News

BREAKING NEWS: “ပုဂၢလိကဘဏ္ေတြအားလုံး ပိတ္ၿပီ…………

BREAKING NEWS:

“ပုဂၢလိကဘဏ္ေတြအားလုံး ပိတ္ၿပီ၊ စစ္တပ္က အင္အားျပေန” (Updated)

ျမန္မာနိုင္ငံတစ္ဝွမ္းလုံးမွာရွိတဲ့ ပုဂၢလိကဘဏ္ေတြအားလုံး ဒီကေန႔ကစလို့ ပိတ္လိုက္ၿပီျဖစ္တယ္လို့ ဘဏ္ေတြက

ထိပ္တန္းအႀကီးတန္းအရာရွိေတြက အတည္ျပဳပါတယ္။ စစ္အာဏာရွင္ဆန႔္က်င္ေရး အၾကမ္းမဖက္

လူထုအေရးေတာ္ပုံႀကီးရဲ့ CDM အေထြေထြသပိတ္ႀကီးမွာ ဘဏ္ဝန္ထမ္းေတြအားလုံး

တက္တက္ႂကြႂကြပါဝင္ေနတာျဖစ္တယ္လို့လည္း ဆိုပါတယ္။

ဒီကေန႔ ေဖေဖာ္ဝါရီ ၁၅ရက္ေန႔ကစလို့ ပုဂၢလိကဘဏ္ေတြအားလုံး ဖြင့္လွစ္မွာမဟုတ္ဘဲ အာဏာသိမ္းစစ္တပ္က

ဘယ္ဘဏ္ေတြဖြင့္ပါတယ္၊ ဘယ္အခ်ိန္ေတြမွာ ဖြင့္ပါတယ္ဆိုတဲ့ သတင္းလိမ္၊ သတင္းတုေတြ ထုတ္ျပန္လာမွာကိုလည္

း ႀကိဳတင္နားလည္ထားတာေၾကာင့္ ပုဂၢလိကဘဏ္ေတြအားလုံးက တညီတညြတ္တည္း

“႐ုံးမတက္ဘဲ ႐ုန္းထြက္”ၾကတဲ့ အေထြေထြသပိတ္ႀကီးနဲ႔အတူ ရွိေနတာျဖစ္တယ္လို့ ဆိုပါတယ္။

ျမန္မာနိုင္ငံ ဗဟိုဘဏ္ေရွ႕မွာ သံခ်ပ္ကားေတြ၊ စစ္ထရပ္ကားေတြအင္အားအမ်ားအျပား ခ်ထားေပမယ့္

စစ္အာဏာသိမ္းမွုဆန႔္က်င္ေရး ဒီမိုကေရစီေရး ၿငိမ္းခ်မ္းစြာ အၾကမ္းမဖက္ဆႏၵျပသူေတြက ဗဟိုဘဏ္ေရွ႕မွာ

ဆႏၵထုတ္ေဖာ္ေနၾကပါတယ္။ ဆူးေလဘက္ကို ဦးတည္ေမာင္းႏွင္သြားတယ္ဆိုတဲ့ သံခ်ပ္ကာနဲ႔ စစ္ထရပ္ကားေတြဟာ

အလုံ ဗဟိုအမ်ိဳးသမီးေဆး႐ုံနားမွာရွိေနၿပီး တ႐ုတ္သံ႐ုံးကို အကာအကြယ္ေပးဖို့ျဖစ္နိုင္တယ္လို့ ေဒသခံျပည္သူေတြက ဆိုပါတယ္။

Source by kamarut media

unicode

BREAKING NEWS:

“ပုဂ္ဂလိကဘဏ်တွေအားလုံး ပိတ်ပြီ၊ စစ်တပ်က အင်အားပြနေ” (Updated)

မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေအားလုံး ဒီကနေ့ကစလို့ ပိတ်လိုက်ပြီဖြစ်တယ်လို့ ဘဏ်တွေက

ထိပ်တန်းအကြီးတန်းအရာရှိတွေက အတည်ပြုပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်

လူထုအရေးတော်ပုံကြီးရဲ့ CDM အထွေထွေသပိတ်ကြီးမှာ ဘဏ်ဝန်ထမ်းတွေအားလုံး

တက်တက်ကြွကြွပါဝင်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီ ၁၅ရက်နေ့ကစလို့ ပုဂ္ဂလိကဘဏ်တွေအားလုံး ဖွင့်လှစ်မှာမဟုတ်ဘဲ အာဏာသိမ်းစစ်တပ်က

ဘယ်ဘဏ်တွေဖွင့်ပါတယ်၊ ဘယ်အချိန်တွေမှာ ဖွင့်ပါတယ်ဆိုတဲ့ သတင်းလိမ်၊ သတင်းတုတွေ ထုတ်ပြန်လာမှာကိုလည်

း ကြိုတင်နားလည်ထားတာကြောင့် ပုဂ္ဂလိကဘဏ်တွေအားလုံးက တညီတညွတ်တည်း

“ရုံးမတက်ဘဲ ရုန်းထွက်”ကြတဲ့ အထွေထွေသပိတ်ကြီးနဲ့အတူ ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်ရှေ့မှာ သံချပ်ကားတွေ၊ စစ်ထရပ်ကားတွေအင်အားအများအပြား ချထားပေမယ့်

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဒီမိုကရေစီရေး ငြိမ်းချမ်းစွာ အကြမ်းမဖက်ဆန္ဒပြသူတွေက ဗဟိုဘဏ်ရှေ့မှာ

ဆန္ဒထုတ်ဖော်နေကြပါတယ်။ ဆူးလေဘက်ကို ဦးတည်မောင်းနှင်သွားတယ်ဆိုတဲ့ သံချပ်ကာနဲ့ စစ်ထရပ်ကားတွေဟာ

အလုံ ဗဟိုအမျိုးသမီးဆေးရုံနားမှာရှိနေပြီး တရုတ်သံရုံးကို အကာအကွယ်ပေးဖို့ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။

Source by kamarut media