Celebrities

ညတိုင်းကြုံတွေနေရတဲ့ဖြစ်ရပ်နဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေကို နိုင်ငံတကာကိုအသိပေးဖို့ လူငယ်တွေကို တောင်းဆိုလိုက်တဲ့ ဒေါင်း

ပြည်သူတွေညတိုင်းကြုံတွေနေရတဲ့ဖြစ်ရပ်နဲ့ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုတွေကို

နိုင်ငံတကာကိုအသိပေးဖို့ လူငယ်တွေကိုတောင်းဆိုလိုက်တဲ့ ဒေါင်း

သရုပ်ဆောင်မင်းသား ဒေါင်းကတော့ လက်ရှိအချိန်မှာ သူကိုယ်တိုင်က မြန်မာနိုင်ငံမှာရှိမနေပေမယ့်လည်း

မြန်မာရဲ့ပြည်တွင်းရေးတွေကို မျက်ခြေအပျက်မခံပဲစောင့်ကြည့်နေရင်းနဲ့

သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်လှုပ်ရှားနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းလွတ်လပ်ပြီး စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိဖို့ အကြမ်းမဖက်ပဲငြိမ်းချမ်းစွာ

ဆန္ဒထုတ်ဖော်ခြင်းတွေပြုလုပ်ကြဖို့ တိုက်တွန်းနေခဲ့တဲ့ မင်းသားဒေါင်းက ယခုမှာလည်း

မျိုးဆက်သစ်လူငယ်လေးတွေကို တောင်းဆိုမှုတစ်ခုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒေါင်းက“ကျွန်တော်တို့ပြည်သူတွေကို သတိတစ်ခုပေးပါရစေ ခင်ဗျာ။ကျွန်တော်တို့ အခု

အခြေအနေဟာ ကျွန်တော်တို့ အရင်ရက်တွေထက်ပို၍လေးလေးနက်နက်

ဆန္ဒပြကြရတော့မယ်။ကျွန်တော်တို့ရဲ့ဦးတည်ချက်ဟာ ဒီမိုကရေစီအရေးအတွက်

အာဏာရူးပြိုင်ဘက်(ယုတ်မာကောက်ကျစ်သူများ)ကို စနစ်တကျ တွန်းလှန်အဆုံးသတ်ကြရမှာပါ။

ကျွန်တော်တို့ရဲ့ကြွေးကြော်သံတွေဟာ ထိရောက်ကြရတော့မယ်

။အပျော်သဘောဆောင်တဲ့ လုပ်ရပ်တွေကို အချင်းချင်း တားကြရတော့မယ်။

ကျွန်တော်တို့ဖန်တီးမူတွေနဲ့ အကြမ်းမဖက်ဆန္ဒပြကြတာ ကောင်းပါတယ်။ဒါပေမယ့်

CDMဝန်ထမ်းတွေအတွက်၊ညတိုင်းပြုမူနေတဲ့ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်တွေအတွက်

ကျွန်တော်တို့နိုင်ငံတကာကို အသိပေးဖို့၊လေးနက်တဲ့၊အကြမ်းမဖက်တဲ့

ဆန္ဒပြမူတွေကို ဦးစားပေးဖန်တီးပေးကြဖို့ လူငယ်တွေကို တောင်းဆိုချင်ပါတယ် လုပ်နိုင်မယ်ဆိုတာလဲယုံကြည်ပါတယ်

လမ်းပေါ်မှာအပျော်၊အပျက်လုပ်နေတဲ့ အခြေအနေတွေဖြစ်လာရင်

အချင်းချင်းသတိပေးပြီး ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေအနေမှန်ကို

အသိပေးရပါမယ်(ဥပမာလမ်းပေါ်မှာ စပီကာတွေနဲ့ ဆန္ဒပြသီချင်းတွေမဟုတ်ပဲ အပျော်သီချင်းတွေဖွင့်ပြီး

