International News

“အာဏာသိမ်းမြန်မာစစ်တပ်က အမေရိကန် အမျိုးသားလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေ”

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာနိုင်ငံအစိုးရက အပ်နှံထားတဲ့ ဒေါ်လာ တစ်ဘီလီယံကို

အာဏာသိမ်းစစ်ခေါင်းဆောင်တွေလက်ထဲမရောက်အောင် ထိန်းချုပ်လိုက်ပြီးတစ်ရက်အကြာမှာတော့

ကွန်ဂရက်လွှတ်တော်ဆီ အသိပေးအကြောင်းကြားတဲ့စာတစ်စောင် ရေးသားခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုဆီကို ပေးပို့တဲ့ သမ္မတရဲ့စာထဲမှာ “စစ်တပ်ရဲ့

အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့

နိုင်ငံခြားရေးမူဝါဒနဲ့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်နေတာကြောင့်”

သမ္မတအမိန့်တစ်ရပ်ထုတ်ပြန် လက်မှတ်ရေးထိုးခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ် ထိပါးခြိမ်းခြောက်နေတယ်လို့

သမ္မတကသတ်မှတ်ပြီး အရေးပေါ်အခြေအနေကြေညာ ပြဌာန်းခဲ့မှုဟာ ကွန်ဂရက်မှာ

ဥပဒေပြဌာန်းဖို့မလိုဘဲ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာထဲက လုပ်ခွင့်ရသွားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ဟာ နေပြည်တော်က နေအိမ်အသီးသီးမှာ

ကျန်းမာစွာရှိနေကြတယ်လို့ ပါတီပြန်ကြားရေးဌာနက ဦးကြည်တိုးက ဒီကနေ့ပဲ ဆိုထားပါတယ်။

zawgyi

အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က ျမန္မာႏိုင္ငံအစိုးရက အပ္ႏွံထားတဲ့ ေဒၚလာ တစ္ဘီလီယံကို

အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြလက္ထဲမေရာက္ေအာင္ ထိန္းခ်ဳပ္လိုက္ၿပီးတစ္ရက္အၾကာမွာေတာ့

ကြန္ဂရက္လႊတ္ေတာ္ဆီ အသိေပးအေၾကာင္းၾကားတဲ့စာတစ္ေစာင္ ေရးသားခဲ့ပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠဌ နန္စီပယ္လိုဆီကို ေပးပို႔တဲ့ သမၼတရဲ႕စာထဲမွာ “စစ္တပ္ရဲ႕

အာဏာသိမ္းမႈေၾကာင့္ျဖစ္လာတဲ့ ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြဟာ အေမရိကန္ျပည္ေထာင္စုရဲ႕

ႏိုင္ငံျခားေရးမူဝါဒနဲ႔ အမ်ိဳးသားလုံၿခဳံေရးကို အႀကီးအက်ယ္ၿခိမ္းေျခာက္ေနတာေၾကာင့္”

သမၼတအမိန႔္တစ္ရပ္ထုတ္ျပန္ လက္မွတ္ေရးထိုးခဲ့တယ္လို႔ ဆိုထားပါတယ္။

ျမန္မာႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ အမ်ိဳးသားလုံၿခဳံေရးကို အႀကီးအက်ယ္ ထိပါးၿခိမ္းေျခာက္ေနတယ္လို႔

သမၼတကသတ္မွတ္ၿပီး အေရးေပၚအေျခအေနေၾကညာ ျပဌာန္းခဲ့မႈဟာ ကြန္ဂရက္မွာ

ဥပေဒျပဌာန္းဖို႔မလိုဘဲ သမၼတရဲ႕လုပ္ပိုင္ခြင့္အာဏာထဲက လုပ္ခြင့္ရသြားတာျဖစ္ပါတယ္။

အာဏာသိမ္းစစ္တပ္ရဲ႕ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔

ႏိုင္ငံေတာ္သမၼတႀကီး ဦးဝင္းျမင့္တို႔ဟာ ေနျပည္ေတာ္က ေနအိမ္အသီးသီးမွာ

က်န္းမာစြာရွိေနၾကတယ္လို႔ ပါတီျပန္ၾကားေရးဌာနက ဦးၾကည္တိုးက ဒီကေန႔ပဲ ဆိုထားပါတယ္။