News

လက်တလောဥပဒေတွေကိုရပ်ဆိုင်းလိုက်တာဘာကြောင့်လဲ(ပြည်သူတယောက်ချင်းစီသိထားသင့်ပါတယ်)

unicode

ဥပဒေပြုခွင့်အာဏာမရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေပြဌာန်းချက်တွေကို ပြည်သူတွေမလိုက်နာဖို့နဲ့

အခုလို ပြဌာန်းတာတွေကို အသိအမှတ်မပြုဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားကော်မတီ(CRPH)

က ဒီနေ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေမပါဘဲ အိမ်တစ်အိမ်ထဲကို ဝင်ရှာဖွေ၊ ဖမ်းဆီးလို့မရတဲ့ ဥပဒေကို

အာဏာသိမ်း စစ်ကောင်စီက အခြေခံဥပဒေပုဒ်မ (၄၂၀) နဲ့အညီ ရပ်ဆိုင်းလိုက်ပြီး နိုင်လွတ်လုံဥပဒေ

ပုဒ်မ (၅)၊ (၇) နဲ့ (၈) ကို ရပ်ဆိုင်းထားရမယ်လို့ အာဏာသိမ်း စစ်ကောင်စီက

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ညပိုင်းက ထုတ်ပြန်ကြေညာထားပါတယ်။

နိုင်လွတ်လုံဥပဒေနဲ့ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ ပုဒ်မတွေကို

ရပ်ဆိုင်းလိုက်တာ၊ ပြင်ဆင်လိုက်တာတွေက ပြည်သူတွေအပေါ် လူအခွင့်ရေးနဲ့ နိုင်ငံသားအခွင့်ရေးတွေကို

ချိူးဖောက်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ဖို့ ပြင်ဆင်လိုက်တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရပ်ဆိုင်းတော့မယ်ဆိုတဲ့ ပုဒ်မ-၅(က)မှာ ပြဌာန်းထားတာတွေကတော့ နိုင်ငံသားတစ်ယောက်ရဲ့

ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကိုဖြစ်ဖြစ် နစ်နာဆုံးရှုံးမှုကိုပဲဖြစ်ဖြစ် ကာကွယ်ပေးရမယ်လို့ ပါရှိပါတယ်။

ပုဒ်မ-၅(ခ) မှာတော့ အိမ်၊ ခြံ၊ အခန်းတွေထဲကို တည်ဆဲဥပဒေတွေအရ ဝင်ရောက်ရှာဖွေရင်

ရပ်ကျေးအုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ်မှူးဖြစ်ဖြစ် ဆယ်အိမ်မှူးဖြစ်ဖြစ်

တစ်ယောက်အပါအဝင် အနည်းဆုံး သက်သေနှစ်ယောက်နဲ့ ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတာပါ။

ဒါပေမဲ့ ပုဒ်မ(၅)ကို ရပ်ဆိုင်းမယ်လို့ ထုတ်ပြန်လိုက်တဲ့အတွက် အဲဒီအချက်တွေဟာ

အသက်မဝင်တော့တဲ့ သဘော သက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ(၇)မှာလည်း တည်ဆဲဥပဒေတွေအရ ခွင့်ပြုထားတဲ့ကိစ္စကလွဲလို့ တရားရုံးခွင့်ပြုချက်မရှိဘဲ

ဘယ်သူကိုမှ (၂၄) နာရီထက် ကျော်ပြီးမချုပ်နှောင်ရဘူးလို့ ပြဌာန်းထားတဲ့အတွက်

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ အဲဒီပုဒ်မဟာ အသက်မဝင်တော့ပါဘူး။

ပုဒ်မ(၈) မှာဆိုရင်လည်း နိုင်ငံသားတစ်ယောက်ကို ခွင့်ပြုချက်မရှိဘဲ အိမ်၊ ခြံ၊ အခန်းထဲ

ဝင်ရောက်ရှာဖွေ ဖမ်းစီးတာ၊ နောက်ယောင်ခံလိုက်တာ၊ ဆက်သွယ်ပြောဆိုတာကို ကြားဖြတ်

ဖမ်းယူနားထောင် အနှောက်အယှက်ပေးတာ၊ အော်ပရေတာတွေဆီကနေ ပုဂ္ဂိုလ်ဆိုင်ရာ

သတင်းအချက်အလက်တွေကို တောင်းယူ၊ ထုတ်ပေးတာ၊ စာအိတ်၊ ချောထုပ်၊ ပါဆယ်ထုပ်တွေကို

ဖွင့်ဖောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖျောက်ဖျက်တာ၊ နိုင်ငံသားတစ်ယောက်ပိုင်တဲ့ ပစ္စည်းကို

