဝေဖန်ချက်ကို အရင်ဦးဆုံး ပြောင်းပြန်ကြီးတုန့်ပြန်လိုက်တာက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့
ပြောခွင့်ရပုဂ္ဂိုလ် ဝမ်ဝှမ်ဘင် Weng Wenbin ပါ.. မြန်မာပြည်မှာ စစ်အာဏာသိမ်းတာမဟုတ်ဘဲ
အစိုးရအပြောင်းအလဲဖြစ်ရုံလေးပါလို့ ပြောတာလည်း အဲ့ဒီ ဝမ်ဝှမ်ဘင် Weng Wenbin ပါပဲ..
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကတော့ မြန်မာကိစ္စအတွက် နိုင်ငံတကာသတင်းထောက်တွေရှေ့ကို ထွက်မလာရဲဘူး..
မြန်မာစစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂဟာ လုံခြုံရေးကောင်စီအစည်းအဝေးကို
အမြန်ဆုံးခေါ်ယူနိုင်အောင်ကြိုးစားခဲ့တယ်.. တကယ်လည်း အရမ်းမြန်ခဲ့တယ်..
လုံခြုံရေးကောင်စီမှာ ဗီတိုသုံးနိုင်တဲ့ အင်အားကြီးငါးနိုင်ငံကလည်း တံခါးပိတ်အစည်းအဝေး သီးသန့်လုပ်တယ်..
လုံခြုံရေးကောင်စီအစည်းအဝေးမှာ တိကျတဲ့ကြေညာချက်နဲ့ တောင်းဆိုချက်တွေထုတ်ပြန်ဖို့ ညှိနှိုင်းမရခဲ့ဘူး..
တရုတ်နဲ့ ရုရှားက မြန်မာအရေးနဲ့ပတ်သက်လို့ အချိန်ယူလေ့လာရဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့
အချိန်ဆွဲထားတာကြောင့်ပဲ.. ဗီတိုအာဏာတော့ မသုံးခဲ့ဘူး..
ဗီတိုအာဏာ (၅) နိုင်ငံ တံခါးပိတ်အစည်းအဝေးအပြီးမှာ တရုတ်ရဲ့တိုက်တွန်းချက်ကြောင့် မြန်မာမှာ
စစ်အာဏာသိမ်းလိုက်တာဆိုတဲ့ စွပ်စွဲချက်တွေ လှိုင်လှိုင်ထွက်လာတယ်.. တရုတ်က
မြန်မာစစ်အုပ်စုကိုအာဏာသိမ်းဖို့ သွေးထိုးခဲ့တယ်လို့ ပြောဆိုနေတာတွေဟာ မှားယွင်းတဲ့ဝေဖန်ပြောဆိုမှုတွေပါလို့
ဝမ်ဝှမ်ဘင် Weng Wenbin ခမျာ သတင်းထောက်တွေရဲ့အမေးကို တွင်တွင်ငြင်းခဲ့ရတယ်..
ကုလတံခါးပိတ်အစည်းအဝေးရဲ့ အချက်အလက်တွေ အပြင်ကို
ပေါက်ကြားသွားတာကိုလည်း စိတ်ပျက်မိကြောင်းပြောလိုက်သေးတယ်.
ရက်ပိုင်းအကြာမှာတော့ တရုတ်နဲ့ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်တောင်းဆိုချက်ကို
ဗီတိုအာဏာမသုံး၊ အချိန်မဆွဲတော့ဘဲ လက်မှတ်ရေးထိုး သဘောတူပေးလိုက်ရတယ်..
ဒါတောင်မှ အာဏာသိမ်းတယ်ဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားရေးသားထုတ်ပြန်ဖို့ တောင်းဆိုခဲ့သေးတယ်..
ဒီထုတ်ပြန်တောင်းဆိုချက်မှာ တရုတ်နဲ့ရုရှား အဓိကကျကျ သဘောတူပေးလိုက်ရတာက
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ချက်ချင်းလွှတ်ပေးရမယ်
ဆိုတဲ့ အချက်ပဲဖြစ်တယ်.. ချက်ချင်းလွှတ်ပေးရမယ် ဆိုတဲ့ တောင်းဆိုချက်ဟာ နိုင်ငံတကာ
သံတမန်ဆက်ဆံရေးစကားလုံးအရ တိကျပြင်းထန်ပြီး ဖိအားတွေပါနေတာကို ဖော်ပြလိုက်တာပါပဲ..
တနည်းအားဖြင့် ရာဇသံပါတဲ့ အသုံးအနှုန်းလည်းဖြစ်တယ်.. ဒါဟာ ကုလလုံခြုံရေးကောင်စီ (၁၅) နိုင်ငံရဲ့
တသဘောတည်းတူညီတဲ့ တောင်းဆိုချက်တွေဖြစ်တယ်..
ကျနော်တို့ဟာ လုံခြုံရေးကောင်စီရဲ့တောင်းဆိုချက်တွေအတိုင်း မျက်ခြေပြတ်မခံဘဲ ဆုပ်ကိုင်တောင်းဆိုကြဖို့လိုပါတယ်..
မြန်မာပြည်သူလူထုအများစုရဲ့ ဘုံလိုလားချက်လည်းဖြစ်ပါတယ်.. မြန်မာပြည်သူတွေရဲ့လိုလားချက်နဲ့
ကုလလုံခြုံရေးကောင်စီက အာမခံထုတ်ပြန်တောင်းဆိုထားချက်တွေအတိုင်း ဖိအားပေါင်းစုံ နည်းလမ်းပေါင်းစုံသုံးပြီး
တောင်းဆိုကြရမှာဖြစ်တယ်.. ဒီတောင်းဆိုချက်တွေ တောင်းဆိုလို့ ကျနော်တို့ကို ဖိနှိပ် ပစ်ခတ်
သတ်ဖြတ်လာခဲ့ရင် လုံခြုံရေးကောင်စီရဲ့ အကာအကွယ်ကို ကျိန်းသေရမှာဖြစ်တယ်.. ရလည်း ရရမယ်..
စစ်ပွဲတွေဖြစ်လာမှာလားဆိုတဲ့ အကြောင်းကိုပြန်ဆက်ရရင် ဖြစ်လာနိုင်တယ်လို့ပဲ ပြောချင်တယ်.. ရှေ့ဆုံးမှာပြောခဲ့တဲ့
အချက် (၅) ချက်ကို ပြန်ကောက်ရတော့မယ်.. တရုတ်ရဲ့ အာရှခါးပတ်စီမံကိန်းအတွက် အဓိကကျတဲ့မြန်မာအပေါ်
သူ့ရဲ့ဩဇာခိုင်မာနေဖို့လိုတယ်.. တရုတ်ဟာ သူ့ရဲ့နောက်ဖေးထွက်ပေါက်ကို ခိုင်မာအောင်လုပ်ဖို့လိုအပ်နေတယ်..
အမေရိကန်နဲ့အနောက်စု (ဂျပန်အပါအဝင်) တို့က တရုတ်ရဲ့ မြန်မာအတွင်းခြေလှမ်းတွေကို ချေဖျက်ဖို့ကြိုးစားနေရတယ်.
