News

လူ့အခွင့်အရေးအတွက် ကာကွယ်ပေးထားတဲ့ပုဒ်မတွေကို ဒီနေ့ကစပြီး ရပ်ဆိုင်းခိုင်းထား

Unicode

လူ့အခွင့်အရေးအတွက် ကာကွယ်ပေးထားတဲ့ပုဒ်မတွေကို ဒီနေ့ကစပြီး ရပ်ဆိုင်းခိုင်းထား

ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေမပါဘဲ အိမ်တစ်အိမ်ထဲကို ဝင်ရှာဖွေ၊ ဖမ်းဆီးလို့မရတဲ့ ဥပဒေကို

အာဏာသိမ်းစစ်ကောင်စီက အခြေခံဥပဒေပုဒ်မ ၄၂၀

နဲ့အညီရပ်ဆိုင်းထားရမယ်လို့ ဒီနေ့ညပိုင်းမှာ ကြေညာလိုက်ပါတယ်။

ဒီနေ့ညပိုင်းမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်လွတ်လုံဥပဒေ(နိုင်ငံသားများ၏

ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ) ရဲ့

ပုဒ်မ (၅)၊ (၇) နဲ့ (၈) ကို ရပ်ဆိုင်းထားရမယ်လို့ ထုတ်ပြန်လိုက်တာပါ။

ရပ်ဆိုင်းရမယ့် ပုဒ်မ-၅(က)မှာ ပြဌာန်းထားတာတွေကတော့ နိုင်ငံသားတစ်ယောက်ရဲ့

ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု ကိုဖြစ်ဖြစ် နစ်နာဆုံးရှုံးမှုကိုဖြစ်ဖြစ်ကာကွယ်ပေးရမယ်လို့ပါရှိပါတယ်။

ပုဒ်မ-၅(ခ)မှာတော့ အိမ်၊ ခြံ၊ အခန်းတွေထဲကို တည်ဆဲဥပဒေတွေအရ ဝင်ရောက်ရှာဖွေရင်

ရပ်ကျေး အုပ်ချုပ်ရေးမှူးဖြစ်ဖြစ်၊ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ်မှူးဖြစ်ဖြစ် ဆယ်အိမ်မှူးဖြစ်ဖြစ်

တစ်ယောက်အပါအဝင် အနည်းဆုံး သက်သေနှစ်ယောက်နဲ့ ဆောင်ရွက်ရမယ်လို့ ပြဌာန်းထားတာပါ။

ဒါပေမဲ့ ပုဒ်မ(၅)ကို ရပ်ဆိုင်းရမယ်လို့ ထုတ်ပြန်လိုက်တဲ့အတွက် အဲဒီအချက်တွေဟာ

အသက်မဝင်တော့တဲ့ သဘောသက်ရောက်သွားတာပါ။

ဒါ့အပြင် ပုဒ်မ(၇)မှာလည်း ဘယ်သူမှ တည်ဆဲဥပဒေတွေအရ ခွင့်ပြုထားတဲ့ကိစ္စကလွဲလို့

တရားရုံးခွင့်ပြုချက် မရှိဘဲ ဘယ်သူကိုမှ (၂၄)နာရီထက် ကျော်ပြီးမချုပ်နှောင်ရဘူးလို့

ပြဌာန်းထားတဲ့အတွက် ဒီနေ့ ကောင်စီရဲ့ထုတ်ပြန်ချက်အရ အဲဒီပုဒ်မဟာ အသက်မဝင်တော့ပါဘူး။

ပုဒ်မ(၈)မှာဆိုရင်လည်း နိုင်ငံသားတစ်ယောက်ကို ခွင့်ပြုချက်မရှိဘဲ အိမ်၊ ခြံ၊ အခန်းထဲ

ဝင်ရောက်ရှာဖွေ ဖမ်းစီးတာ၊ နောက်ယောင်ခံလိုက်တာ၊ တစ်ယောက်နဲ့တစ်ယောက်

ဆက်သွယ်ပြောဆိုတာကို ကြားဖြတ် ဖမ်းယူနားထောင် အနှောက်အယှက်ပေးတာ၊ အော်ပရေတာတွေဆီကန

ေ ပုဂ္ဂိုလ်ဆိုင်ရာ သတင်းအချက်အလက် တွေကို တောင်းယူ၊ ထုတ်ပေးတာ၊ စာအိတ်၊ ချောထုပ်၊

ပါဆယ်ထုပ်တွေကို ဖွင့်ဖောက်၊ ရှာဖွေ၊ သိမ်းဆည်း၊ ဖျောက်ဖျက်တာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ၊