မတရားသိမ်းယူတာ ဒါမှမဟုတ် တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ်

တမင်ပျက်စီးစေတာနဲ့ ဖျက်ဆီးတာတွေ မလုပ်ရဘူးလို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့ မနေ့ညက ထုတ်ပြန်ချက်အရ ရပ်ဆိုင်းထားရမယ့် ပုဒ်မတွေထဲမှာ အဲဒီပုဒ်မ (၈)လည်း

ပါဝင်နေတဲ့အတွက် နိုင်ငံသားတစ်ယောက်ရဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးတော့မယ့်အနေအထား ဖြစ်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြီးအကဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်နဲ့

ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်လိုက်တာကြောင့်

ဧည့်စာရင်းပြန်တိုင်ရတော့မယ့် အခြေအနေဖြစ်ပါတယ်။

တပ်မတော်က ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ

ရွေးကောက်ခံ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးရာဝန်းကျင်က ဆွေးနွေးပြီးတော့

ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

credit O media new

zawgyi

unicode

ဥပေဒျပဳခြင့္အာဏာမရွိတဲ့ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ဥပေဒျပဌာန္းခ်က္ေတြကို ျပည္သူေတြမလိုက္နာဖို႔နဲ႔

အခုလို ျပဌာန္းတာေတြကို အသိအမွတ္မျပဳဘူးလို႔ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားေကာ္မတီ(CRPH)

က ဒီေန႔ ေဖေဖာ္ဝါရီလ (၁၄) ရက္ေန႔မွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ဝင္ေတြမပါဘဲ အိမ္တစ္အိမ္ထဲကို ဝင္ရွာေဖြ၊ ဖမ္းဆီးလို႔မရတဲ့ ဥပေဒကို

အာဏာသိမ္း စစ္ေကာင္စီက အေျခခံဥပေဒပုဒ္မ (၄၂၀) နဲ႔အညီ ရပ္ဆိုင္းလိုက္ၿပီး ႏိုင္လြတ္လုံဥပေဒ

ပုဒ္မ (၅)၊ (၇) နဲ႔ (၈) ကို ရပ္ဆိုင္းထားရမယ္လို႔ အာဏာသိမ္း စစ္ေကာင္စီက

ေဖေဖာ္ဝါရီလ (၁၃) ရက္ေန႔ညပိုင္းက ထုတ္ျပန္ေၾကညာထားပါတယ္။

ႏိုင္လြတ္လုံဥပေဒနဲ႔ ရပ္ကြက္ (သို႔မဟုတ္) ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒပါ ပုဒ္မေတြကို

ရပ္ဆိုင္းလိုက္တာ၊ ျပင္ဆင္လိုက္တာေတြက ျပည္သူေတြအေပၚ လူအခြင့္ေရးနဲ႔ ႏိုင္ငံသားအခြင့္ေရးေတြကို

ခ်ိဴးေဖာက္ၿပီးေတာ့ စစ္ရာဇဝတ္မႈေတြ က်ဳးလြန္ဖို႔ ျပင္ဆင္လိုက္တာျဖစ္တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ရပ္ဆိုင္းေတာ့မယ္ဆိုတဲ့ ပုဒ္မ-၅(က)မွာ ျပဌာန္းထားတာေတြကေတာ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕

ပုဂၢိဳလ္ေရးဆိုင္ရာလုံၿခဳံမႈကိုျဖစ္ျဖစ္ နစ္နာဆုံးရႈံးမႈကိုပဲျဖစ္ျဖစ္ ကာကြယ္ေပးရမယ္လို႔ ပါရွိပါတယ္။

ပုဒ္မ-၅(ခ) မွာေတာ့ အိမ္၊ ၿခံ၊ အခန္းေတြထဲကို တည္ဆဲဥပေဒေတြအရ ဝင္ေရာက္ရွာေဖြရင္

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးျဖစ္ျဖစ္၊ ေက်း႐ြာတာဝန္ခံ ဒါမွမဟုတ္ ရာအိမ္မႉးျဖစ္ျဖစ္ ဆယ္အိမ္မႉးျဖစ္ျဖစ္