. ဂျပန်က ဒီအာဏာသိမ်းမှုကို ပြေလည်အောင်မရှင်းနိုင်ရင် တရုတ်ရဲ့ဒေသတွင်းလွှမ်းမိုးမှုဩဇာက
ပိုကြီးသွားလိမ့်မယ်လို့ စိုးရိမ်တကြီးပြောတယ်..
တရုတ်ဟာ တောင်တရုတ်ပင်လယ်မှာ ဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန် ဗြိတိန်တို့ရဲ့စစ်ရေးဖိအားတွေကို
လျှော့ချချင်နေတယ်.. စစ်ပွဲကို လမ်းလွှဲဖို့လည်းလိုအပ်နေတယ်.. ကိုဗစ်ကြောင့် တက်ရိပ်များနေတဲ့ဖိအားတွေကို
လမ်းကြောင်းပြောင်းဖို့လည်းလိုအပ်နေတယ်.. ဒီအချက်တွေကြောင့် မြန်မာစစ်အုပ်စုကို အာဏာသိမ်းခိုင်းလိုက်တာလို့
အတိအကျစွပ်စွဲလို့ရတယ်.. နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ သံတမန်အသိုင်းအဝန်းမှာလည်း ဒါကိုပဲ
ပြောဆိုဝေဖန်နေကြတာဖြစ်ပါတယ်.. ဘာလို့ဒီလိုလုပ်ရတာလဲ.. အဖြေက တောင်တရုတ်ပင်လယ်မှာ
အမေရိကန်နဲ့ ဒဲ့ကျကျစစ်မဖြစ်ချင်ဘူး.. မြန်မာကိုကြားခံပြီး Proxy စစ်ပွဲအနေနဲ့ပဲ လက်ရည်စမ်းချင်ပုံရတယ်..
ဒါကြောင့် ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေးနဲ့ပတ်သက်လို့ အမြဲတမ်း ဗီတိုကိုင်ခဲ့တဲ့တရုတ်ဟာ
ဒီပွဲမှာတော့ မြန်မာစစ်အာဏာသိမ်းအုပ်စုကို ပြောင်ကျကျရောင်းစားပစ်လိုက်တယ်..
လုံခြုံရေးကောင်စီမှာ ဆယ့်ငါးနိုင်ငံလုံး ဒီလိုမြန်မြန်ဆန်ဆန်သဘောတူတဲ့ကိစ္စ အင်မတန်ရှားတယ်..
ဒီလို ရာဇသံဆန်တဲ့ကြေညာချက်မျိုးထွက်လာဖို့ အင်မတန်ခက်ခဲတယ်.. ဒါပေမယ့် အခု
တောင်းဆိုကြေညာချက်ထွက်လာတယ်.. ဒါကြောင့် တရုတ်ဟာ စစ်အာဏာသိမ်းတဲ့အုပ်စုကို
ထိုးကျွေးခဲ့ပြီလို့ပြောနိုင်တာ.. ထိုးမကျွေးလို့လည်း မရတော့ဘူး.. ကုလတံခါးပိတ်အစည်းအဝေးမှာ တရုတ်က
အာဏာသိမ်းခိုင်းတဲ့အကြောင်း အချက်အလက်အတိအကျနဲ့ ရုရှားမပါတဲ့ အခြားဗီတို (၃) နိုင်ငံက ထောက်ပြခဲ့ကြတယ်
အဲ့ဒီသတင်းက အပြင်ကိုပေါက်ထွက်လာတယ်.. ဝမ်ယိက မြန်မာကာကွယ်ရေးဦးစီးချုပ်ကိုပြောတဲ့ စကားလုံးအတိအကျနဲ့ပါ ..
အပြင်ကိုပေါက်ထွက်လာတယ်.. အဲ့ဒါက ရခိုင်အရေးနဲ့ပတ်သက်လို့ ICJ ခုံရုံးအတင်ခံရရင် ကာကွယ်ရေးဦးစီးချုပ်ကို
အကာအကွယ်ပေးဖို့ခက်တယ်ဆိုတဲ့အကြောင်း၊ အာဏာသိမ်းလိုက်ရင်တော့ အပြည့်အဝ အကာအကွယ်ပေးနိုင်ပါတယ်ဆိုတဲ့
သွေးထိုးစကားပဲ.. ဝမ်ယိရဲ့ သွေးထိုးစကား သတင်းဟာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်
တစ်ဦးဦးဆီကနေ နိုင်ငံတကာသံတမန်တွေဆီကိုရောက်လာတာလို့ မခိုင်လုံသတင်းအနေနဲ့ထွက်နေတယ်..
အခုထပ်ကြားနေရတာက ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အကျယ်ချုပ်ချထားတာ သို့မဟုတ် အရေးမပါတဲ့နေရာမှာတာဝန်ပေး
ရွှေ့ထားပြီး စောင့်ကြည့်နေတယ်လို့ သတင်းတွေထွက်နေတယ်.. အဲ့ဒီ ဝမ်ယိကိစ္စ
ဆက်စပ်မှုကြောင့်များလားတော့ အသေအချာမသိပါ.. စစ်အာဏာသိမ်းအုပ်စုတွေရဲ့
မိသားစုဝင်တွေဟာ တရုတ်ကိုမယုံကြတော့လို့ ရုရှားကိုပြောင်းပြီး နေထိုင်နေကြတယ်လို့
ရုရှားကွန်ယက်သတင်းတွေအရသိရတယ်..
စစ်ဖြစ်လာမယ်လို့ပြောတာ ဘာကြောင့်လဲ.. ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ဂူတားရပ်စ်က မြန်မာစစ်အာဏာသိမ်းမှုကို သူတတ်နိုင်တဲ့နည်းလမ်းပေါင်းစုံသုံးပြီး မအောင်မြင်အောင်
ဖျက်ဆီးမယ်လို့ ပြောထားတယ်.. ဒါဟာ ကုလအတွင်းရေးမှူးချုပ်တစ်ယောက်အနေနဲ့
သံတမန်အသုံးအနှုန်းထက် ကျော်လွန်ပြီး ပြင်းထန်တဲ့ရာဇသံကို သုံးလိုက်တာဖြစ်တယ်..
ဒီအချက်က မြန်မာပြည်သူလူထုကြီးအတွက် အားတက်စရာကောင်းတယ်..
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အာဏာသိမ်းသူတွေကို နောက်ဆက်တွဲအရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ပြောတယ်.
. တချို့ကတော့ ဘိုင်ဒန်ရဲ့စကားကို အားမရကြဘူး.. သံတမန်ဆက်ဆံရေးလျှော့ချတာ၊ ပြည်ဝင်ခွင့်ပိတ်တာ၊
ဆန်ချင်လို့ခေါ်တဲ့ စီးပွါးရေးပိတ်ဆို့တာလောက်ပဲလို့ထင်ပြီး မြန်မာပြည်အတွက် ဘာမှမထူးနိုင်ဘူးလို့ မြင်ကြတယ်..
