News

သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖာ္ဝါရီလ ၁၇ ရက္အထိ ခ်ဳပ္ရမန္ယူထား

သမၼတ ဦးဝင္းျမင့္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ကို ေဖေဖာ္ဝါရီလ ၁၇ ရက္အထိ ခ်ဳပ္ရမန္ယူထား

သမၼတဦးဝင္းျမင့္နဲ႔ နိုင္ငံေတာ္ရဲ့အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို့ကိုစစ္ေဆးဖို့

ယူထားတဲ့ ခ်ဳပ္ရက္ ရမန္ ဟာေဖေဖာ္ဝါရီလ ၁၇ ရက္အထိ ျဖစ္တယ္လို့

လိုက္ပါေဆာင္ရြက္ေပးတဲ့ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

သတင္းမီဒီယာေတြနဲ႔ အြန္လိုင္းပ်ံႏွံခဲ့တဲ့ ရမန္ေလၽွာက္ထားတဲ့ စာရြက္အရ ဒီေန႔ ျပည့္မွာျဖစ္တယ္လို့

သိရတဲ့အတြက္ အမွုကို ထုေခ်ဖို့အတြက္ ေရွ႕ေနပါဝါ တင္ဖို့ ဒကၡိဏခရိုင္တရား႐ုံးကို

တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္တို့က လာခဲ့ၾကတာပါ။

ဒါေပမယ့္ ခရိုင္တရားသူႀကီးနဲ႔ ေတြ႕တဲ့အခါမွာ ရမန္ျပည့္တဲ့ ရက္ဟာ ဒီေန႔မဟုတ္ဘဲ ေဖေဖာ္ဝါရီလ ၁၇ ရက္အထိ

ယူထားတယ္ဆိုတာကိုသိခဲ့ရတယ္လို့ ေျပာပါတယ္။ရမန္ျပည့္တဲ့အခါမွာလည္း ၾကားနာ

တာကို ဗီဒီယို ကြန႔္ဖရန႔္နဲ႔သာျပဳလုပ္သြားမယ္လို့ ဆိုပါတယ္။

သမၼတနဲ႔ေဒၚေအာင္ဆန္းစုၾကည္တို့ဟာ အာဏာသိမ္းတဲ့

ေဖေဖာ္ဝါရီလ ၁ ရက္ မနက္အေစာပိုင္းမွာ ထိန္းသိမ္းခံခဲ့ရတာပါ။

အဲဒီေနာက္ သမၼတ ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲေရးဥပေဒ ၊

ေဒၚေအာင္ဆန္းစုၾကည္ကို ပို့ကုန္သြင္းကုန္ဥပေဒနဲ႔ အမွုဖြင့္ၿပီး ခ်ဳပ္ရမန္ယူထားတာပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဒီခ်ဳပ္ပါတီ ဗဟိုျပန္ၾကားေရးတာဝန္ခံ ဦးၾကည္တိုးက ေျပာျပခ်က္အရေတာ့

နိုင္ငံေခါင္းေဆာင္ ၂ ဦးလုံးက်န္းမာေရးေကာင္းမြန္ၾကတယ္လို့ သိရပါတယ္။

7Day

unicode

သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီလ ၁၇ ရက်အထိ ချုပ်ရမန်ယူထား

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုစစ်ဆေးဖို့

ယူထားတဲ့ ချုပ်ရက် ရမန် ဟာဖေဖော်ဝါရီလ ၁၇ ရက်အထိ ဖြစ်တယ်လို့

လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

သတင်းမီဒီယာတွေနဲ့ အွန်လိုင်းပျံနှံခဲ့တဲ့ ရမန်လျှောက်ထားတဲ့ စာရွက်အရ ဒီနေ့ ပြည့်မှာဖြစ်တယ်လို့

သိရတဲ့အတွက် အမှုကို ထုချေဖို့အတွက် ရှေ့နေပါဝါ တင်ဖို့ ဒက္ခိဏခရိုင်တရားရုံးကို

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်တို့က လာခဲ့ကြတာပါ။

ဒါပေမယ့် ခရိုင်တရားသူကြီးနဲ့ တွေ့တဲ့အခါမှာ ရမန်ပြည့်တဲ့ ရက်ဟာ ဒီနေ့မဟုတ်ဘဲ ဖေဖော်ဝါရီလ ၁၇ ရက်အထိ

ယူထားတယ်ဆိုတာကိုသိခဲ့ရတယ်လို့ ပြောပါတယ်။ရမန်ပြည့်တဲ့အခါမှာလည်း ကြားနာ

တာကို ဗီဒီယို ကွန့်ဖရန့်နဲ့သာပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

သမ္မတနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အာဏာသိမ်းတဲ့

ဖေဖော်ဝါရီလ ၁ ရက် မနက်အစောပိုင်းမှာ ထိန်းသိမ်းခံခဲ့ရတာပါ။

အဲဒီနောက် သမ္မတ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေ ၊

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်ပြီး ချုပ်ရမန်ယူထားတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဒီချုပ်ပါတီ ဗဟိုပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးက ပြောပြချက်အရတော့

နိုင်ငံခေါင်းဆောင် ၂ ဦးလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

7Day