News

ယနေ့ ထားဝယ်စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲ ရဲတွေ ပူးပေါင်းပါဝင်

ထားဝယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲ ရဲတွေ ပူးပေါင်းပါဝင်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲကို

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်ရာမှာ ရဲတပ်ဖွဲ့ဝင်တချို့ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။

ထားဝယ်က ဆန္ဒပြပွဲမှာ ရဲတချို့ ပူးပေါင်းပါဝင်လာ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို

ဒီနေ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြုလုပ်ရာ ရဲတပ်ဖွဲ့ဝင်တချို့ပူးပေါင်းပါဝင်လာပါတယ်။

ဒီရဲတပ်ဖွဲ့ဝင်တွေဟာ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ(ထားဝယ်) ဆိုတဲ့

ဗီနိုင်းတွေကိုင်ဆောင်ထားပြီး ဆန္ဒပြပွဲမှာ ပါဝင်လာတာကိုတွေ့ရပါတယ်။

ထားဝယ်မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၇ ရက်) မှာ

စတင်ခဲ့တာဖြစ်ပြီး နောက်တစ်ရက်ဖေဖော်ဝါရီ ၈ ရက်မှာတော့ ဝန်ထမ်းတွေက ဦးဆောင်ပြီး

Civil Disobedience Movement CDM လှုပ်ရှားမှု သပိတ်စစ်ကြောင်းစခဲ့ပါတယ်။

စစချင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ ပါဝင်ခဲ့ပြီး နောက်ပိုင်းမှာ ကျန်တဲ့ ဌာန

ဆိုင်ရာဝန်ထမ်းတွေလည်း ပင်မသပိတ်စစ်ကြောင်းမှာ ပါဝင်လာခဲ့တာကိုတွေ့ရပါတယ်။ ကျန်းမာရေးနဲ့

ပညာရေးဝန်ထမ်းတွေကတော့ သီးသန့်သပိတ်စစ်ကြောင်းလည်း

ထွက်လေ့ရှိတယ်လို့ ထားဝယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေပေါ်ပေါက်နေပြီး နေပြည်တော်၊ မကွေး၊

လွိုင်ကော်၊ မြိတ်နဲ့ ထားဝယ်မှာ ရဲတပ်ဖွဲ့ဝ်တချို့ရဲ့ ပူးပေါင်းပါဝင်မှုတွေ ရှိလာနေတာဖြစ်ပါတယ်။

အဲဒီလို ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးမခံရအောင် ပြည်သူတွေက

ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထားတယ်လို့လည်း သိရပါတယ်။

ဒါပေမဲ့ ကယားပြည်နယ်၊ လွိုင်ကော်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှုအတွင်း ပါဝင်လာတဲ့

ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သန္ဓေတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ ဒေသခံတွေ

အလုပ်အကိုင်ရအောင် အရန်အင်အားစုဖွဲ့ထားမှုသာဖြစ်တယ်လို့

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

BBC Burmese

zawgyi

ထားဝယ္မွာ စစ္အာဏာသိမ္းဆန႔္က်င္ေရးဆႏၵျပပြဲ ရဲေတြ ပူးေပါင္းပါဝင္

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္မွာ စစ္အာဏာသိမ္းဆန႔္က်င္ေရး ဆႏၵျပပြဲကို

ဒီေန႔ ေဖေဖာ္ဝါရီ ၁၄ ရက္မွာ ျပဳလုပ္ရာမွာ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ ပူးေပါင္းပါဝင္လာခဲ့ပါတယ္။

ထားဝယ္က ဆႏၵျပပြဲမွာ ရဲတခ်ိဳ႕ ပူးေပါင္းပါဝင္လာ

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ၿမိဳ႕မွာ စစ္အာဏာသိမ္းဆန႔္က်င္ဆႏၵျပပြဲကို

ဒီေန႔ ေဖေဖာ္ဝါရီ ၁၄ ရက္မွာ ျပဳလုပ္ရာ ရဲတပ္ဖြဲ႕ဝင္တခ်ိဳ႕ပူးေပါင္းပါဝင္လာပါတယ္။

ဒီရဲတပ္ဖြဲ႕ဝင္ေတြဟာ တနသၤာရီတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕တပ္ဖြဲ႕ဝင္မ်ား(ထားဝယ္) ဆိုတဲ့

ဗီႏိုင္းေတြကိုင္ေဆာင္ထားၿပီး ဆႏၵျပပြဲမွာ ပါဝင္လာတာကိုေတြ႕ရပါတယ္။

ထားဝယ္မွာ စစ္အာဏာသိမ္းဆန႔္က်င္ဆႏၵျပပြဲကို ၿပီးခဲ့တဲ့ တနဂၤေႏြေန႔ (ေဖေဖာ္ဝါရီ ၇ ရက္) မွာ

စတင္ခဲ့တာျဖစ္ၿပီး ေနာက္တစ္ရက္ေဖေဖာ္ဝါရီ ၈ ရက္မွာေတာ့ ဝန္ထမ္းေတြက ဦးေဆာင္ၿပီး

Civil Disobedience Movement CDM လႈပ္ရွားမႈ သပိတ္စစ္ေၾကာင္းစခဲ့ပါတယ္။

စစခ်င္းမွာ က်န္းမာေရးနဲ႔ ပညာေရးဝန္ထမ္းေတြ ပါဝင္ခဲ့ၿပီး ေနာက္ပိုင္းမွာ က်န္တဲ့ ဌာန

ဆိုင္ရာဝန္ထမ္းေတြလည္း ပင္မသပိတ္စစ္ေၾကာင္းမွာ ပါဝင္လာခဲ့တာကိုေတြ႕ရပါတယ္။ က်န္းမာေရးနဲ႔

ပညာေရးဝန္ထမ္းေတြကေတာ့ သီးသန႔္သပိတ္စစ္ေၾကာင္းလည္း

ထြက္ေလ့ရွိတယ္လို႔ ထားဝယ္ေဒသခံတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။

ျမန္မာႏိုင္ငံတစ္ဝန္း စစ္အာဏာသိမ္းဆန႔္က်င္ဆႏၵျပပြဲေတြေပၚေပါက္ေနၿပီး ေနျပည္ေတာ္၊ မေကြး၊

လြိဳင္ေကာ္၊ ၿမိတ္နဲ႔ ထားဝယ္မွာ ရဲတပ္ဖြဲ႕ဝ္တခ်ိဳ႕ရဲ႕ ပူးေပါင္းပါဝင္မႈေတြ ရွိလာေနတာျဖစ္ပါတယ္။

အဲဒီလို ဆႏၵျပပြဲမွာ ပူးေပါင္းပါဝင္တဲ့ ရဲတပ္ဖြဲ႕ဝင္ေတြဖမ္းဆီးမခံရေအာင္ ျပည္သူေတြက

ဝိုင္းဝန္းကာကြယ္ေစာင့္ေရွာက္ထားတယ္လို႔လည္း သိရပါတယ္။

ဒါေပမဲ့ ကယားျပည္နယ္၊ လြိဳင္ေကာ္မွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ဆႏၵျပမႈအတြင္း ပါဝင္လာတဲ့

ရဲတပ္ဖြဲ႕ဝင္ ၄၀ ေက်ာ္ဟာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ သေႏၶတပ္ဖြဲ႕ဝင္ေတြမဟုတ္ဘဲ ေဒသခံေတြ

အလုပ္အကိုင္ရေအာင္ အရန္အင္အားစုဖြဲ႕ထားမႈသာျဖစ္တယ္လို႔

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

BBC Burmese