ဒါပေမယ့် အမေရိကန်မှာ သာဓကတွေ ကောင်းကောင်းရှိထားပြီးပြီလို့ သတိရသင့်တယ်.. ၁၉၉၀ ကစလို့ အဲ့ဒီလို
ဆန်ချင် ဆီချင် စပါးချင် သကြားချင်နည်းလမ်းတွေသုံးခဲ့ပေမယ့် မြန်မာလူထုအတွက် ဘာအကျိုးမှမဖြစ်ထွန်းခဲ့တာ
အမေရိကန်နဲ့ အနောက်အုပ်စု ကြုံခဲ့ဖူးပြီ.. စစ်အာဏာရှင်တသိုက်နဲ့ ခရိုနီတွေသာ ပိုပြီးချမ်းသာလာကြတာ လူတိုင်းအသိပဲ..
ဒါကြောင့် မြန်မာကိုအကန့်အသတ်နဲ့ စစ်ရေးအရ အရေးယူတာ သို့မဟုတ် အလုံးအရင်းနဲ့ စစ်ရေးအရ
အရေးယူတာ တစ်ခုခုလုပ်မှသာ မြန်မာကို သူတို့ရနိုင်လိမ့်မယ်လို့ တွက်ဆနေရပြီ.. (အခု ဒီစာကိုရေးနေချိန်မှာ
အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်လုံးရဲ့အသံက မြန်မာစစ်အာဏာရှင်တွေဟာ
နောက်ဆက်တွဲဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန်ခံစားရလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်တွေထွက်လာနေပြီ)
အမေရိကန်ဆိုတာ ကိုယ်ကျိုးစီးပွါးမပါရင် စစ်မတိုက်စားဘူးလို့ ဆိုစမှတ်ရှိကြတယ်.. ဒီတော့
သူ့အကြောင်းပြချက်က ဟိုအရှေ့ဆုံးမှာ မှတ်ထားပါလို့ပြောခဲ့တဲ့ အကြောင်းအချက် ငါးခုပါပဲ..
စစ်ရေးအရ အရေးယူမှုကို အမေရိကန်လုပ်နေကျအတိုင်း ပြောင်ကျကျဝင်တိုက်ချင်မှတိုက်လိမ့်မယ်..
ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်အုပ်စုမဟာမိတ်တွေရဲ့ သဘောထားစုစည်းချက်ကိုယူပြီး စစ်ပွဲကို စတင်လာစရာရှိနေတယ်..
အမေရိကန်ရဲ့အကျိုးစီးပွါး၊ အနောက်အုပ်စုရဲ့အကျိုးစီးပွါးနဲ့ ဂျပန်ရဲ့အကျိုးစီးပွါးတွေမှာ ဘုံကျနေတဲ့အချက်က တရုတ်ရဲ့
အာရှခါးပတ်စီမံကိန်း ပျက်စီးရေး၊ တရုတ်ရဲ့အိန္ဒိယသမုဒ္ဒစိုးမိုးရေးအိပ်မက်ဖြစ်တဲ့ နောက်ဖေးထွက်ပေါက်ကိုပိတ်ရေး၊
ဒေသတွင်းဩဇာလွှမ်းမိုးမှုကိုလျှော့ချရေးနဲ့ လစ်ဘရယ်ဒီမိုကရေစီဝါဒထွန်းကားရေးတွေပဲဖြစ်တယ်.. တရုတ်ကတော့
တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းနိုင်ငံတွေရဲ့ အာခံနေမှုကို မြန်မာဖြစ်ရပ် သာဓကပြပြီး ဖိအားပေးဖို့နဲ့ ကိုဗစ်ကြောင့်
တက်ရိပ်ပြနေတဲ့ နိုင်ငံတကာဖိအားအမျိုးမျိုးကို အာရုံပြောင်းဖို့လိုအပ်နေတယ်.. အထူးသဖြင့်တော့ တောင်တရုတ်ပင်လယ်မှာ
အမေရိကန်နဲ့ စစ်မတိုက်ချင်ဘူး.. မြန်မာနိုင်ငံထဲမှာ ကြားခံ Proxy စစ်ပွဲလုပ်ပြီး စစ်တိုက်ကြမယ်လို့ စိန်ခေါ်လိုက်တဲ့လုပ်ရပ်မျိုးလည်းဖြစ်တယ်
.. ဒီတော့ ဒီကနေ့မြန်မာနိုင်ငံဟာ စစ်ရိပ်စစ်ငွေ့မကင်းဘူးလို့ပဲ ပြောရတော့မယ်..
အာဏာသိမ်းထားသူတွေဟာလည်း ရှေ့တိုးရင်တံပိုး နောက်ဆုတ်ရင်လှည်းဒုတ်ဆိုတဲ့အတိုင်း
အရူးမီးဝိုင်းမိသလိုဖြစ်နေပြီမို့ ခံချဖို့လမ်းပဲ ရွေးကြရပါလိမ့်မယ်..
ဒီစစ်ပွဲဟာ ကြီးမလား သေးမလားဆိုတာကတော့ နောက်ကွယ်က တရုတ်ရဲ့စစ်ရေးအကူအညီတွေနဲ့လည်း သက်ဆိုင်နေပါတယ်..
တရုတ်က လုံခြုံရေးကောင်စီမှာ လက်ရှောင်ခဲ့သလို စစ်ရေးမှာလည်းလက်ရှောင်ခဲ့ရင် စစ်ပွဲက သေးသေးလေးပဲဖြစ်နိုင်ပါတယ်..
တရုတ်ဝင်ပါရင်တော့ မြန်မာပြည်ဟာ စစ်တလင်းဖြစ်ပြီး ကျန်ရစ်ပါလိမ့်မယ်.. အခုအခါမှာ အာဏာသိမ်းရတဲ့ကိစ္စကို
ဦးဝဏ္ဏမောင်လွင်တို့ကိုယ်စားပြုပြီး ကုလသမဂ္ဂဆီအကြောင်းပြချက်မျိုးစုံပေးရင်း သံတမန်ရေးနည်းလမ်းအရ
အချိန်ဆွဲနိုင်သမျှဆွဲလို့ရအောင် ကြိုးစားနေကြပါတယ်.. ဒါပေမယ့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နဲ့
အမေရိကန်တို့က မြန်မာရဲ့ပကတိအခြေအနေဟာ စစ်အာဏာသိမ်းမှုသာဖြစ်တယ်လို့ ယတိပြတ်ပြောထားပြီမို့
ဦးဝဏ္ဏမောင်လွင်တို့ အားထုတ်နေမှုဟာ အောင်မြင်ဖွယ်ရာမမြင်ပါဘူး..
