News

ဦးသန်းရွှေသားမက် ဒေါက်တာနေစိုးမောင်မှ တပ်မတော်သားများထံသို့ ရေးတဲ့စာ

ချစ်သားမောင်တို့ သိစေဘို့.. သားမောင်တို့အတွက် အနာဂတ်မျှော်လင့်ချက်..

ဆရာဟာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှာ တာဝန်မထမ်းဆောင်ခင် တပ်မတော်

ဆေးတက္ကသိုလ် DSMA, Defense Servises Medical Academy မှာ သင်ကြားရေးအတွက်

လက်ထောက်ကထိက ဘဝကနေ ဌာနမှူး အထိ တာဝန်ယူခဲ့တာ သိကြမှာပါ..

DSMA ကို DSA လိုအုပ်ချူပ်ဘို့ ပြင်ပကမ္ဘာနဲ့ ကင်းကွာ ဘို့ စီစဉ်ခဲ့ကြပေမဲ့ ဆရာက ဆေးတက္ကသိုလ်ဆိုတာ

ဆရာဝန်ကောင်းတွေ မွေးထုတ်ရမှာမို့ ပြည်သူတွေရဲ့ဘဝကို စာနာ နားလည်ရမှာဖြစ်ပြီး ပြည်သူ့ဘဝ

ကွင်းဆင်းလေ့လာဘို့ ဆက်တိုက်တောင်းဆိုခဲ့လို့ နောက်ဆုံး broad minded ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး

ကျော်ဝင်းကို တွေ့ဆုံရှင်းပြခဲ့ပြီးနောက် DSMA 7tb batch မှာ အခြေချ ကွင်းဆင်းလေ့လာခွင့်စတင်ရရှိခဲ့တယ်..

အဲဒီတုန်းက ဗိုလ်လောင်းတွေ တစ်ခုခုဖြစ်ရင် ခင်ဗျားရာထူး ထိခိုက်နိုင်တယ်လို ဖိအားပေးပေမဲ့

ကျွန်တော်တာဝန်ယူမယ်လို့ ခေါင်းခံလိုက်လို့ Residential Field Training က ခွင့်ပြုချက်ရခဲ့ပြီး

အခုထိ ဆေးဗိုလ်လောင်းတွေလည်း အခြေခံလူတန်းစား

ပြည်သူတွေရဲ့ဘဝကို လေ့လာခွင့်ရပြီး ပြည်သူတွေကို စာနာနားလည်ခဲ့ကြတယ်..

အဲဒီအချိန်က တက္ကသိုလ်တွေမှာ နိုင်ငံရေး မဆွေးနွေးရဘူးဆိုပေမဲ့ ကိုယ့်တိုင်းပြည် တိုးတက်ရေးမှာ

နိုင်ငံရေးကို လူငယ်တွေ သိထားသင့်တဲ့အတွက် ဆရာ အမြဲဆွေးနွေးခဲ့တယ်၊ နောက်ပိုင်း နိုင်ငံခြားသွားဘို့

အခွင့်အလမ်းတွေ ရှာဖွေပေးခဲ့ပြီး သူတို့နိုင်ငံတွေကိုကြည့်ပြီး ကိုယ့်နိုင်ငံတိုးတက်အောင်လုပ်ဘို့ တွန်းအားပေးခဲ့တယ်..

အဲဒီလိုပို့ပေးတဲ့အခါ တချို့ တပည့်လေးတွေက သူတို့ နိုင်ငံတွေရဲ့ တိုးတက်မှုကို ငေးမောကြည့်ရင်းမေးတယ်..

“ကျွန်တော်တို့ နိုင်ငံရော ဘယ်တော့ ဒီလိုဖြစ်လာမှာလဲ ဆရာကြီး” လို့မေးတော့ ဆရာပြန်ဖြေခဲ့တယ်..

“ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ ငါလည်းမသိဘူး၊ ဒါပေမဲ့ ဒီလိုဖြစ်လာဘို့ဆိုတာ မင်းတို့ ငါတို့

ကကြိုးစားဘို့ လိုတယ်.. အဲဒီလို လုပ်ဆောင်ဘို့ဆိုတာ ဝါးလုံးခေါင်းထဲ လသာနေလို့မရဘူး၊

ပ်လပ်ပြီး အဖိနှိပ်ခံကင်းတဲ့ ပြည်သူတွေဘက်ကရပ်တည်မဲ့ လူမှုဝန်းကျင်ရှိဘို့လိုတယ်”

အခုလည်း တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ တပည့် ဆရာဝန်လေးတွေက ကျန်းမာရေး

စောင့်ရှောက်မှုပေးဘို့ ဖိတ်ခေါ်တော့ သွားသင့် မသွားသင့် စဉ်းစားရတယ်.. ကိုယ်က

အခုဖြစ်စဉ်မှာ အမှန်တရားဘက်က ရပ်တည်နေ တာဖြစ်လို့ တပ်မတော်သား ဆရာဝန်တွေဖြစ်တဲ့

သူတို့နဲ့ တွေ့လို့ ကောင်းပါ့မလားလို့ တွေးမိပေမဲ့ နောက်ဆုံး သူတို့ ရဲ့ သဘောထားကို သိချင်တာနဲ့ သွားခဲ့ပါတယ်..