တစ္ေယာက္အပါအဝင္ အနည္းဆုံး သက္ေသႏွစ္ေယာက္နဲ႔ ေဆာင္႐ြက္ရမယ္လို႔ ျပဌာန္းထားတာပါ။

ဒါေပမဲ့ ပုဒ္မ(၅)ကို ရပ္ဆိုင္းမယ္လို႔ ထုတ္ျပန္လိုက္တဲ့အတြက္ အဲဒီအခ်က္ေတြဟာ

အသက္မဝင္ေတာ့တဲ့ သေဘာ သက္ေရာက္သြားခဲ့ၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ ပုဒ္မ(၇)မွာလည္း တည္ဆဲဥပေဒေတြအရ ခြင့္ျပဳထားတဲ့ကိစၥကလြဲလို႔ တရား႐ုံးခြင့္ျပဳခ်က္မရွိဘဲ

ဘယ္သူကိုမွ (၂၄) နာရီထက္ ေက်ာ္ၿပီးမခ်ဳပ္ေႏွာင္ရဘူးလို႔ ျပဌာန္းထားတဲ့အတြက္

စစ္ေကာင္စီရဲ႕ထုတ္ျပန္ခ်က္အရ အဲဒီပုဒ္မဟာ အသက္မဝင္ေတာ့ပါဘူး။

ပုဒ္မ(၈) မွာဆိုရင္လည္း ႏိုင္ငံသားတစ္ေယာက္ကို ခြင့္ျပဳခ်က္မရွိဘဲ အိမ္၊ ၿခံ၊ အခန္းထဲ

ဝင္ေရာက္ရွာေဖြ ဖမ္းစီးတာ၊ ေနာက္ေယာင္ခံလိုက္တာ၊ ဆက္သြယ္ေျပာဆိုတာကို ၾကားျဖတ္

ဖမ္းယူနားေထာင္ အေႏွာက္အယွက္ေပးတာ၊ ေအာ္ပေရတာေတြဆီကေန ပုဂၢိဳလ္ဆိုင္ရာ

သတင္းအခ်က္အလက္ေတြကို ေတာင္းယူ၊ ထုတ္ေပးတာ၊ စာအိတ္၊ ေခ်ာထုပ္၊ ပါဆယ္ထုပ္ေတြကို

ဖြင့္ေဖာက္၊ ရွာေဖြ၊ သိမ္းဆည္း၊ ေဖ်ာက္ဖ်က္တာ၊ ႏိုင္ငံသားတစ္ေယာက္ပိုင္တဲ့ ပစၥည္းကို

မတရားသိမ္းယူတာ ဒါမွမဟုတ္ တိုက္႐ိုက္ျဖစ္ျဖစ္ သြယ္ဝိုက္ၿပီးေတာ့ျဖစ္ျဖစ္

တမင္ပ်က္စီးေစတာနဲ႔ ဖ်က္ဆီးတာေတြ မလုပ္ရဘူးလို႔ ျပဌာန္းထားပါတယ္။

ဒါေပမဲ့ မေန႔ညက ထုတ္ျပန္ခ်က္အရ ရပ္ဆိုင္းထားရမယ့္ ပုဒ္မေတြထဲမွာ အဲဒီပုဒ္မ (၈)လည္း

ပါဝင္ေနတဲ့အတြက္ ႏိုင္ငံသားတစ္ေယာက္ရဲ႕ လူ႔အခြင့္အေရးေတြ ဆုံးရႈံးေတာ့မယ့္အေနအထား ျဖစ္ေနၿပီ ျဖစ္ပါတယ္။

ဒါ့အျပင္ အာဏာသိမ္းစစ္ေကာင္စီရဲ႕ အႀကီးအကဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရဲ႕ အမိန႔္နဲ႔

ေက်း႐ြာအုပ္စု၊ အုပ္ခ်ဳပ္ေရး ဥပေဒကို ျပင္ဆင္လိုက္တာေၾကာင့္

ဧည့္စာရင္းျပန္တိုင္ရေတာ့မယ့္ အေျခအေနျဖစ္ပါတယ္။

တပ္မေတာ္က ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာ အာဏာသိမ္းခဲ့ၿပီးေနာက္ပိုင္း ေဖေဖာ္ဝါရီလ (၅) ရက္ေန႔မွာ

ေ႐ြးေကာက္ခံ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ သုံးရာဝန္းက်င္က ေဆြးေႏြးၿပီးေတာ့

ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) ကို ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။

credit O media new