ဒီအခြေအနေတွေကို စစ်မဖြစ်ဘဲ အကောင်းဆုံးကျော်လွှားနိုင်မယ့်နည်းလမ်းကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို ကုလလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များအတိုင်း ချက်ချင်းပြန်လွှတ်ပေးပြီး
နိုင်ငံရေးအရ အဖြေရှာကြဖို့ဆိုတဲ့ ထွက်ပေါက်တစ်ခုပဲရှိပါတော့တယ်.. ဒါပေမယ့် သင်ပုန်းချေရေးနဲ့ ရင်ကြားစေ့ရေးဆိုတာ
မဖြစ်နိုင်တော့တာမို့ နိုင်ငံတော်ကို စစ်အာဏာသိမ်းသူတွေဟာ ခုံရုံးတက် ဖြေရှင်းကြရပါလိမ့်မယ်.. မြန်မာနိုင်ငံထဲမှာ
တရုတ်၊ အမေရိကန်နဲ့ အနောက်အုပ်စုတို့ကစားကြမယ့် စစ်ပွဲတွေဖြစ်မလာပါစေနဲ့လို့ ဆုတောင်းကြရပါမယ်..
အမေရိကန်စစ်ဝင်တိုက်ပေးလို့ ပြောင်ပြောင်ရောင်ရောင် ကျန်ရစ်ခဲ့တဲ့နိုင်ငံမျိုး ရှားပါတယ်..
ဒါကြောင့် စစ်ပွဲတွေကိုအလိုမရှိပါဘူး.. တရုတ်ဟာ အမေရိကန်ကိုလက်ဦးမှုယူပြီး ပုံရိပ်ကျနေတာကိုလည်
း အမှတ်ပြန်ယူတဲ့အနေနဲ့ မြန်မာစစ်အာဏာသိမ်းအုပ်စုကို စစ်ရေးအရ အရေးယူလိုက်ရင်ရော ဘာတွေဆက်ဖြစ်လာနိုင်မလဲ..
သေချာတာကတော့ မြန်မာနိုင်ငံမြေပုံဟာ ပုံစံတစ်မျိုးပြောင်းပြီး ရေးဆွဲကြရပါလိမ့်မယ်.. ဒီလိုတွေမဖြစ်စေချင်ရင်တော့
အကြမ်းမဖက်တဲ့ လူထုအာခံမှုနည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာသိမ်းထားမှုကို
အပြီးတိုင်ချုပ်ငြိမ်းအောင် တတ်ညီလက်ညီ ဝိုင်းဝန်းလုပ်ဆောင်ကြရပါလိမ့်မယ်..
သေနတ်မရှိတဲ့ပြည်သူက စစ်အာဏာရှင်တွေကိုပြုတ်ကျအောင် ဘယ်လိုလုပ်နိုင်မှာလဲ..
တစ်ခုတည်းသော အောင်မြင်နိုင်တဲ့နည်းလမ်းက CDM လို့ခေါ်တဲ့ Civil Disobedience Movement ပါပဲ.
. အကြမ်းမဖက် အမိန့်မနာခံ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုကြီးသာလျှင်ဖြစ်ပါတယ်..
ဝန်ထမ်းအသီးသီးက လုံးဝအလုပ်မဆင်းကြဘဲ စစ်အာဏာရှင်ယန္တယားကို
ရပ်တန့်ဖျက်ဆီးပစ်နိုင်ပါတယ်.. ဒီလောက်ပါပဲ။ စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
zawgyi
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး တိုက္တြန္းမႈေၾကာင့္ ကာခ်ဳပ္ မအလ အာဏာသိမ္းခဲ့ေၾကာင္း ေပါက္ၾကား..
ဝမ္ယိက ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္ကိုေျပာတဲ့ စကားလုံးအတိအက်နဲ႔ပါ အျပင္ကိုေပါက္ထြက္လာတယ္..
အဲ့ဒါက ရခိုင္အေရးနဲ႔ပတ္သက္လို႔ ICJ ခုံ႐ုံးအတင္ခံရရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို အကာအကြယ္ေပးဖို႔ ..
ခက္တယ္ဆိုတဲ့အေၾကာင္း၊ အာဏာသိမ္းလိုက္ရင္ေတာ့ အျပည့္အဝ အကာအကြယ္ေပးႏိုင္ပါတယ္ဆိုတဲ့
ေသြးထိုးစကားပဲ.. ဝမ္ယိရဲ႕ ေသြးထိုးစကား သတင္းဟာ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ျမထြန္းဦးဆီကေန
ႏိုင္ငံတကာသံတမန္ေတြဆီကိုေရာက္လာတာလို႔ မခိုင္လုံသတင္းအေနနဲ႔ထြက္ေနတယ္..
ျမန္မာျပည္မွာ အေမရိကန္ နဲ႔ တ႐ုတ္ တို႔ Proxy War အျဖစ္ လက္ရည္စမ္းခ်င္ေနၾကၿပီ စစ္ျဖစ္ေတာ့မည္လို႔ ခန္႔မွန္း..
၁၂/၀၁/၂၁ ဝမ္ယိနဲ႔ကာခ်ဳပ္ေတြ႕ဆုံပြဲ ေပါက္ၾကားလို႔ UN လုံၿခဳံေရးေကာင္စီမွာ ဗီတိုမထုတ္ႏိုင္တဲ့အေၾကာင္း.
. ဒီေပါက္ၾကားမႈရဲ႕ ေနာက္ဆက္တြဲကေတာ့ ဆႏၵျပျပည္သူေတြကို ကိုင္တြယ္ပုံပဲ၊ UN, US နဲ႔
တကမာၻလုံးကေစာင့္ၾကည့္ေနၾကၿပီ၊ အင္မတန္ကို အေရးႀကီးတဲ့အခ်ိန္ကိုေရာက္ေနၿပီဆိုႏိုင္မယ္၊
ျမန္မာေ႐ြးေကာက္ပြဲအၿပီး အူယားဖားယား အျမန္ေျပးလာတာက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ ျဖစ္တယ္.
. ေ႐ြးေကာက္ပြဲေအာင္ျမင္မႈကို ဂုဏ္ျပဳေၾကာင္းနဲ႔ ေရွ႕ဆက္မယ့္ တ႐ုတ္ ျမန္မာဆက္ဆံေရးကို
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေျပာဆိုၾကတယ္.. ဝမ္ယိဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔လည္း သီးျခားေတြ႕ဆုံခဲ့ေသးတယ္.
၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ လင္းအားႀကီးအခ်ိန္မွာေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲ
မဲမသမာမႈေခါင္းစဥ္တပ္ၿပီး စစ္အာဏာသိမ္းလိုက္တယ္.. ဒါကို
ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းတို႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲေတြကိုၾကည့္ရင္ သိရွိၿပီးျဖစ္မွာပါ..
ျမန္မာျပည္မွာ စစ္အာဏာသိမ္းလိုက္ၿပီဆိုေတာ့ ကုလသမဂၢနဲ႔ အေမရိကန္အပါအဝင္
အေနာက္အုပ္စုတစ္ခုလုံး လႈပ္လႈပ္ခတ္ခတ္ ျဖစ္သြားၾကၿပီ.. အခါဆုံး အရမ္းဆုံးကေတာ့ ဂ်ပန္ပဲ..