သူတို့နဲ့တွေ့တော့ ရင်းနှီးချစ်ခင်စွာ ဆက်ဆံပြီး သူတို့က ကန်တော့ပါရပါစေဆိုပြီး ဖိနပ်ချွတ်ပြီး

လက်စုံမိုးလို့ ထိုင်ကန်တော့ ကြတယ်.. သူတို့ရဲ့ ချွေးနည်းစာလေးတွေနဲ့ စုဆောင်းထားတဲ့

ငွေသားနဲ့လည်းကန်တော့ ကြတယ်.. သူတိုရဲ့ မျက်ဝန်းထဲမှာလည်း ချစ်ခင်လေးစား အားကိုးမှုတွေ ပေါ်လွင်နေတယ်..

ဆရာလည်း ကြက်သီး မွှေးညှင်းထလောက်အောင် ဝမ်းနည်းဝမ်းသာဖြစ်ပြီး သားတို့အတွက်ဆုမွန်ပေးခဲ့ပါတယ်..

“သားတို့ရဲ့ အနာဂတ်ဟာ အဖိနှိပ်ခံကင်းပြီး ထွန်းလင်း တောက်ပစေဘို့၊ အမှန်တရားကို မြတ်နိုးပြီး ပြည်သူတွေရဲ့

ဘဝကို ကိုယ်ချင်းစာနာ နားလည်ဘို့၊ နိမ့်ကျနေတဲ့ ကိုယ့်နိုင်ငံကို

ပြန်လည်မြှင့်တင်ရာမှာ ချစ်သားတို့ တစ်တပ် တစ်အား ပါဝင်နိုင်ကြပါစေ” လို့..

Dr Nay Soe Maung

zawgyi

ခ်စ္သားေမာင္တို႔ သိေစဘို႔.. သားေမာင္တို႔အတြက္ အနာဂတ္ေမွ်ာ္လင့္ခ်က္..

ဆရာဟာ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွာ တာဝန္မထမ္းေဆာင္ခင္ တပ္မေတာ္

ေဆးတကၠသိုလ္ DSMA, Defense Servises Medical Academy မွာ သင္ၾကားေရးအတြက္

လက္ေထာက္ကထိက ဘဝကေန ဌာနမႉး အထိ တာဝန္ယူခဲ့တာ သိၾကမွာပါ..

DSMA ကို DSA လိုအုပ္ခ်ဴပ္ဘို႔ ျပင္ပကမာၻနဲ႔ ကင္းကြာ ဘို႔ စီစဥ္ခဲ့ၾကေပမဲ့ ဆရာက ေဆးတကၠသိုလ္ဆိုတာ

ဆရာဝန္ေကာင္းေတြ ေမြးထုတ္ရမွာမို႔ ျပည္သူေတြရဲ႕ဘဝကို စာနာ နားလည္ရမွာျဖစ္ၿပီး ျပည္သူ႔ဘဝ

ကြင္းဆင္းေလ့လာဘို႔ ဆက္တိုက္ေတာင္းဆိုခဲ့လို႔ ေနာက္ဆုံး broad minded ျဖစ္တဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး

ေက်ာ္ဝင္းကို ေတြ႕ဆုံရွင္းျပခဲ့ၿပီးေနာက္ DSMA 7tb batch မွာ အေျခခ် ကြင္းဆင္းေလ့လာခြင့္စတင္ရရွိခဲ့တယ္..

အဲဒီတုန္းက ဗိုလ္ေလာင္းေတြ တစ္ခုခုျဖစ္ရင္ ခင္ဗ်ားရာထူး ထိခိုက္ႏိုင္တယ္လို ဖိအားေပးေပမဲ့

ကြၽန္ေတာ္တာဝန္ယူမယ္လို႔ ေခါင္းခံလိုက္လို႔ Residential Field Training က ခြင့္ျပဳခ်က္ရခဲ့ၿပီး

အခုထိ ေဆးဗိုလ္ေလာင္းေတြလည္း အေျခခံလူတန္းစား

ျပည္သူေတြရဲ႕ဘဝကို ေလ့လာခြင့္ရၿပီး ျပည္သူေတြကို စာနာနားလည္ခဲ့ၾကတယ္..