ကနေတာမျိုးတွေစသဖြင့် ဦးတည်ချက်လွဲစေမယ့် လုပ်ရပ်တွေ၊ဒီမိုကရေစီရရှိရေး

ကြွေးကြော်သံတွေကို ဖုံးစေမယ့်လုပ်ရပ်တွေ)ကျွန်တော်တို့ရပ်တည်ချက်၊

ဦးတည်ချက်လုပ်ရပ်အားလုံးကို အရင်ကထပ်ပိုပြီး အလေးနက်ထားကြရဖို့လိုအပ်ပါပြီ။အောင်ကိုအောင်ရမည်၊

နိုင်ကိုနိုင်ရမည်၊ငြိမ်းချမ်းလွတ်လပ်တဲ့ အစစ်အမှန် ဒီမိုကရေစီ ရကိုရရမည်”ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်။ဒေါင်းကတော့

ပြည်သူထဲကပြည်သူတစ်ယောက်ပီပီ စစ်မှန်တဲ့ဒီမိုကရေစီကိုရရှိနိုင်ဖို့ ရှေ့ဆုံးကနေ အားတက်သရော

ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်း သရုပ်ဆောင်မင်းသားဒေါင်းရဲ့ လေးနက်တဲ့စိတ်ရင်းနဲ့

စေတနာစကားကို နားလည်ပေးကြလိမ့်မယ်လို့ထင်ပါတယ်နော်။

ပရိသတ်ကြီးတို့အားလုံးလည်း စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ကြပြီး သာယာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကိုလည်း

ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်နော်

zawgyi

ျပည္သူေတြညတိုင္းႀကဳံေတြေနရတဲ့ျဖစ္ရပ္နဲ႔ၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္မႈေတြကို

ႏိုင္ငံတကာကိုအသိေပးဖို႔ လူငယ္ေတြကိုေတာင္းဆိုလိုက္တဲ့ ေဒါင္း

သ႐ုပ္ေဆာင္မင္းသား ေဒါင္းကေတာ့ လက္ရွိအခ်ိန္မွာ သူကိုယ္တိုင္က ျမန္မာႏိုင္ငံမွာရွိမေနေပမယ့္လည္း

ျမန္မာရဲ႕ျပည္တြင္းေရးေတြကို မ်က္ေျခအပ်က္မခံပဲေစာင့္ၾကည့္ေနရင္းနဲ႔

သူတတ္ႏိုင္တဲ့ဘက္ကေန ပါဝင္လႈပ္ရွားေနသူတစ္ေယာက္ပဲျဖစ္ပါတယ္။

ၿငိမ္းခ်မ္းလြတ္လပ္ၿပီး စစ္မွန္တဲ့ဒီမိုကေရစီကိုရရွိဖို႔ အၾကမ္းမဖက္ပဲၿငိမ္းခ်မ္းစြာ

ဆႏၵထုတ္ေဖာ္ျခင္းေတြျပဳလုပ္ၾကဖို႔ တိုက္တြန္းေနခဲ့တဲ့ မင္းသားေဒါင္းက ယခုမွာလည္း

မ်ိဳးဆက္သစ္လူငယ္ေလးေတြကို ေတာင္းဆိုမႈတစ္ခုျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။