ႏိုင္ငံတကာသတင္းမီဒီယာေတြမွာ လတ္တေလာျဖစ္ေနတဲ့ ကိုဗစ္ကပ္ေရာဂါသတင္းက ေမွးမွိန္ၿပီး
ျမန္မာရဲ႕စစ္အာဏာသိမ္းမႈသတင္းကို တရွိန္ထိုးစိတ္ဝင္စားလာၾကတယ္.. ကမာၻ႔သတင္းမီဒီယာေတြနဲ႔
ႏိုင္ငံတကာရဲ႕ေဝဖန္ခ်က္ကို အရင္ဦးဆုံး ေျပာင္းျပန္ႀကီးတုန႔္ျပန္လိုက္တာက တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕
ေျပာခြင့္ရပုဂၢိဳလ္ ဝမ္ဝွမ္ဘင္ Weng Wenbin ပါ.. ျမန္မာျပည္မွာ စစ္အာဏာသိမ္းတာမဟုတ္ဘဲ
အစိုးရအေျပာင္းအလဲျဖစ္႐ုံေလးပါလို႔ ေျပာတာလည္း အဲ့ဒီ ဝမ္ဝွမ္ဘင္ Weng Wenbin ပါပဲ..
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိကေတာ့ ျမန္မာကိစၥအတြက္ ႏိုင္ငံတကာသတင္းေထာက္ေတြေရွ႕ကို ထြက္မလာရဲဘူး..
ျမန္မာစစ္အာဏာသိမ္းမႈနဲ႔ပတ္သက္လို႔ ကုလသမဂၢဟာ လုံၿခဳံေရးေကာင္စီအစည္းအေဝးကို
အျမန္ဆုံးေခၚယူႏိုင္ေအာင္ႀကိဳးစားခဲ့တယ္.. တကယ္လည္း အရမ္းျမန္ခဲ့တယ္..
လုံၿခဳံေရးေကာင္စီမွာ ဗီတိုသုံးႏိုင္တဲ့ အင္အားႀကီးငါးႏိုင္ငံကလည္း တံခါးပိတ္အစည္းအေဝး သီးသန႔္လုပ္တယ္..
လုံၿခဳံေရးေကာင္စီအစည္းအေဝးမွာ တိက်တဲ့ေၾကညာခ်က္နဲ႔ ေတာင္းဆိုခ်က္ေတြထုတ္ျပန္ဖို႔ ညႇိႏႈိင္းမရခဲ့ဘူး..
တ႐ုတ္နဲ႔ ႐ုရွားက ျမန္မာအေရးနဲ႔ပတ္သက္လို႔ အခ်ိန္ယူေလ့လာရဦးမယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔
အခ်ိန္ဆြဲထားတာေၾကာင့္ပဲ.. ဗီတိုအာဏာေတာ့ မသုံးခဲ့ဘူး..
ဗီတိုအာဏာ (၅) ႏိုင္ငံ တံခါးပိတ္အစည္းအေဝးအၿပီးမွာ တ႐ုတ္ရဲ႕တိုက္တြန္းခ်က္ေၾကာင့္ ျမန္မာမွာ
စစ္အာဏာသိမ္းလိုက္တာဆိုတဲ့ စြပ္စြဲခ်က္ေတြ လႈိင္လႈိင္ထြက္လာတယ္.. တ႐ုတ္က
ျမန္မာစစ္အုပ္စုကိုအာဏာသိမ္းဖို႔ ေသြးထိုးခဲ့တယ္လို႔ ေျပာဆိုေနတာေတြဟာ မွားယြင္းတဲ့ေဝဖန္ေျပာဆိုမႈေတြပါလို႔
ဝမ္ဝွမ္ဘင္ Weng Wenbin ခမ်ာ သတင္းေထာက္ေတြရဲ႕အေမးကို တြင္တြင္ျငင္းခဲ့ရတယ္..
ကုလတံခါးပိတ္အစည္းအေဝးရဲ႕ အခ်က္အလက္ေတြ အျပင္ကို
ေပါက္ၾကားသြားတာကိုလည္း စိတ္ပ်က္မိေၾကာင္းေျပာလိုက္ေသးတယ္.
ရက္ပိုင္းအၾကာမွာေတာ့ တ႐ုတ္နဲ႔႐ုရွားဟာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီရဲ႕ ထုတ္ျပန္ေတာင္းဆိုခ်က္ကို
ဗီတိုအာဏာမသုံး၊ အခ်ိန္မဆြဲေတာ့ဘဲ လက္မွတ္ေရးထိုး သေဘာတူေပးလိုက္ရတယ္..
ဒါေတာင္မွ အာဏာသိမ္းတယ္ဆိုတဲ့ အသုံးအႏႈန္းကို ေရွာင္ရွားေရးသားထုတ္ျပန္ဖို႔ ေတာင္းဆိုခဲ့ေသးတယ္..
ဒီထုတ္ျပန္ေတာင္းဆိုခ်က္မွာ တ႐ုတ္နဲ႔႐ုရွား အဓိကက်က် သေဘာတူေပးလိုက္ရတာက
ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ကို ခ်က္ခ်င္းလႊတ္ေပးရမယ္
ဆိုတဲ့ အခ်က္ပဲျဖစ္တယ္.. ခ်က္ခ်င္းလႊတ္ေပးရမယ္ ဆိုတဲ့ ေတာင္းဆိုခ်က္ဟာ ႏိုင္ငံတကာ
သံတမန္ဆက္ဆံေရးစကားလုံးအရ တိက်ျပင္းထန္ၿပီး ဖိအားေတြပါေနတာကို ေဖာ္ျပလိုက္တာပါပဲ..
တနည္းအားျဖင့္ ရာဇသံပါတဲ့ အသုံးအႏႈန္းလည္းျဖစ္တယ္.. ဒါဟာ ကုလလုံၿခဳံေရးေကာင္စီ (၁၅) ႏိုင္ငံရဲ႕
တသေဘာတည္းတူညီတဲ့ ေတာင္းဆိုခ်က္ေတြျဖစ္တယ္..
က်ေနာ္တို႔ဟာ လုံၿခဳံေရးေကာင္စီရဲ႕ေတာင္းဆိုခ်က္ေတြအတိုင္း မ်က္ေျချပတ္မခံဘဲ ဆုပ္ကိုင္ေတာင္းဆိုၾကဖို႔လိုပါတယ္..
ျမန္မာျပည္သူလူထုအမ်ားစုရဲ႕ ဘုံလိုလားခ်က္လည္းျဖစ္ပါတယ္.. ျမန္မာျပည္သူေတြရဲ႕လိုလားခ်က္နဲ႔
ကုလလုံၿခဳံေရးေကာင္စီက အာမခံထုတ္ျပန္ေတာင္းဆိုထားခ်က္ေတြအတိုင္း ဖိအားေပါင္းစုံ နည္းလမ္းေပါင္းစုံသုံးၿပီး
ေတာင္းဆိုၾကရမွာျဖစ္တယ္.. ဒီေတာင္းဆိုခ်က္ေတြ ေတာင္းဆိုလို႔ က်ေနာ္တို႔ကို ဖိႏွိပ္ ပစ္ခတ္
သတ္ျဖတ္လာခဲ့ရင္ လုံၿခဳံေရးေကာင္စီရဲ႕ အကာအကြယ္ကို က်ိန္းေသရမွာျဖစ္တယ္.. ရလည္း ရရမယ္..
