International News

Facebook က ျမန္မာ့တပ္မေတာ္ႏွင့္ သက္ဆိုင္ေသာ အေၾကာင္းအရာမ်ားပ်ံ႕ႏွံ႔ ျဖန႔္ေဝမႈႏႈန္းကို ၎၏ ပလက္ေဖာင္းထက္၌ ေလွ်ာ့ခ်သြားမည္ဟု ထုတ္ျပန္

ျမန္မာႏိုင္ငံတြင္ တပ္မေတာ္က အာဏာသိမ္းယူခဲ့ၿပီး အရပ္သားေခါင္းေဆာင္မ်ားကို ဖမ္းဆီးထိန္းသိမ္းခဲ့သည့္

ေဖေဖာ္ဝါရီ ၁ ရက္ေနာက္ပိုင္း ျမန္မာ့တပ္မေတာ္သည္ Facebook

လူမႈမီဒီယာထက္တြင္ သတင္းမွားမ်ား ဆက္လက္ျဖန႔္ေဝေနျခင္းေၾကာင့္

မိမိတို႔၏ပလက္ေဖာင္းထက္၌ ျမန္မာ့ တပ္မေတာ္က ေရးတင္ေသာ အေၾကာင္းအရာမ်ား အားလုံးကို ပ်ံ႕ႏွံ႔၊

ျဖန႔္ေဝမႈႏႈန္း ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း Facebook က ေဖေဖာ္ဝါရီ ၁၂ ရက္တြင္ ထုတ္ျပန္ခဲ့သည္

။ျမန္မာ့တပ္မေတာ္မွ ထုတ္ျပန္ေသာ သတင္းအေၾကာင္းအရာမ်ားကို ပိတ္ပင္ တားျမစ္ျခင္းမ်ိဳး မဟုတ္ဘဲ

ထိုအေၾကာင္းအရာမ်ားကို ျမင္ေတြ႕ေစရန္ Facebook က ျဖန႔္ေဝေပးသည့္ လူအေရအတြက္ကို

ေလွ်ာ့ ခ်ရန္ရည္႐ြယ္ထားျခင္းျဖစ္ေသာ ထိုစီမံခ်က္ မ်ားအား တပ္မေတာ္က အသုံးျပဳေနသည့္

တရားဝင္ Facebook Page ႏွင့္ တပ္မေတာ္မွ ေျပာခြင့္ရပုဂၢိဳလ္တစ္ဦးက အသုံးျပဳ ေနသည့္

Facebook Page တစ္ခုတြင္ အသုံးခ်သြားလိမ့္မည္ျဖစ္ေၾကာင္း Facebook က ဆိုသည္။

ထို႔ျပင္ တပ္မေတာ္က ထိန္းခ်ဳပ္ထားသည့္ ထပ္တိုး Page မ်ားသည္ သတင္း မွားေပးမႈကို

တားျမစ္ထားေသာ မိမိတို႔၏မူ ၀ါဒမ်ားအား ထပ္တလဲလဲ ခ်ိဳးေဖာက္ေနျခင္းေၾကာင့္ ထို Page မ်ားကိုလည္း

ကန႔္သတ္ မႈစီမံခ်က္မ်ား ခ်မွတ္လုပ္ေဆာင္သြားမည္ ဟု Facebook က ထုတ္ျပန္ခဲ့သည္။

Facebook အသုံးျပဳသူမ်ား၏ Newsfeeds ထက္တြင္ တပ္မေတာ္ႏွင့္ဆက္ႏႊယ္ေသာ ထို

Facebook Page မ်ား ေပၚလာေတာ့မည္မဟုတ္ေၾကာင္း Facebook က ဆိုသည္။ကမာၻတစ္ဝန္းရွိ

အာဏာပိုင္မ်ား အသုံးျပဳေသာ သမား႐ိုးက်ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားမွတစ္ဆင့္ ျမန္မာအစိုးရဌာနမ်ားက

Facebook လူမႈမီဒီယာထက္တြင္ ပ်ံ႕ႏွံ႔ေနေသာ အေၾကာင္းအရာမ်ားကို ဖယ္ ရွားေပးရန္ Facebook ထံ

ေတာင္းဆိုႏိုင္ သည့္ အခြင့္အေရးကိုလည္းဆိုင္းငံ့ထားေၾကာင္း Facebook ကုမၸဏီက ထုတ္ျပန္ခဲ့သည္။

unicode

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းယူခဲ့ပြီး အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့သည့်

ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့တပ်မတော်သည် Facebook

လူမှုမီဒီယာထက်တွင် သတင်းမှားများ ဆက်လက်ဖြန့်ဝေနေခြင်းကြောင့်

မိမိတို့၏ပလက်ဖောင်းထက်၌ မြန်မာ့ တပ်မတော်က ရေးတင်သော အကြောင်းအရာများ အားလုံးကို ပျံ့နှံ့၊

ဖြန့်ဝေမှုနှုန်း လျှော့ချသွားမည်ဖြစ်ကြောင်း Facebook က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်

။မြန်မာ့တပ်မတော်မှ ထုတ်ပြန်သော သတင်းအကြောင်းအရာများကို ပိတ်ပင် တားမြစ်ခြင်းမျိုး မဟုတ်ဘဲ

ထိုအကြောင်းအရာများကို မြင်တွေ့စေရန် Facebook က ဖြန့်ဝေပေးသည့် လူအရေအတွက်ကို

လျှော့ ချရန်ရည်ရွယ်ထားခြင်းဖြစ်သော ထိုစီမံချက် များအား တပ်မတော်က အသုံးပြုနေသည့်

တရားဝင် Facebook Page နှင့် တပ်မတော်မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အသုံးပြု နေသည့်

Facebook Page တစ်ခုတွင် အသုံးချသွားလိမ့်မည်ဖြစ်ကြောင်း Facebook က ဆိုသည်။

ထို့ပြင် တပ်မတော်က ထိန်းချုပ်ထားသည့် ထပ်တိုး Page များသည် သတင်း မှားပေးမှုကို

တားမြစ်ထားသော မိမိတို့၏မူ ဝါဒများအား ထပ်တလဲလဲ ချိုးဖောက်နေခြင်းကြောင့် ထို Page များကိုလည်း

ကန့်သတ် မှုစီမံချက်များ ချမှတ်လုပ်ဆောင်သွားမည် ဟု Facebook က ထုတ်ပြန်ခဲ့သည်။

Facebook အသုံးပြုသူများ၏ Newsfeeds ထက်တွင် တပ်မတော်နှင့်ဆက်နွှယ်သော ထို

Facebook Page များ ပေါ်လာတော့မည်မဟုတ်ကြောင်း Facebook က ဆိုသည်။ကမ္ဘာတစ်ဝန်းရှိ

အာဏာပိုင်များ အသုံးပြုသော သမားရိုးကျဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် မြန်မာအစိုးရဌာနများက

Facebook လူမှုမီဒီယာထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများကို ဖယ် ရှားပေးရန် Facebook ထံ

တောင်းဆိုနိုင် သည့် အခွင့်အရေးကိုလည်းဆိုင်းငံ့ထားကြောင်း Facebook ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။