မိသားစုကိစ္စတွေမှာ အဓမ္မဝင်စွက်ဖက်တာ၊ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ထင်ပေါ်ကျော်ကြားမှုကို

ထိခိုက်ပုတ်ခတ်တာ၊ နိုင်ငံသားတစ်ယောက်ပိုင်တဲ့ ပစ္စည်းကို မတရားသိမ်းယူတာ ဒါမှမဟုတ်

တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ဖြစ်ဖြစ် တမင်ပျက်စီးစေတာနဲ့ ဖျက်ဆီးတာတွေမလုပ်ရဘူးလို့ ပြဌာန်းထားပါတယ်။

ဒါပေမဲ့ ဒီနေ့ညထုတ်ပြန်ချက်အရ ရပ်ဆိုင်းထားရမယ့် ပုဒ်မတွေထဲမှာ အဲဒီပုဒ်မ(၈)လည်းပါတဲ့အတွက်

နိုင်ငံသားတစ်ယောက်ရဲ့ လူ့အခွင့်အရေးဟာ ဆုံးရှုံးတော့မယ့်အနေအထား ဖြစ်နေတာပါ

ဒါ့အပြင် ဒီနေ့မှာပဲ ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးဥပဒေကို ..

တပ်ချုပ်အမိန့်နဲ့ပြင်ဆင်လိုက်တာကြောင့် ဧည့်စာရင်းပြန်တိုင်ရတော့မှာ ဖြစ်ပါတယ်။

credit Omedia new

zawgyi

Unicode

လူ႔အခြင့္အေရးအတြက္ ကာကြယ္ေပးထားတဲ့ပုဒ္မေတြကို ဒီေန႔ကစၿပီး ရပ္ဆိုင္းခိုင္းထား

ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ဝင္ေတြမပါဘဲ အိမ္တစ္အိမ္ထဲကို ဝင္ရွာေဖြ၊ ဖမ္းဆီးလို႔မရတဲ့ ဥပေဒကို

အာဏာသိမ္းစစ္ေကာင္စီက အေျခခံဥပေဒပုဒ္မ ၄၂၀

နဲ႔အညီရပ္ဆိုင္းထားရမယ္လို႔ ဒီေန႔ညပိုင္းမွာ ေၾကညာလိုက္ပါတယ္။

ဒီေန႔ညပိုင္းမွာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ႏိုင္လြတ္လုံဥပေဒ(ႏိုင္ငံသားမ်ား၏

ပုဂၢိဳလ္ဆိုင္ရာလြတ္လပ္မႈႏွင့္ ပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကိုကာကြယ္ေပးေရးဥပေဒ) ရဲ႕

ပုဒ္မ (၅)၊ (၇) နဲ႔ (၈) ကို ရပ္ဆိုင္းထားရမယ္လို႔ ထုတ္ျပန္လိုက္တာပါ။

ရပ္ဆိုင္းရမယ့္ ပုဒ္မ-၅(က)မွာ ျပဌာန္းထားတာေတြကေတာ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕

ပုဂၢိဳလ္ေရးဆိုင္ရာလုံၿခဳံမႈ ကိုျဖစ္ျဖစ္ နစ္နာဆုံးရႈံးမႈကိုျဖစ္ျဖစ္ကာကြယ္ေပးရမယ္လို႔ပါရွိပါတယ္။

ပုဒ္မ-၅(ခ)မွာေတာ့ အိမ္၊ ၿခံ၊ အခန္းေတြထဲကို တည္ဆဲဥပေဒေတြအရ ဝင္ေရာက္ရွာေဖြရင္

ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉးျဖစ္ျဖစ္၊ ေက်း႐ြာတာဝန္ခံ ဒါမွမဟုတ္ ရာအိမ္မႉးျဖစ္ျဖစ္ ဆယ္အိမ္မႉးျဖစ္ျဖစ္