စစ္ပြဲေတြျဖစ္လာမွာလားဆိုတဲ့ အေၾကာင္းကိုျပန္ဆက္ရရင္ ျဖစ္လာႏိုင္တယ္လို႔ပဲ ေျပာခ်င္တယ္.. ေရွ႕ဆုံးမွာေျပာခဲ့တဲ့
အခ်က္ (၅) ခ်က္ကို ျပန္ေကာက္ရေတာ့မယ္.. တ႐ုတ္ရဲ႕ အာရွခါးပတ္စီမံကိန္းအတြက္ အဓိကက်တဲ့ျမန္မာအေပၚ
သူ႔ရဲ႕ဩဇာခိုင္မာေနဖို႔လိုတယ္.. တ႐ုတ္ဟာ သူ႔ရဲ႕ေနာက္ေဖးထြက္ေပါက္ကို ခိုင္မာေအာင္လုပ္ဖို႔လိုအပ္ေနတယ္..
အေမရိကန္နဲ႔အေနာက္စု (ဂ်ပန္အပါအဝင္) တို႔က တ႐ုတ္ရဲ႕ ျမန္မာအတြင္းေျခလွမ္းေတြကို ေခ်ဖ်က္ဖို႔ႀကိဳးစားေနရတယ္.
. ဂ်ပန္က ဒီအာဏာသိမ္းမႈကို ေျပလည္ေအာင္မရွင္းႏိုင္ရင္ တ႐ုတ္ရဲ႕ေဒသတြင္းလႊမ္းမိုးမႈဩဇာက
ပိုႀကီးသြားလိမ့္မယ္လို႔ စိုးရိမ္တႀကီးေျပာတယ္..
တ႐ုတ္ဟာ ေတာင္တ႐ုတ္ပင္လယ္မွာ ေဒသတြင္းႏိုင္ငံေတြနဲ႔ အေမရိကန္ ၿဗိတိန္တို႔ရဲ႕စစ္ေရးဖိအားေတြကို
ေလွ်ာ့ခ်ခ်င္ေနတယ္.. စစ္ပြဲကို လမ္းလႊဲဖို႔လည္းလိုအပ္ေနတယ္.. ကိုဗစ္ေၾကာင့္ တက္ရိပ္မ်ားေနတဲ့ဖိအားေတြကို
လမ္းေၾကာင္းေျပာင္းဖို႔လည္းလိုအပ္ေနတယ္.. ဒီအခ်က္ေတြေၾကာင့္ ျမန္မာစစ္အုပ္စုကို အာဏာသိမ္းခိုင္းလိုက္တာလို႔
အတိအက်စြပ္စြဲလို႔ရတယ္.. ႏိုင္ငံတကာသတင္းမီဒီယာေတြနဲ႔ သံတမန္အသိုင္းအဝန္းမွာလည္း ဒါကိုပဲ
ေျပာဆိုေဝဖန္ေနၾကတာျဖစ္ပါတယ္.. ဘာလို႔ဒီလိုလုပ္ရတာလဲ.. အေျဖက ေတာင္တ႐ုတ္ပင္လယ္မွာ
အေမရိကန္နဲ႔ ဒဲ့က်က်စစ္မျဖစ္ခ်င္ဘူး.. ျမန္မာကိုၾကားခံၿပီး Proxy စစ္ပြဲအေနနဲ႔ပဲ လက္ရည္စမ္းခ်င္ပုံရတယ္..
ဒါေၾကာင့္ ကုလလုံၿခဳံေရးေကာင္စီမွာ ျမန္မာအေရးနဲ႔ပတ္သက္လို႔ အၿမဲတမ္း ဗီတိုကိုင္ခဲ့တဲ့တ႐ုတ္ဟာ
ဒီပြဲမွာေတာ့ ျမန္မာစစ္အာဏာသိမ္းအုပ္စုကို ေျပာင္က်က်ေရာင္းစားပစ္လိုက္တယ္..
လုံၿခဳံေရးေကာင္စီမွာ ဆယ့္ငါးႏိုင္ငံလုံး ဒီလိုျမန္ျမန္ဆန္ဆန္သေဘာတူတဲ့ကိစၥ အင္မတန္ရွားတယ္..
ဒီလို ရာဇသံဆန္တဲ့ေၾကညာခ်က္မ်ိဳးထြက္လာဖို႔ အင္မတန္ခက္ခဲတယ္.. ဒါေပမယ့္ အခု
ေတာင္းဆိုေၾကညာခ်က္ထြက္လာတယ္.. ဒါေၾကာင့္ တ႐ုတ္ဟာ စစ္အာဏာသိမ္းတဲ့အုပ္စုကို
ထိုးေကြၽးခဲ့ၿပီလို႔ေျပာႏိုင္တာ.. ထိုးမေကြၽးလို႔လည္း မရေတာ့ဘူး.. ကုလတံခါးပိတ္အစည္းအေဝးမွာ တ႐ုတ္က
အာဏာသိမ္းခိုင္းတဲ့အေၾကာင္း အခ်က္အလက္အတိအက်နဲ႔ ႐ုရွားမပါတဲ့ အျခားဗီတို (၃) ႏိုင္ငံက ေထာက္ျပခဲ့ၾကတယ္
အဲ့ဒီသတင္းက အျပင္ကိုေပါက္ထြက္လာတယ္.. ဝမ္ယိက ျမန္မာကာကြယ္ေရးဦးစီးခ်ဳပ္ကိုေျပာတဲ့ စကားလုံးအတိအက်နဲ႔ပါ ..
အျပင္ကိုေပါက္ထြက္လာတယ္.. အဲ့ဒါက ရခိုင္အေရးနဲ႔ပတ္သက္လို႔ ICJ ခုံ႐ုံးအတင္ခံရရင္ ကာကြယ္ေရးဦးစီးခ်ဳပ္ကို
အကာအကြယ္ေပးဖို႔ခက္တယ္ဆိုတဲ့အေၾကာင္း၊ အာဏာသိမ္းလိုက္ရင္ေတာ့ အျပည့္အဝ အကာအကြယ္ေပးႏိုင္ပါတယ္ဆိုတဲ့
ေသြးထိုးစကားပဲ.. ဝမ္ယိရဲ႕ ေသြးထိုးစကား သတင္းဟာ တပ္မေတာ္ထိပ္ပိုင္းေခါင္းေဆာင္
တစ္ဦးဦးဆီကေန ႏိုင္ငံတကာသံတမန္ေတြဆီကိုေရာက္လာတာလို႔ မခိုင္လုံသတင္းအေနနဲ႔ထြက္ေနတယ္..