ေဒါင္းက“ကြၽန္ေတာ္တို႔ျပည္သူေတြကို သတိတစ္ခုေပးပါရေစ ခင္ဗ်ာ။ကြၽန္ေတာ္တို႔ အခု

အေျခအေနဟာ ကြၽန္ေတာ္တို႔ အရင္ရက္ေတြထက္ပို၍ေလးေလးနက္နက္

ဆႏၵျပၾကရေတာ့မယ္။ကြၽန္ေတာ္တို႔ရဲ႕ဦးတည္ခ်က္ဟာ ဒီမိုကေရစီအေရးအတြက္

အာဏာ႐ူးၿပိဳင္ဘက္(ယုတ္မာေကာက္က်စ္သူမ်ား)ကို စနစ္တက် တြန္းလွန္အဆုံးသတ္ၾကရမွာပါ။

ကြၽန္ေတာ္တို႔ရဲ႕ေႂကြးေၾကာ္သံေတြဟာ ထိေရာက္ၾကရေတာ့မယ္

။အေပ်ာ္သေဘာေဆာင္တဲ့ လုပ္ရပ္ေတြကို အခ်င္းခ်င္း တားၾကရေတာ့မယ္။

ကြၽန္ေတာ္တို႔ဖန္တီးမူေတြနဲ႔ အၾကမ္းမဖက္ဆႏၵျပၾကတာ ေကာင္းပါတယ္။ဒါေပမယ့္

CDMဝန္ထမ္းေတြအတြက္၊ညတိုင္းျပဳမူေနတဲ့ယုတ္မာေကာက္က်စ္တဲ့ လုပ္ရပ္ေတြအတြက္

ကြၽန္ေတာ္တို႔ႏိုင္ငံတကာကို အသိေပးဖို႔၊ေလးနက္တဲ့၊အၾကမ္းမဖက္တဲ့

ဆႏၵျပမူေတြကို ဦးစားေပးဖန္တီးေပးၾကဖို႔ လူငယ္ေတြကို ေတာင္းဆိုခ်င္ပါတယ္ လုပ္ႏိုင္မယ္ဆိုတာလဲယုံၾကည္ပါတယ္

လမ္းေပၚမွာအေပ်ာ္၊အပ်က္လုပ္ေနတဲ့ အေျခအေနေတြျဖစ္လာရင္

အခ်င္းခ်င္းသတိေပးၿပီး ကြၽန္ေတာ္တို႔ရဲ႕ ႏိုင္ငံေရးအေျခအေနမွန္ကို

အသိေပးရပါမယ္(ဥပမာလမ္းေပၚမွာ စပီကာေတြနဲ႔ ဆႏၵျပသီခ်င္းေတြမဟုတ္ပဲ အေပ်ာ္သီခ်င္းေတြဖြင့္ၿပီး

ကေနတာမ်ိဳးေတြစသျဖင့္ ဦးတည္ခ်က္လြဲေစမယ့္ လုပ္ရပ္ေတြ၊ဒီမိုကေရစီရရွိေရး

ေႂကြးေၾကာ္သံေတြကို ဖုံးေစမယ့္လုပ္ရပ္ေတြ)ကြၽန္ေတာ္တို႔ရပ္တည္ခ်က္၊

ဦးတည္ခ်က္လုပ္ရပ္အားလုံးကို အရင္ကထပ္ပိုၿပီး အေလးနက္ထားၾကရဖို႔လိုအပ္ပါၿပီ။ေအာင္ကိုေအာင္ရမည္၊

ႏိုင္ကိုႏိုင္ရမည္၊ၿငိမ္းခ်မ္းလြတ္လပ္တဲ့ အစစ္အမွန္ ဒီမိုကေရစီ ရကိုရရမည္”ဆိုၿပီးေရးသားလာခဲ့တာပဲျဖစ္ပါတယ္။ေဒါင္းကေတာ့

ျပည္သူထဲကျပည္သူတစ္ေယာက္ပီပီ စစ္မွန္တဲ့ဒီမိုကေရစီကိုရရွိႏိုင္ဖို႔ ေရွ႕ဆုံးကေန အားတက္သေရာ

ေဆာင္႐ြက္ေနတာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးလည္း သ႐ုပ္ေဆာင္မင္းသားေဒါင္းရဲ႕ ေလးနက္တဲ့စိတ္ရင္းနဲ႔

ေစတနာစကားကို နားလည္ေပးၾကလိမ့္မယ္လို႔ထင္ပါတယ္ေနာ္။

ပရိသတ္ႀကီးတို႔အားလုံးလည္း စိတ္ေအးခ်မ္းသာစြာ အိပ္စက္ႏိုင္ၾကၿပီး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ရက္ေလးေတြကိုလည္း

ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းေပးလိုက္ရပါတယ္ေနာ္