တစ္ေယာက္အပါအဝင္ အနည္းဆုံး သက္ေသႏွစ္ေယာက္နဲ႔ ေဆာင္႐ြက္ရမယ္လို႔ ျပဌာန္းထားတာပါ။

ဒါေပမဲ့ ပုဒ္မ(၅)ကို ရပ္ဆိုင္းရမယ္လို႔ ထုတ္ျပန္လိုက္တဲ့အတြက္ အဲဒီအခ်က္ေတြဟာ

အသက္မဝင္ေတာ့တဲ့ သေဘာသက္ေရာက္သြားတာပါ။

ဒါ့အျပင္ ပုဒ္မ(၇)မွာလည္း ဘယ္သူမွ တည္ဆဲဥပေဒေတြအရ ခြင့္ျပဳထားတဲ့ကိစၥကလြဲလို႔

တရား႐ုံးခြင့္ျပဳခ်က္ မရွိဘဲ ဘယ္သူကိုမွ (၂၄)နာရီထက္ ေက်ာ္ၿပီးမခ်ဳပ္ေႏွာင္ရဘူးလို႔

ျပဌာန္းထားတဲ့အတြက္ ဒီေန႔ ေကာင္စီရဲ႕ထုတ္ျပန္ခ်က္အရ အဲဒီပုဒ္မဟာ အသက္မဝင္ေတာ့ပါဘူး။

ပုဒ္မ(၈)မွာဆိုရင္လည္း ႏိုင္ငံသားတစ္ေယာက္ကို ခြင့္ျပဳခ်က္မရွိဘဲ အိမ္၊ ၿခံ၊ အခန္းထဲ

ဝင္ေရာက္ရွာေဖြ ဖမ္းစီးတာ၊ ေနာက္ေယာင္ခံလိုက္တာ၊ တစ္ေယာက္နဲ႔တစ္ေယာက္

ဆက္သြယ္ေျပာဆိုတာကို ၾကားျဖတ္ ဖမ္းယူနားေထာင္ အေႏွာက္အယွက္ေပးတာ၊ ေအာ္ပေရတာေတြဆီကန

ေ ပုဂၢိဳလ္ဆိုင္ရာ သတင္းအခ်က္အလက္ ေတြကို ေတာင္းယူ၊ ထုတ္ေပးတာ၊ စာအိတ္၊ ေခ်ာထုပ္၊

ပါဆယ္ထုပ္ေတြကို ဖြင့္ေဖာက္၊ ရွာေဖြ၊ သိမ္းဆည္း၊ ေဖ်ာက္ဖ်က္တာ၊ ပုဂၢိဳလ္ေရးဆိုင္ရာေတြ၊

မိသားစုကိစၥေတြမွာ အဓမၼဝင္စြက္ဖက္တာ၊ လူတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာနဲ႔ ထင္ေပၚေက်ာ္ၾကားမႈကို

ထိခိုက္ပုတ္ခတ္တာ၊ ႏိုင္ငံသားတစ္ေယာက္ပိုင္တဲ့ ပစၥည္းကို မတရားသိမ္းယူတာ ဒါမွမဟုတ္

တိုက္႐ိုက္ျဖစ္ျဖစ္ သြယ္ဝိုက္ၿပီးေတာ့ျဖစ္ျဖစ္ တမင္ပ်က္စီးေစတာနဲ႔ ဖ်က္ဆီးတာေတြမလုပ္ရဘူးလို႔ ျပဌာန္းထားပါတယ္။

ဒါေပမဲ့ ဒီေန႔ညထုတ္ျပန္ခ်က္အရ ရပ္ဆိုင္းထားရမယ့္ ပုဒ္မေတြထဲမွာ အဲဒီပုဒ္မ(၈)လည္းပါတဲ့အတြက္

ႏိုင္ငံသားတစ္ေယာက္ရဲ႕ လူ႔အခြင့္အေရးဟာ ဆုံးရႈံးေတာ့မယ့္အေနအထား ျဖစ္ေနတာပါ

ဒါ့အျပင္ ဒီေန႔မွာပဲ ေက်း႐ြာအုပ္စု၊အုပ္ခ်ဳပ္ေရးဥပေဒကို ..

တပ္ခ်ဳပ္အမိန႔္နဲ႔ျပင္ဆင္လိုက္တာေၾကာင့္ ဧည့္စာရင္းျပန္တိုင္ရေတာ့မွာ ျဖစ္ပါတယ္။

credit Omedia new