အဲဒီအခ်ိန္က တကၠသိုလ္ေတြမွာ ႏိုင္ငံေရး မေဆြးေႏြးရဘူးဆိုေပမဲ့ ကိုယ့္တိုင္းျပည္ တိုးတက္ေရးမွာ

ႏိုင္ငံေရးကို လူငယ္ေတြ သိထားသင့္တဲ့အတြက္ ဆရာ အၿမဲေဆြးေႏြးခဲ့တယ္၊ ေနာက္ပိုင္း ႏိုင္ငံျခားသြားဘို႔

အခြင့္အလမ္းေတြ ရွာေဖြေပးခဲ့ၿပီး သူတို႔ႏိုင္ငံေတြကိုၾကည့္ၿပီး ကိုယ့္ႏိုင္ငံတိုးတက္ေအာင္လုပ္ဘို႔ တြန္းအားေပးခဲ့တယ္..

အဲဒီလိုပို႔ေပးတဲ့အခါ တခ်ိဳ႕ တပည့္ေလးေတြက သူတို႔ ႏိုင္ငံေတြရဲ႕ တိုးတက္မႈကို ေငးေမာၾကည့္ရင္းေမးတယ္..

“ကြၽန္ေတာ္တို႔ ႏိုင္ငံေရာ ဘယ္ေတာ့ ဒီလိုျဖစ္လာမွာလဲ ဆရာႀကီး” လို႔ေမးေတာ့ ဆရာျပန္ေျဖခဲ့တယ္..

“ဘယ္အခ်ိန္မွာ ျဖစ္လာမလဲဆိုတာ ငါလည္းမသိဘူး၊ ဒါေပမဲ့ ဒီလိုျဖစ္လာဘို႔ဆိုတာ မင္းတို႔ ငါတို႔

ကႀကိဳးစားဘို႔ လိုတယ္.. အဲဒီလို လုပ္ေဆာင္ဘို႔ဆိုတာ ဝါးလုံးေခါင္းထဲ လသာေနလို႔မရဘူး၊

ပ္လပ္ၿပီး အဖိႏွိပ္ခံကင္းတဲ့ ျပည္သူေတြဘက္ကရပ္တည္မဲ့ လူမႈဝန္းက်င္ရွိဘို႔လိုတယ္”

အခုလည္း တပ္မေတာ္ေဆးဝန္ထမ္းတပ္ဖြဲ႕ တပည့္ ဆရာဝန္ေလးေတြက က်န္းမာေရး

ေစာင့္ေရွာက္မႈေပးဘို႔ ဖိတ္ေခၚေတာ့ သြားသင့္ မသြားသင့္ စဥ္းစားရတယ္.. ကိုယ္က

အခုျဖစ္စဥ္မွာ အမွန္တရားဘက္က ရပ္တည္ေန တာျဖစ္လို႔ တပ္မေတာ္သား ဆရာဝန္ေတြျဖစ္တဲ့

သူတို႔နဲ႔ ေတြ႕လို႔ ေကာင္းပါ့မလားလို႔ ေတြးမိေပမဲ့ ေနာက္ဆုံး သူတို႔ ရဲ႕ သေဘာထားကို သိခ်င္တာနဲ႔ သြားခဲ့ပါတယ္..

သူတို႔နဲ႔ေတြ႕ေတာ့ ရင္းႏွီးခ်စ္ခင္စြာ ဆက္ဆံၿပီး သူတို႔က ကန္ေတာ့ပါရပါေစဆိုၿပီး ဖိနပ္ခြၽတ္ၿပီး

လက္စုံမိုးလို႔ ထိုင္ကန္ေတာ့ ၾကတယ္.. သူတို႔ရဲ႕ ေခြၽးနည္းစာေလးေတြနဲ႔ စုေဆာင္းထားတဲ့

ေငြသားနဲ႔လည္းကန္ေတာ့ ၾကတယ္.. သူတိုရဲ႕ မ်က္ဝန္းထဲမွာလည္း ခ်စ္ခင္ေလးစား အားကိုးမႈေတြ ေပၚလြင္ေနတယ္..

ဆရာလည္း ၾကက္သီး ေမႊးညႇင္းထေလာက္ေအာင္ ဝမ္းနည္းဝမ္းသာျဖစ္ၿပီး သားတို႔အတြက္ဆုမြန္ေပးခဲ့ပါတယ္..

“သားတို႔ရဲ႕ အနာဂတ္ဟာ အဖိႏွိပ္ခံကင္းၿပီး ထြန္းလင္း ေတာက္ပေစဘို႔၊ အမွန္တရားကို ျမတ္ႏိုးၿပီး ျပည္သူေတြရဲ႕

ဘဝကို ကိုယ္ခ်င္းစာနာ နားလည္ဘို႔၊ နိမ့္က်ေနတဲ့ ကိုယ့္ႏိုင္ငံကို

ျပန္လည္ျမႇင့္တင္ရာမွာ ခ်စ္သားတို႔ တစ္တပ္ တစ္အား ပါဝင္ႏိုင္ၾကပါေစ” လို႔..

Dr Nay Soe Maung