အခုထပ္ၾကားေနရတာက ဗိုလ္ခ်ဳပ္ႀကီးျမထြန္းဦးကို အက်ယ္ခ်ဳပ္ခ်ထားတာ သို႔မဟုတ္ အေရးမပါတဲ့ေနရာမွာတာဝန္ေပး
ေ႐ႊ႕ထားၿပီး ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြထြက္ေနတယ္.. အဲ့ဒီ ဝမ္ယိကိစၥ
ဆက္စပ္မႈေၾကာင့္မ်ားလားေတာ့ အေသအခ်ာမသိပါ.. စစ္အာဏာသိမ္းအုပ္စုေတြရဲ႕
မိသားစုဝင္ေတြဟာ တ႐ုတ္ကိုမယုံၾကေတာ့လို႔ ႐ုရွားကိုေျပာင္းၿပီး ေနထိုင္ေနၾကတယ္လို႔
႐ုရွားကြန္ယက္သတင္းေတြအရသိရတယ္..
စစ္ျဖစ္လာမယ္လို႔ေျပာတာ ဘာေၾကာင့္လဲ.. ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္
ဂူတားရပ္စ္က ျမန္မာစစ္အာဏာသိမ္းမႈကို သူတတ္ႏိုင္တဲ့နည္းလမ္းေပါင္းစုံသုံးၿပီး မေအာင္ျမင္ေအာင္
ဖ်က္ဆီးမယ္လို႔ ေျပာထားတယ္.. ဒါဟာ ကုလအတြင္းေရးမႉးခ်ဳပ္တစ္ေယာက္အေနနဲ႔
သံတမန္အသုံးအႏႈန္းထက္ ေက်ာ္လြန္ၿပီး ျပင္းထန္တဲ့ရာဇသံကို သုံးလိုက္တာျဖစ္တယ္..
ဒီအခ်က္က ျမန္မာျပည္သူလူထုႀကီးအတြက္ အားတက္စရာေကာင္းတယ္..
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က အာဏာသိမ္းသူေတြကို ေနာက္ဆက္တြဲအေရးယူမႈေတြ ဆက္လုပ္သြားမယ္လို႔ေျပာတယ္.
. တခ်ိဳ႕ကေတာ့ ဘိုင္ဒန္ရဲ႕စကားကို အားမရၾကဘူး.. သံတမန္ဆက္ဆံေရးေလွ်ာ့ခ်တာ၊ ျပည္ဝင္ခြင့္ပိတ္တာ၊
ဆန္ခ်င္လို႔ေခၚတဲ့ စီးပြါးေရးပိတ္ဆို႔တာေလာက္ပဲလို႔ထင္ၿပီး ျမန္မာျပည္အတြက္ ဘာမွမထူးႏိုင္ဘူးလို႔ ျမင္ၾကတယ္..
ဒါေပမယ့္ အေမရိကန္မွာ သာဓကေတြ ေကာင္းေကာင္းရွိထားၿပီးၿပီလို႔ သတိရသင့္တယ္.. ၁၉၉၀ ကစလို႔ အဲ့ဒီလို
ဆန္ခ်င္ ဆီခ်င္ စပါးခ်င္ သၾကားခ်င္နည္းလမ္းေတြသုံးခဲ့ေပမယ့္ ျမန္မာလူထုအတြက္ ဘာအက်ိဳးမွမျဖစ္ထြန္းခဲ့တာ
အေမရိကန္နဲ႔ အေနာက္အုပ္စု ႀကဳံခဲ့ဖူးၿပီ.. စစ္အာဏာရွင္တသိုက္နဲ႔ ခ႐ိုနီေတြသာ ပိုၿပီးခ်မ္းသာလာၾကတာ လူတိုင္းအသိပဲ..
ဒါေၾကာင့္ ျမန္မာကိုအကန႔္အသတ္နဲ႔ စစ္ေရးအရ အေရးယူတာ သို႔မဟုတ္ အလုံးအရင္းနဲ႔ စစ္ေရးအရ
အေရးယူတာ တစ္ခုခုလုပ္မွသာ ျမန္မာကို သူတို႔ရႏိုင္လိမ့္မယ္လို႔ တြက္ဆေနရၿပီ.. (အခု ဒီစာကိုေရးေနခ်ိန္မွာ
အေမရိကန္ အထက္လႊတ္ေတာ္နဲ႔ ေအာက္လႊတ္ေတာ္ ႏွစ္ရပ္လုံးရဲ႕အသံက ျမန္မာစစ္အာဏာရွင္ေတြဟာ
ေနာက္ဆက္တြဲဆိုးက်ိဳးေတြကို ျပင္းျပင္းထန္ထန္ခံစားရလိမ့္မယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြထြက္လာေနၿပီ)
အေမရိကန္ဆိုတာ ကိုယ္က်ိဳးစီးပြါးမပါရင္ စစ္မတိုက္စားဘူးလို႔ ဆိုစမွတ္ရွိၾကတယ္.. ဒီေတာ့
သူ႔အေၾကာင္းျပခ်က္က ဟိုအေရွ႕ဆုံးမွာ မွတ္ထားပါလို႔ေျပာခဲ့တဲ့ အေၾကာင္းအခ်က္ ငါးခုပါပဲ..
စစ္ေရးအရ အေရးယူမႈကို အေမရိကန္လုပ္ေနက်အတိုင္း ေျပာင္က်က်ဝင္တိုက္ခ်င္မွတိုက္လိမ့္မယ္..
ေဒသတြင္းႏိုင္ငံေတြနဲ႔ အေနာက္အုပ္စုမဟာမိတ္ေတြရဲ႕ သေဘာထားစုစည္းခ်က္ကိုယူၿပီး စစ္ပြဲကို စတင္လာစရာရွိေနတယ္..
အေမရိကန္ရဲ႕အက်ိဳးစီးပြါး၊ အေနာက္အုပ္စုရဲ႕အက်ိဳးစီးပြါးနဲ႔ ဂ်ပန္ရဲ႕အက်ိဳးစီးပြါးေတြမွာ ဘုံက်ေနတဲ့အခ်က္က တ႐ုတ္ရဲ႕
အာရွခါးပတ္စီမံကိန္း ပ်က္စီးေရး၊ တ႐ုတ္ရဲ႕အိႏၵိယသမုဒၵစိုးမိုးေရးအိပ္မက္ျဖစ္တဲ့ ေနာက္ေဖးထြက္ေပါက္ကိုပိတ္ေရး၊
ေဒသတြင္းဩဇာလႊမ္းမိုးမႈကိုေလွ်ာ့ခ်ေရးနဲ႔ လစ္ဘရယ္ဒီမိုကေရစီဝါဒထြန္းကားေရးေတြပဲျဖစ္တယ္.. တ႐ုတ္ကေတာ့
ေတာင္တ႐ုတ္ပင္လယ္အေရး၊ ေဒသတြင္းႏိုင္ငံေတြရဲ႕ အာခံေနမႈကို ျမန္မာျဖစ္ရပ္ သာဓကျပၿပီး ဖိအားေပးဖို႔နဲ႔ ကိုဗစ္ေၾကာင့္
တက္ရိပ္ျပေနတဲ့ ႏိုင္ငံတကာဖိအားအမ်ိဳးမ်ိဳးကို အာ႐ုံေျပာင္းဖို႔လိုအပ္ေနတယ္.. အထူးသျဖင့္ေတာ့ ေတာင္တ႐ုတ္ပင္လယ္မွာ
အေမရိကန္နဲ႔ စစ္မတိုက္ခ်င္ဘူး.. ျမန္မာႏိုင္ငံထဲမွာ ၾကားခံ Proxy စစ္ပြဲလုပ္ၿပီး စစ္တိုက္ၾကမယ္လို႔ စိန္ေခၚလိုက္တဲ့လုပ္ရပ္မ်ိဳးလည္းျဖစ္တယ္
.. ဒီေတာ့ ဒီကေန႔ျမန္မာႏိုင္ငံဟာ စစ္ရိပ္စစ္ေငြ႕မကင္းဘူးလို႔ပဲ ေျပာရေတာ့မယ္..
