News
ပြည်သူဆီကလုယက်ဖို့များဆန္ဒပြခဲ့ကြလေသလား(မိတ္ထိလာမှာတပ်ထောက်ခံသူတွေကဆိုင်တစ်ဆိုင်ကိုဖျက်ဆီးပြီးဆွဲကြိုးတကုံးနှင့်ပိုက်ဆံများလုယူသွား)
Unicode
မိတ္ထီလာမှာ တပ်မတော်ထောက်ခံသူတွေက ဆိုင်တစ်ဆိုင်ကိုဖျက်ဆီးပြီး ပိုက်ဆံနဲ့ဆွဲကြိုးတစ်ကုံးလုယူ
မန္တလေးတိုင်းဒေသကြီး၊ မိထ္ထိလာမြို့နယ်ထဲဒီနဖေဖော်ဝါရီလ(၁၂)ရက်ကပြုလုပ်တဲ့ တပ်မတော်ထောက်ခံပွဲမှာ
ပါဝင်တဲ့ လူ(၁၀)ယောက်ဟာ ကားဂိတ်နားက ဆိုင်ကိုဝင်ရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ပိုက်ဆံတွေနဲ့ ဆွဲကြိုးတစ်ကုံးလုယူသွားတယ်လို့လည်း ဒေသခံတွေက ပြောကြပေမဲ့
အဲဒီကိစ္စနဲံ့ပတ်သက်လို့ ရဲတပ်ဖွဲ့ကို အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
တပ်မတော်ထောက်ခံသူတွေဆိုတဲ့စီတန်းလှည့်လည်သူတွေဟညနေ(၅)နာရီလောက်မှာ အဲဒီဆိုင်ထဲကို
လေးဂွနဲ့ ပစ်တာ၊ခဲနဲ့ထုတာအပြအတွင်းပစ္စည်းတွေကို ဝင်ရောက်ဖျက်ဆီးသွားတာလို့ သိရပါတယ်။
“ဆိုင်ထဲကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတစ်ယောက် ဝင်သွားတယ်ပြောတယ်။
ပြောတာကို ဆိုင်ရှင် တွေက မဟုတ်ဘူးနော်လို့ ပြောတယ်တဲ့။ တားတာကိုမရဘဲ လောက်လေးဂွနဲ့
ပစ်တယ်ပြောတယ်။ ဆိုင်ထိုင် စားတဲ့ ကလေးနှစ်ယောက်တောင် ထွက်ပြေးသွားတယ်။”
လို့ ဒေသခံ ပရဟိတသမားတစ်ယောက်က O Media ကို ပြောပါတယ်။
အဲဒီလို လေးဂွနဲ့ပစ်ခတ်တာကြောင့် ဆိုင်ရှင်အပါအဝင် ဝင်တားပေးတဲ့ ငွေလမင်းတည်းခိုခန်းက
မန်နေဂျာတို့ဟာ ခဲထိမှန်တဲ့ဒဏ်ရာတွေရရှိသွားခဲ့တာကြောင့် သက်ဆိုင်ရာ
ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားပေးခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီကိစ္စကို ရဲတပ်ဖွဲ့က ဘယ်လိုကိုင်တွယ်မလဲဆိုတော့ကိုတော့ O Media က ကြိုးစားစုံစမ်းနေပါတယ်။
မှတ်ချက် ခဲတွေ လေးခွတွေနဲ့ ပစ်နေတဲ့ Video ဖိုင်ကိုတော့ Comment မှာ ကြည့်နိုင်ပါတယ်။
credit Omedia
zawgyi
Unicode
credit Omedia