အာဏာသိမ္းထားသူေတြဟာလည္း ေရွ႕တိုးရင္တံပိုး ေနာက္ဆုတ္ရင္လွည္းဒုတ္ဆိုတဲ့အတိုင္း
အ႐ူးမီးဝိုင္းမိသလိုျဖစ္ေနၿပီမို႔ ခံခ်ဖို႔လမ္းပဲ ေ႐ြးၾကရပါလိမ့္မယ္..
ဒီစစ္ပြဲဟာ ႀကီးမလား ေသးမလားဆိုတာကေတာ့ ေနာက္ကြယ္က တ႐ုတ္ရဲ႕စစ္ေရးအကူအညီေတြနဲ႔လည္း သက္ဆိုင္ေနပါတယ္..
တ႐ုတ္က လုံၿခဳံေရးေကာင္စီမွာ လက္ေရွာင္ခဲ့သလို စစ္ေရးမွာလည္းလက္ေရွာင္ခဲ့ရင္ စစ္ပြဲက ေသးေသးေလးပဲျဖစ္ႏိုင္ပါတယ္..
တ႐ုတ္ဝင္ပါရင္ေတာ့ ျမန္မာျပည္ဟာ စစ္တလင္းျဖစ္ၿပီး က်န္ရစ္ပါလိမ့္မယ္.. အခုအခါမွာ အာဏာသိမ္းရတဲ့ကိစၥကို
ဦးဝဏၰေမာင္လြင္တို႔ကိုယ္စားျပဳၿပီး ကုလသမဂၢဆီအေၾကာင္းျပခ်က္မ်ိဳးစုံေပးရင္း သံတမန္ေရးနည္းလမ္းအရ
အခ်ိန္ဆြဲႏိုင္သမွ်ဆြဲလို႔ရေအာင္ ႀကိဳးစားေနၾကပါတယ္.. ဒါေပမယ့္ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္နဲ႔
အေမရိကန္တို႔က ျမန္မာရဲ႕ပကတိအေျခအေနဟာ စစ္အာဏာသိမ္းမႈသာျဖစ္တယ္လို႔ ယတိျပတ္ေျပာထားၿပီမို႔
ဦးဝဏၰေမာင္လြင္တို႔ အားထုတ္ေနမႈဟာ ေအာင္ျမင္ဖြယ္ရာမျမင္ပါဘူး..
ဒီအေျခအေနေတြကို စစ္မျဖစ္ဘဲ အေကာင္းဆုံးေက်ာ္လႊားႏိုင္မယ့္နည္းလမ္းကေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္
ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္ကို ကုလလုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္မ်ားအတိုင္း ခ်က္ခ်င္းျပန္လႊတ္ေပးၿပီး
ႏိုင္ငံေရးအရ အေျဖရွာၾကဖို႔ဆိုတဲ့ ထြက္ေပါက္တစ္ခုပဲရွိပါေတာ့တယ္.. ဒါေပမယ့္ သင္ပုန္းေခ်ေရးနဲ႔ ရင္ၾကားေစ့ေရးဆိုတာ
မျဖစ္ႏိုင္ေတာ့တာမို႔ ႏိုင္ငံေတာ္ကို စစ္အာဏာသိမ္းသူေတြဟာ ခုံ႐ုံးတက္ ေျဖရွင္းၾကရပါလိမ့္မယ္.. ျမန္မာႏိုင္ငံထဲမွာ
တ႐ုတ္၊ အေမရိကန္နဲ႔ အေနာက္အုပ္စုတို႔ကစားၾကမယ့္ စစ္ပြဲေတြျဖစ္မလာပါေစနဲ႔လို႔ ဆုေတာင္းၾကရပါမယ္..
အေမရိကန္စစ္ဝင္တိုက္ေပးလို႔ ေျပာင္ေျပာင္ေရာင္ေရာင္ က်န္ရစ္ခဲ့တဲ့ႏိုင္ငံမ်ိဳး ရွားပါတယ္..
ဒါေၾကာင့္ စစ္ပြဲေတြကိုအလိုမရွိပါဘူး.. တ႐ုတ္ဟာ အေမရိကန္ကိုလက္ဦးမႈယူၿပီး ပုံရိပ္က်ေနတာကိုလည္
း အမွတ္ျပန္ယူတဲ့အေနနဲ႔ ျမန္မာစစ္အာဏာသိမ္းအုပ္စုကို စစ္ေရးအရ အေရးယူလိုက္ရင္ေရာ ဘာေတြဆက္ျဖစ္လာႏိုင္မလဲ..
ေသခ်ာတာကေတာ့ ျမန္မာႏိုင္ငံေျမပုံဟာ ပုံစံတစ္မ်ိဳးေျပာင္းၿပီး ေရးဆြဲၾကရပါလိမ့္မယ္.. ဒီလိုေတြမျဖစ္ေစခ်င္ရင္ေတာ့
အၾကမ္းမဖက္တဲ့ လူထုအာခံမႈနည္းလမ္းေပါင္းစုံသုံးၿပီး စစ္အာဏာသိမ္းထားမႈကို
အၿပီးတိုင္ခ်ဳပ္ၿငိမ္းေအာင္ တတ္ညီလက္ညီ ဝိုင္းဝန္းလုပ္ေဆာင္ၾကရပါလိမ့္မယ္..
ေသနတ္မရွိတဲ့ျပည္သူက စစ္အာဏာရွင္ေတြကိုျပဳတ္က်ေအာင္ ဘယ္လိုလုပ္ႏိုင္မွာလဲ..
တစ္ခုတည္းေသာ ေအာင္ျမင္ႏိုင္တဲ့နည္းလမ္းက CDM လို႔ေခၚတဲ့ Civil Disobedience Movement ပါပဲ.
. အၾကမ္းမဖက္ အမိန႔္မနာခံ ျပည္သူ႔ေတာ္လွန္ေရးလႈပ္ရွားမႈႀကီးသာလွ်င္ျဖစ္ပါတယ္..
ဝန္ထမ္းအသီးသီးက လုံးဝအလုပ္မဆင္းၾကဘဲ စစ္အာဏာရွင္ယႏၲယားကို
ရပ္တန႔္ဖ်က္ဆီးပစ္ႏိုင္ပါတယ္.. ဒီေလာက္ပါပဲ။ စစ္အာဏာရွင္စနစ္ မုခ်က်ဆုံးရမည္။